ရန်ကုန်တိုင်းဒေသကြီး၏မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့မှပူးပေါင်းစီစဉ်ကျင်းပသည့် Yangon ICT Fair Computer & Mobil January 2017 ပြပွဲကိုရန်ကုန်မြို့- ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမတွင်ယနေ့ 6.1.2017 - နံနက် 7း 30 တွင်ဖွင့်လှစ်ရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း။ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း။လျှပ်စစ်စက်မှူလက်မှူ- လမ်းပန်းဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါ်နီလာကျော်။ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးမင်းဦးနှင့်ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထင်အောင်ခိုင်တို့မှပြပွဲအခမ်းအနားကိုဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။ယင်းနောက်အမှတ်တရဓါတ်ပုံရိုက်ကူးကြအပြီးရန်ကုတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှဦးဆောင်ကြီးမှူးသည့်ဧည့်သည်တော်များကခင်းကျင်းပြသထားသော IT နည်းပညာများနှင့်သက်ဆိုင်သည့်ပြခန်းမျာကိုလှည်လည်စစ်ဆေးကြည့်ရှူအားပေးကြသည်။၎င်းကွန်ပျူတာနည်းပညာပြပွဲတွင် Mobil နှင့် IT နယ်ပယ်မှအီလက်ထရောနစ်ကုမ္မဏီများ။ကွန်ပျုတာနှင့်ဆက်စပ်ပစ္စည်းအရောင်းဆိုင်များ။ဆက်သွယ်ရေးပစ္စည်းအရောင်ဆိုင်များ။Scanner.Copier.Comer.Projectorp အရောင်ဆိုင်များ။Software & Training ဆိုင်များ။ Website.SMS Solution.Wimax.Wifi.Networking Product.Mobile & Mobile Software .Virus သတ်ပေးသည့် Software အရောင်းဆိုင်များ။Electronic Dictionary အစရှိသောအရောင်းဆိုင်းများပါဝင်ပြသထားပြီအထူးအစီအစဉ်များအနေဖြင့်ပြပွဲသို့လာရောက်ကြည့်ရှူသူပြည်သူများနေ့စဉ်နေ့တိုင်း Lucky Draw များဖောက်ပေးခြင်းလည်ပါဝင်၍ပြပွဲကာလအတွင်းမည်သည့်ဆိုင်တွင်မဆိုစုစုပေါင်းကျပ်( 30000 )ဝယ်ယူထားသည့် Vocherပြနိုင်သူတိုင်းအား Lucky Draw လက်မှတ်တစောင်ရှိမည်ဖြစ်ပြီဆုမဲပေါင်းငွေသားသိန်း 30 ကိုလည်ချက်ချင်းပေါက်ချက်ချင်းယူစနစ်ဖြင့်ကံစမ်းရွေးချယ်ပေးသွားဖြစ်ကြောင်းသိရသည်။ယင်းပြပွဲတွင်ပါဝင်ပြသ သည့်ကုမ္မဏီပေါင်း 56 ခုမှပြခန်းပေါင်း 142 ခန်းအားခင်းကျင်းပြသထားပြီပြပွဲကိုနေ့စဉ် မနက် 9 နာရီမှညနေ 5 နာရီအထိအများပြည်သူများလာရောက်ကြည့်ရှူလေ့လာဝယ်ယူနိုင်ရန်ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်သိရသည်။ယခုနှစ်ဦးပိုင်းတွင်ကျင်းပပြုလုပ်ပေးသည့် Yangon ICT Fair Computer & Mobile January 2017 ပြပွဲသည် 2017 ခုနှစ်အတွက်ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာအသင်းများမှ IT နည်းပညာများနှင့်ကွန်ပျုတာပစ္စည်းများကိုတနေရာတည်းတွင်ဝယ်ယူနိုင်ရန်ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ပေးသောIT ဈေးရောင်းပွဲတော်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329.
Showing posts with label Yangon ICT Fair Computer & Mobile News. Show all posts
Showing posts with label Yangon ICT Fair Computer & Mobile News. Show all posts
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...