မိတ္ထီလာမြို့မှ အကျင့်ပျက် ရာထူးကြီးဝန်ထမ်းတစ်ဦးကြောင့် အောက်ခြေ၀န်ထမ်းများ စိတ်ပျက် အားငယ်နေ
နိုင်ငံတော်သမ္မတကြီး နှင့် တာဝန်ရှိ လူကြီးမင်းများ ခင်ဗျာ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး စ(၀်)နေလင်းဆိုသူတွင် ကိုယ်ပိုင်အိမ်စီးကား (၂)စီးရှိပြီး ကားပျက်လျှင် အောက်ခြေ ရဲတပ်ဖွဲ့ ၀န်ထမ်းများမှ အကုန်ကျခံပြုပြင်ပေးရခြင်း၊ ဆီထည့်ပေးရခြင်းများအပြင် ၀င်ငွေအပိုရလမ်း မရှိပါသော ၀န်ထမ်းများ၏ လစာငွေထဲမှ ၄င်းနှင့် အိမ်သားများ စားသောက်ရန် အတွက် အိမ်စားရိတ်များ ကျခံပေးရကာ အသားငါးများ နေ့စဉ် အလှည့်ကျ ၀ယ်ချမ်းပေးရပါသည်။ ထို့ပြင် ယာဉ်မှု့အာမခံကိစ္စနှင့်ပတ်သက် ပြီး (၄) မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ပိုင်ခွင့်များအား အာဏာ ထိမ်းချုပ်ရယူခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ ရဲတပ်ဖွဲ့ဝင်များအတွက် ချထားပေးသောတန်ဖိုးနည်း ဖုန်းဆင်းကဒ်(၃၀)အား မျှဝေပေးခြင်းမရှိပဲ ၄င်းပိုင် ပစ္စည်းအဖြစ် သဘောထားကာ ၄င်း၏ ကိုယ်ကျိုး အတွက်သုံးစွဲကာ ရောင်းချခြင်း၊ လက်အောက်ငယ်သားရဲတပ်ဖွဲ့ဝင်များအား တပည့်သားမြေးကဲ့သို့ ဆက်ဆံရမည့်အစား ကျွန်နှင့်သခင်ကဲ့သို့ ခွဲခြားဆက်ဆံခြင်းများ ကို အောက်လက်ငယ်သား ရဲတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ ခံစားနေရပါသည်။ ခရိုင်ရဲတပ်ဖွဲ့မှူး အနေဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်လည်း ဆွေမျုးတော်စပ်...