Showing posts with label Sule Shangrila ၏ Sule Square Mall News. Show all posts
Showing posts with label Sule Shangrila ၏ Sule Square Mall News. Show all posts

Wednesday, December 21, 2016

Sule Square Mall office အားမိတ်ဆက်ခြင်း။Yangon.December.20

ယနေ့ နေ့လည် 12 နာရီတွင်ရန်ကုန်ဆူးလေဘုရားလမ်းရှိ Shangri La လုပ်ငန်းစုမှတည်ဆောက်ထားသော Sule Square Mall & Office အားစာနယ်ဇင်းများကိုမိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို 20.12.2016 နေ့ နေ့လည် 12 နာရီ၌ အဆိုပါအဆောက်အအုံရှိ Shan Yoe Yar Restaurant တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။Shangri -La လုပ်ငန်းစုမှတည်ဆောက်ထားသောအဆိုပါ Grade - Aအဆင့်ရှိခန်းနားထည်ဝါလှသည့်အဆင့်မြင့်စီးပွားရေးအဆောက်အအုံကိုပဏမအနေဖြင့်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်သိရသည်။Sule Square Mall & Office Tower သည်နိုင်ငံတကာအဆင့်မီ Raised Floor Panels။ကြမ်းပြင်မှမျက်နှာကျက်အမြင့် 2.7 မီတာမှ 3.2 မီတာအထိတည်ဆောက်ထားပြီသန့်ရှင်းမှူအကောင်းဆုံးဓါတ်လှေကားစနစ်နှင့်အရည်အသွေးမြင့်အဆောက်အအုံစီမံခန့်ခွဲမှူတိုပါဝင်သည့်ရန်ကုန်မြို့ရဲ့ပထမဦးဆုံးအရည်အသွေးအကောင်းဆုံးအဆောက်အအုံတစ်လုံးဖြစ်သည်။မြေအောက်ထပ်အပါအဝင်အလွှာ ၃ လွှာတွင်အဆင့်အတန်းမြင့်ဒီဇိုင်းဆန်းအဝတ်အထည်ဆိုင်များ။အလှအပနှင့်ပတ်သက်သောဆိုင်များ။လူသုံးကုန်မျိုးစုံများနှင့်ခရီးသွားဝန်ဆောင်မှူလုပ်ငန်းများစသည်ဖြင့်ဖွင့်လှစ်ထားရှိပါသည်။ထို့အပြင်နိုင်ငံတကာနှင့်မြန်မာအစားအစာများဆိုင်များကိုလည်ပထမထပ်နှင့်ဒုတိယထပ်ရရှိနိုင်ပြီမြေအောက်ထပ်တွင်ရှိသော Market Place စူပါမားကတ်တွင်လည်စိတ်ဝင်စားဖွယ်ကောင်းသောစားသုံးကုန်ပစ္စည်းများ။ကော်ဖီဆိုင်ခန်းမျာနှင့်နနိုင်ငံတကာစားသောက်ဆိုင်များကိုလည်ဖွင့်လှစ်ပေးထားကြောင်းတွေ့ရှိရသည်။ထို့အပြင်ကားရပ်နားရန်အတွက်အထပ် ၆ ထပ်တည်ဆောက်ထားရှိပြီးရုံးခန်းငှားရမ်းသူများနှင့်ဈေးဝယ်လာသူများဟာ Sule Square Mall & Office Tower နှင့်တိုက်ရိုက်ဆက်သွယ်ထားသောအခန်းပေါင်း ၄၇၉ ခန်းပါဝင်သည့် Sule Shangri- La Hotel လည်းသွားရောက်နိုင်မှာဖြစ်ကြောင်းသိရှိရသည်။Sule Square Mall & Office Tower သည်လူအများအတွက်သွားလာရလွယ်ကူတဲ့နေရာမှာဘက်ပေါင်းစုံပေါင်းစည်းပေးထားတဲ့ဝန်ဆောင်မှူများနဲ့အဓိကကျတဲ့အဆောက်အအုံတစ်လုံးအဖြစ်တည်ဆောက်ထားရှိတဲ့ Sule Square Mall ကြီးတခုလည်ဖြစ်သည်။ကမ္ဘာ့အကောင်းဆုံးပထမတန်းဟိုတယ်ကုမ္မဏီများထဲမှတစ်ခုဖြစ်သောဟောင်ကောင်အခြေစိုက်ရှန်ဂရီလာဟိုတယ်လုပ်ငန်းစုသည်လက်ရှိအချိန်တွင်ဟိုတယ်အဆောက်အအုံအဦးအလုံးပေါင်း ၉၀ ကျော်နှင့်အခန်းပေါင်း ၃၇၀၀၀ ကိုရှန်ဂရီလာအမည်ဖြင့်စီမံအုပ်ခုပ်နေပါသည်။ဆယ်စုနှစ်လေးခုကျော်ချိန်တွင်ဤဟိုတယ်လုပ်ငန်းစုသည်" နှလုံးသားမှဝန်ဆောင်မှူ " ဟူသောကုမ္မဏီအမှတ်အသားကိုတည်ထောင်နိုင်ခ့ပြီ Shangri-La လုပ်ငန်းစုသည်တောင်းတင်းခိုင်မာသောစီပွားရေးဖွံ့ဖြိုးတိုးတက်မှူများကိုဖြစ်ပေါ်စေရန်စီမံကိန်းအသစ်များကိုတရုတ်ပြည်မကြီးနှင့်ကမ္ဘောဒီးယား။အိန္ဒိယ။မြန်မာ။ဖိလစ်ပိုင်။သီရီလင်္ကာနိုင်ငံများတွင်လည်းဆက်လက်အကောင်အထည်ဖော်တည်ဆောက်နေကြောင်းသိရသည်။အသေးစိတ်အချက်အလက်များနှင့်အခန်းဘိုကင်ကြိုတင်မှာကြားများအတွက်နီးစပ်ရာခရီးသွားကုမ္မဏီများမှတဆင့်( သို့မဟုတ် )ဝဘ်ဆိုဒ်လိပ်စာ www.shangri-La.com သို့ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းသတင်းရှိပါသည်။Myint Khaing.MANM.3329

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS