Friday, February 24, 2023

ဓာတ်ပုံပညာ ဝါသနာပါသူတိုင်းအတွက် အခြေခံ အကြံပြုချက် ၇ ချက်


ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့ စိတ်အားထက်သန်မှု အားထုတ်မှုနဲ့ လေ့ကျင့်မှုတွေ ရှိဖို့လိုအပ်တယ်ဆိုတာတော့ ထူးထွေပြောစရာ လိုအပ်မည် တော့မထင်ပါ။ 

Professional Photographer...
စိတ်ကူးယဥ်ကြည့်ကြပါစို့!

ဒီရွေးချယ်မှုဟာ Life Carrier တခု ၊ အသက်မွေးဝမ်းကြောင်း ပညာတစ်ခု အနေနဲ့ အကျိုးရှိပြီး ကိုယ်လိုချင်မျှော်မှန်းတဲ့ ရဲ့ အိပ်မက်ထဲကဘဝ  ပြည့်စုံတဲ့ Professional ဓာတ်ပုံ ဆရာ တစ်ယောက် အဖြစ်အထိ လှမ်းတက်နိုင်ဖို့ ယနေ့ခေတ်တွင် ကြိုးစားနိုင်ခွင့် အခွင့်အရေး များစွာ ရှိနေပေပြီ။

DSLR Camera တစ်လုံး လက်ဝယ် ရှိပြီးသူများ ၊ ဝါသနာအရ ဓာတ်ပုံဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် ရည်ရွယ်ထားသူများ လက်တွေ့ရိုက်ကူးရင်း Step by Step Level Up မည်သို့စတင်ရမည်ကို နိုင်ငံတကာ ဓာတ်ပုံသင်တန်းများ၏ အကြံပြုချက် များနှင့် အတွေ့အကြုံတချို့ဝေမျှ တင်ပြပေးသွားပါမည်။

 ၁။ Pro တစ်ယောက်အဖြစ် ရည်ရွယ်တယ်ဆိုရင်ဖြင့် ... ဝယ်လိုက်ပါ လို့သာ အကြံပြုပါရစေ၊ ကင်မရာကောင်းတစ်ခုတွင် ရင်းနှီးမြုပ်နှံပါ။ DSLR ကင်မရာ တစ်လုံး ဝယ်လိုက်ပါ မိတ်ဆွေ။ 
 စမတ်ဖုန်းတစ်လုံး သို့မဟုတ် သာမန် Point & Shoot ကင်မရာဖြင့် ဓာတ်ပုံကောင်းကောင်းရိုက်ရန် ဖြစ်နိုင်သော်လည်း၊ လိုအပ်သော Range အလိုက်ပြောင်းလဲ တပ်ဆင်နိုင်သော မှန်ဘီလူးများဖြင့် အရည်အသွေးမြင့် DSLR ကင်မရာတစ်ခုတွင် ရင်းနှီးမြုပ်နှံခြင်းသည် သင့်အား ပိုမိုတီထွင်ဖန်တီးနိုင်စွမ်းရှိမှုနှင့် ပရော်ဖက်ရှင်နယ်အရည်အသွေးအထိ ရရှိစေနိုင်မည်ဖြစ်သည်။ Smart Phone Camer များ မည်ကဲ့သို့ ကောင်းလာသည် ဆိုစေ Professional  အရည်သွေး နှင့် Creation လုပ်နိုင်မှုပိုင်းတွင် Professional DSLR ဒါမှမဟုတ် Mirror less ကင်မရာများကို ယှဥ်နိုင်ရန်မှာ မဖြစ်နိုင်သေးပါ။ 

၂။ အခြားသူများ၏ ဖန်တီးမှုများချည်း လိုက်လံကြည့်ရှုရင်း အချိန်လေလွင့် မျောနေခြင်း အားကျခြင်းထက် အခြေခံသဘောတရားများကို အဓိက နားလည်သဘောပေါက်အောင် စတင်လေ့လာပါ။

 ဓာတ်ပုံပညာ၏ အခြေခံသဘောတရားများဖြစ်သည့် (Speed,Apperture,AsA - အလင်းဝင်ပေါက်၊ ရှပ်တာအမြန်နှုန်း၊ ISO တို့အပြင် နှင့် White Balance တို့ကို လေ့လာပါ။ ဤသဘောတရားများကို နားလည်ခြင်းက သင့်အား ပိုမိုကောင်းမွန်သော ဓာတ်ပုံများရိုက်နိုင်စေရန် ကူညီပေးမည်ဖြစ်ပြီး သင့်ပုံများကို ပိုမိုဖန်တီးနိုင်စွမ်းရှိသော ထိန်းချုပ်မှုပေးမည်ဖြစ်သည်။

၃။အခွင့်သာသလို ရိုက် ၊ ကြုံလျှင် ကြုံသလို ရိုက် မတူညီသောအမျိုးအစားများဖြင့်လေ့လာပါ စမ်းသပ်ပါ လက်တွေ့ ရိုက်ကူးပါ။

 ဥပမာ ရှုခင်း၊ ပုံတူ၊ လမ်း သို့မဟုတ် တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံများ Multi , Timeless နှင့် Startrail ကဲ့သို့ မတူညီသော ဓာတ်ပုံအမျိုးအစားများကို စမ်းကြည့်ပါ။ Online Photo contest များတွင် ပေးပို့ပါဝင်ပါ။  ဤနည်းသည် ဓာတ်ပုံဆရာတစ်ဦးအနေဖြင့် သင်၏စိတ်ဝင်စားမှုနှင့် အားသာချက်များကို ရှာဖွေတွေ့ရှိရန် ကူညီပေးပါလိမ့်မည်။
 ၄။ ပုံမှန်လေ့ကျင့်ပါ
 
များများလေ့ကျင့်လေလေ 
ပိုကောင်းလာလေပါပဲ။  သင်သွားလေရာရာ၌ သင့်ကင်မရာကို သင်နှင့်အတူ ယူဆောင်ကာ မတူညီသောရှုထောင့်များ၊ အလင်းရောင်များနှင့် ပေါင်းစပ်မှုများဖြင့် စမ်းသပ်ကြည့်ပါ။

၅။ ဓာတ်ပုံအဖွဲ့သို့မဟုတ် ဝါသနာတူ
ရာ Group များဖြင့် ချိတ်ဆက်ကာ ဆွေးနွေး ဖလှယ်ရင်း မိမိလက်ရည်ကို တိုးတက်စေပါ

  ဓာတ်ပုံအဖွဲ့တစ်ဖွဲ့ သို့မဟုတ် ဝါသနာတူရာ Area တူသူအချင်းချင်းတွေ့ဆုံနိုင်ရန်  Fun Club များ Group များ ပူးပေါင်းခြင်းသည် လက်တွေ့ စမ်းသပ် ရိုက်ကူးခြင်း  အခြားဓာတ်ပုံဆရာများနှင့် ချိတ်ဆက်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

 ၆။ ဓာတ်ပုံပညာသင်တန်းများတက်ပါ ။ အသိအမှတ်ပြုလက်မှတ်ရ သင်တန်းကျောင်း တခုခု တက်ရောက်နိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း အခြေအနေ အမျိုးမျိုးကြောင့် တက်ရန် အခက်ခဲ ရှိလျှင်
လက်လှမ်းမှီသမျှ နားစွင့်ရင်းFree အလုပ်ရုံဆွေးနွေးပွဲများတက်ခြင်း၊ တန်ဖိုးသင့်တင့်သောနှုန်းဖြင့် ရက်တို Workshop များ တက်ရောက်ပါ၊ 
ယနေ့ခေတ်တွင်  အွန်လိုင်းတွင် Free ရသော သင်တန်းများ ဥပမာ Digital Photography School , DPS လို Free Lessions & Free Class များတွင် Member ဝင်ကာ နည်းပညာအသစ်များနှင့် Accessories & Gears မှုများကို လေ့လာရန် ၊ နိုင်ငံတကာ မှ ဓာတ်ပုံဝါသနာရှင်များ၏ လက်ရာများ ၎င်းတို့၏ ရှင်းလင်းချက် Movie များကြည့်ရှု့လေ့လာပါ။
https://www.DigitalPhotographySchool
  ဓာတ်ပုံပညာဆိုင်ရာ စာအုပ်များ၏ PDF fileများ Download လုပ်ကာ ဖတ်ရှု့လေ့လာကာ ဆန်းသစ်တွေးခေါ်ကာ လေ့လာပါ။ 
 ၇။သင့်ကြိုးစားအားထုတ်မှု ဖြင့်ရိုက်ကူးထားသော လှပသော ပုံများကို မျှဝေပါ
 
 ဆိုရှယ်မီဒီယာများ Facebook , Instagram , Pintrest , Viewburg တို့ကဲ့သို့ သော မီဒီယာများပေါ် မိမိ အားထုတ်ထားမှုများ ဝေမျှပါ။ ပြသရန် ကိုယ်ပိုင်ဝဘ်ဆိုက်တစ်ခု (သို့) အလွယ်တကူ Page တခု ဖန်တီးကာ  ဝေမျှရင်း မိမိအရည်အသွေးအား အကဲဖြတ်ပါ။ Photo Contest များတွင် အခွင့်ရသလို ယှဥ်ပြိုင်ပါ။
   
 ဓာတ်ပုံဆရာဖြစ်ဖို့ဆိုတာ ခရီးတစ်ခုဖြစ်ပြီး စိတ်ရှည်သည်းခံမှု လိုအပ်တယ်ဆိုတာ သတိရပါ။  ဆက်လက်လေ့ကျင့်ပါ၊ စမ်းသပ်ပါ၊ တုံ့ပြန်ချက်ရှာပါ၊ အသစ်အသစ်သောအရာများကိုကြိုးစားပါ ။ လေ့လာရင်း ရိုက် ၊ ရိုက်ရင်းလေ့လာပါ။ နည်းပညာခေတ်၏ အကူအညီများ ရယူ ရှာဖွေကာ မိမိ Skill များဖြင့် ပေါင်းစပ်ကာလက်တွေ့ စမ်းသပ်ရန်မကြောက်ပါနှင့်။  လူကြီးမင်းတို့ ဓာတ်ပုံဆရာဘဝခရီး အောင်မြင် ကံကောင်းကြပါစေ။
 
အေအိုင်အမ်အမ်
ဓာတ်ပုံဝါသနာရှင် တစ်ဦး

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS