၃ ထောင်စုနှစ် ဟောစာတမ်း
တတိယ ထောင်စုနှစ် သည် Gregorian ပြက္ခဒိန် ၏ ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁ မှ သက္ကရာဇ် ၃၀၀၀ ခုနှစ် ဒီဇင်ဘာ ၃၁ တွင် အဆုံးသတ်မည့် ကာလတစ်ခုဖြစ်သည်။ [၁] ယင်းသည် လက်ရှိနှင့် တတိယမြောက် ထောင်စုနှစ်ပင် ဖြစ်သည်။ [၂] [၃] အချိန်ဘူး [Time Capsule ] ၂၁၀၉ ဧပြီ ၂၇ - အမေရိကန်ပြည်ထောင်စု ၊ နယူးဂျာစီပြည်နယ် ၊ ရု(တ်)ဂျားစ် တက္ကသိုလ်ရှိ အိုးကွင်း အဆောက်အဦ၏ ကြမ်းခင်းပြင်အောက်တွင် ၂၀၀၉၊ ဧပြီ ၂၇ က စတင် မြှုပ်နှံထားရှိခဲ့သော အချိန်ဘူး (Time capsule) ကို နှစ်တရာကြာပြီးနောက် ပြန်လည်တူးဖော်ရန် ရည်စူးထားသော ရက်စွဲ။ ၂၉၆၈ - တက္ကဆပ်ပြည်နယ် ၊ အမာရီးလိုရှိ ဟီလီယမ် နှစ်တရာ ကာလကျောက်တိုင်တွင် အချိန်ဘူး လေးဘူး ပါဝင်နေပြီး နောက်ဆုံးတခုကို ယင်းတို့ စတင်သော့ခတ်ခဲ့သည့် ၁၉၆၈ ခုနှစ်မှ စတင်၍ နောင် နှစ် တထောင် ကြာသောအချိန်တွင် ဖွင့်ရန် ရည်စူးထားသည်။ နက္ခတ္တဆိုင်ရာ ဖြစ်ရပ်များ ၂၁ ရာစု ၂၀၄၅ ဩဂုတ် ၁၂ - အမေရိကန်ပြည်ထောင်စုတွင် နေကြတ်မှု ဖြစ်ပွားပြီး ကယ်လီဖိုးနီးယား မှ ဖလော်ရီဒါပြည်နယ် ထိ လမ်းကြောင်း တလျှောက် ဖြစ်မည်။ ဖလော်ရီဒါရှိ အချို့ဒေသများသည် စုစုပေါင်း ခြောက်...