Saturday, March 30, 2013

ပဋိပက္ခ ဖြေရှင်းနည်း ၅ ခု




ပဋိပက္ခ ဖြေရှင်းနည်း ၅ ခု
ဒီနေ့ခေတ်မှာ စီမံခန့်ခွဲမှု ဘာသာရပ်ဟာ အရမ်းကို ခေတ်စားလာပါတယ်၊ အဲဒီထဲမှာ တစ်ခုအပါအ၀င် ဖြစ်တဲ့ Conflict Management ပဋိပက္ခ ဖြေရှင်းနည်းအကြောင်းလေးကို share လုပ်ပါရစေ၊ ဒီနေ့ခေတ် နိုင်ငံရေးအခြေအနေအရတော့ ဒါဟာ မသိမဖြစ်လို့တောင် ပြောရမှာပါပဲ။
ဒီပုံစံကို Thomas - Kilmann Style လို့ ခေါ်ပါတယ်။
Assertiveness ဆိုတဲ့ ကိုယ်ဖြစ်ချင်တာကို ရှေ့တန်းတင်ခြင်းနှင့် Cooperation လို့ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ၂ခုကို ယှဉ်ပြထားပါတယ်။
ပဋိုပက္ခ တစ်ခုဖြစ်လာရင် ဖြေရှင်းနည်း ၅ ခု ရှိပါတယ်..
() Competing - အင်အားသုံး၊ ဖိအားပေးဖြေရှင်းခြင်းပါ။ Forcing လို့လဲ သုံးပါတယ်။ သူနိုင်ရင်ကိုယ်ရှုံး၊ သူရှုံးရင်ကိုယ်နိုင် (win-lose situation) ပုံစံမျိုးပါ၊ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာပေမဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လုံးဝကို မရှိနိုင်ပါဘူး။ (၁၉၈၈ အာဏာသိမ်းခြင်း)
() Avoiding - ရှောင်ရှားခြင်းပါ၊ နှစ်ဖက်လုံး ဒါမှမဟုတ် တစ်ဖက်ဖက်က ဒီပြဿနာကို ပါဝင်ဆွေးနွေးခြင်း မပြုတော့ဘဲ လျစ်လျူရှုလိုက်ခြင်းပါ။ ဘာဆိုဘာမှ ရလဒ်ထွက်မလာနိုင်တော့တဲ့ အခြေအနေပါ။ (၂၀၁၀ ရွေးကောက်ပွဲမ၀င်ရန် NLD ဆုံးဖြတ်ခြင်း)
() Accommodating - သူ့အကြိုက်ကို ပေးပြီး ပြေလည်အောင် လုပ်တာမျိုးပါ၊ ဒါဆိုရင် ကိုယ့်ရပ်တည်ချက်ကတော့ ပျောက်သွားနိုင်ပါတယ်။ (NLD ပါတီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်နိုင်ရန် သမ္မတကြီးမှ ဖြေလျော့ပေးခဲ့ခြင်း)
() Compromising - ဒါကတော့ လျှော့လိုက် တင်းလိုက် လုပ်တဲ့ပုံစံပါ။ သူဖြစ်ချင်တာရော၊ ကိုယ်ဖြစ်ချင်တာကိုပါ အကောင်အထည် ဖော်နိုင်ပါတယ်။ (လွှတ်တော်ထဲ ၀င်ဝင်ချင်း ကြုံရမည့် အနေအထား)
() Collaborating - နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ခြင်းပါ၊ နံပါတ် ၄ နဲ့ ကွာတာက အကျိုးအမြတ်ကို အဓိကထားတာ မဟုတ်ဘဲ၊ ယုံကြည်မှုကို အလေးပေးတာပါပဲ။ ရလဒ်အရလဲ အမြင့်ဆုံးမှာ ရှိနေပါတယ်။ (အနာဂတ် မျှော်လင့်ချက်)
ဒီလောက်ဆို ဘယ်နည်းက ဘယ်လိုဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေ အသိဆုံးဖြစ်မယ် ထင်ပါတယ်။ ဘ၀တွေ၊ အသက်တွေနဲ့ ရင်းခဲ့ရတာကိုးနော်။
ပဋိပက္ခဆိုတာဟာ Family level ကနေ Global level အထိ ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဖြစ်တဲ့ ပြဿနာအသေးလေးတွေကစလို့ ကမ္ဘာ့စစ်လို ကိစ္စမျိုးအထိ အသုံးကျနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်ဟာ အကောင်းဆုံးလဲ ဆိုတာသိရင် ရအောင်ကြိုးစားကြဖို့ပဲ လိုမယ်ထင်ပါတယ်။
By: Phio Thiha

1 comment:

Myanmar Arts and News Media said...
This comment has been removed by the author.

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS