Friday, March 3, 2023

မြန်မာ ပန်းချီဝါသနာရှင်များ ကြားရေပမ်းမစားတဲ့ တဲ့ Paris မှ Van Gogh ရဲ့ ဂွကျကျသူငယ်ချင်း ပရီတန်ဂိုင်း

ဗန်ဂိုး ပါရီ ရောက်သောအခါ ပထမဆုံးခင်မင်သူမှာ ပန်းချီဆရာ Lautrec လော့ထ်ရက် ဖြစ်သည်။ ဒုတိယမှာ Gorgon ဂေါ်ဂင်ဖြစ်သည်။ ဗန်ဂိုးသည်သူငယ်ချင်းများထဲတွင် ဂေါ်ဂင် ကို အခင်မင်ဆုံးဖြစ်လေသည်။ သူသည် ဂေါ်ဂင်နှင့်အတူ အားလ်စ် တွင် ၂ နှစ်ခန့်နေ၍ အတူတူပန်းချီဆွဲခဲ့ကြသည်။ 

ဂေါ်ဂင်သည် ပါရီတွင် ပန်းချီလောက၌ သူငယ်ချင်းများသူဖြစ်သည်။ ဂေါ်ဂင်၏ ကျေးဇူးကြောင့် မိုးနေး၊ ဆူးရက်၊ စေဆန်းစသောနောင်တွင် ကျော်ကြားလာမည့် အင်ပရက်ရှင်းနစ်ပန်းချီကို အသက်သွင်းသူများ နှင့် ဗန်ဂိုးရင်းနှီးခွင့်ရကာ ပန်းချီလောက တော်လှန်ရေးတွင် ဗင်းဆင့်ဗန်ဂိုးလည်း တစ်တပ်တစ်အား ပါဝင်ခဲ့လေသည်။၊ 
Portrait Of Père Tanguy by Vincent van Gogh

ထိုသို့ ခင်မင်ခွင့်ရခဲ့သူများထဲတွင် ပဲရီတန်ဂိုင်း Père Tanguy ဆိုသူလည်း ပါသည်။ တန်ဂိုင်းသည် အလွန်ထူးဆန်းသော ကွန်မြူနစ်သမားဖြစ်သည်။ သူသည် ပန်းချီစုတ်တံနှင့် ဆေးများစသော ကရိယာများကို ရောင်းသည်။ ပန်းချီပြခန်းလည်း တွဲဖွင့်ထားသည်။

 သို့သော် သူ့ဆိုင်မှ ပန်းချီကားများမှာ ပါရီတစ်မြို့လုံး တွင်မည်သူမျှမတင်ရဲ ကြသည့် အင်ပရက် ရှင်းနစ်ကားများချည်းဖြစ်သည်။ တစ်ခါက စေဇန်း၏ သူအကြိုက်ဆုံးပန်းချီကားကို ဝယ်သူတစ်ယောက်လာမေးသည်။ တခြားသူများက ဒေါ်လာ ၆ဝလောက်ရလျှင်ပင် ကပြီးရောင်းကြမည်ဖြစ်သည်။ သို့သော်သူသည် ဒေါ်လာခြောက်ရာပေးလျှင်ပင် မရောင်းနိုင်ပါဟု ပြောလွှတ်လိုက်လေသည်။ ထို့နောက် ပန်းချီကားကို ကြည့်ကာ မျက်ရည်များဝဲနေသည်ကို ဗန်ဂိုးတို့ တွေ့ခဲ့ဖူးလေသည်။ ထိုမျှထိ ပန်းချီကိုချစ်သူတည်း။

သူသည် ပန်းချီဆရာများကို ဆေးများ၊ စုတ်တံများကိုလည်း အကြွေးရောင်းသည်။ ဘယ်တော့မှလည်း ပြန်မတောင်း။ တကယ့် ဘုံဝါဒသမား ကွန်မြူနစ်သမားဖြစ်သည်။ သို့သော်သူ့မိန်းမ မှာမူ ပန်းချီကားများကိုခံစားမရ။ သူ့ယောက်ျားကို နားမလည်။ တစ်ခါက စေဆန်း၏ ပန်းသီးများ ဆိုသောပန်းချီကားကို ပြတင်းပေါက်မှာ ချိတ်ထားသည်။ သူ့ရည်ရွယ်ချက်မှာ ပုံကိုကြည့်ပြီး လမ်းသွားလမ်းလာများ စိတ်ချမ်းသာစေရန် ရည်ရွယ်သည်။ တနေ့ လမ်းသွားတစ်ယောက်က ပန်းသီးပုံကိုသဘောကျပြီး ဈေးဝင်မေးသည်။ တန်ဂိုင်းက မရောင်းချင်။ သို့သော် သူ့မိန်းမက ဖရန့်ငွေ တစ်ရာဟုပြောလိုက်သည်။ ဈေးဝယ်က မဝယ်ချင်။ နှစ်ဆယ်လောက်နဲ့ရမည်ဟု ဈေးဆစ်သည်။ မဒမ်တန်ဂိုင်းက ကတ်ကျေးကိုယူကာ ပန်းသီးငါးလုံးထဲမှတစ်လုံးကို ညှပ်ကာ ဖရန့် နှစ်ဆယ်နှင့် ရောင်းလိုက်လေသည်။ သူတို့လင်မယားအဖြစ်ကိုကြည့်ပြီး ဗန်ဂိုးနှင့် ဂေါ်ဂင်တို့ ရယ်၍မဆုံးနိုင်။

ထို့နောက်ဗန်ဂိုးသည် တန်ဂိုင်း၏ပြခန်းထဲမှ ဂျပန်ပန်းချီကားများကို ကြည့်ကာ အရောင်ယူပုံ၊ အရောင်စပ်ပုံ တို့ကိုမြင်ကာ သဘောကျသွားခဲ့သည်။ ထိုပုံများကိုကြည့်ပြီး လေ့လာချင်သည်။ သို့သော် ပိုက်ဆံတစ်ပြားမှမပါ၊ ဂေါ်ဂင်ကလည်း အကြွေးလာဝယ်သူ၊ သို့သော် တန်ဂိုင်းသည် ချက်ချင်းပင်စက္ကူနှင့်ထုပ်ပြီး ပန်းချီကား နှစ်ကားကို ဗန်ဂိုးအားလက်ဆောင်ပေးလိုက်သည်။ ဤသို့ဖြင့် ဗန်ဂိုး၏ လက်ရာများထဲတွင် ထူးထူးခြားခြား ဂျပန်လက်ရာပန်းချီကား အနည်းငယ်သည် တန်ဂိုင်းကျေးဇူးဖြင့် ထွက်ပေါ်လာခဲ့လေသည်။ 

ဗန်ဂိုး၏ ဂျပန်ဟန်လက်ရာ ပမ်းချီကား

အေအိုင်အမ်အမ်
ကိုးကား ဝီကီပီဒီးယား
Vincent van Gogh
Dutch painter (1853–1890)

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS