Showing posts with label MPT ၏ Mobile Seminar News. Show all posts
Showing posts with label MPT ၏ Mobile Seminar News. Show all posts

Tuesday, October 17, 2017

MPT ၏MOBILE SEMINAR မိတ်ဆက်ပွဲအခမ်းအနား။11.10.2017

ရန်ကုန်မြို့ဆူးလေဘုရားလမ်းရှိ Sule Shangri- La Hotel Yangon Konbaung Room ၌ 11.10.2017 နေ့နံနက် ( 10 )နာရီတွင် MPT Mobile Launch Press Conference ကိုကျင်းပပြုလုပ်ရာ MPT - KSGM  Joint Operations ၏ Deputy Chief Commercial Officer ဖြစ်သူ U Thein Hoke မှရှင်းလင်းပြောကြားရာတွင်မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည်နိုင်ငံတဝှမ်းတွင်ဘေးကင်းပြီးလုံခြုံသည့်မိုဘိုင်းလ်အင်တာနက်အသုံးပြုမှူများနှင့်စပ်လျဉ်း၍ယခုနှစ်အောက်တိုဘာလမှစတင်၍ Mobile Seminar ပွဲပေါင်း( 110 )ကိုမြို့နယ်ပေါင်း ( 100 )ကျော်ရှိကျောင်းများ။တက္ကသိုလ်များနှင့်အခြားသောနေရာများတွင်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီMPT Mobile Seminar ပွဲကိုတက်ရောက်သူများအနေဖြင့်၎င်းတို့၏မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှူများကိုအပြည့်အဝအသုံးချတတ်လာစေရန်အပြင်မိမိတို့၏စမတ်ဖုန်းများကိုဘေးကင်လုံခြုံစွာဖြင့်ကုန်ကျစရိတ်သက်သာစွာဖြင့်အသုံးပြုနိုင်စေရန်အတွက်လမ်းညွှန်းချက်များ။လေ့ကျင့်ပေးမှူများ။ဆွေးနွေးပွဲများ။မိုဘိုင်းလ်ဖုန်းအသုံးပြုပုံနှင့်ကျင့်ဝတ်များ။အင်တာနက်လုံခြုံရေးနှင့်အွန်လိုင်းအသုံးပြုခြင်းတို့တွင်မည့်ကဲ့သို့လုံခြုံစွာအသုံးပြုရမည်အချက်များ။ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်ခြင်းနှင့်နှောက်ယှက်ခြင်းတို့ကိုမည်သို့ကာကွယ်တားဆီးရမည်ဆိုသောအချက်အလက်များအပြင်မိမိတို့၏ကိုယ်ပိုင်အချက်အလက်များကိုကာကွယ်နိုင်ခြင်းအစရှိသောအရေးကြီးသည့်ဆွေးနွေးချက်ခေါင်းစဉ်များပါဝင်မည်ဖြစ်သည်။MPT-KSGM  Joint  Operations ၏ Chief  Commercial  Officer ဖြစ်သူ Mr. Reizo Umeda မှရှင်းလင်းပြောကြားရာတွင်မြန်မာတနိုင်ငံလုံးရဲ့မိုဘိုင်းလ်အင်တာနက်အသုံးပြုနည်းလမ်းတွေစတဲ့ကိစ္စတွေနဲ့ပတ်သက်နားလည်သိရှိမှူအပိုင်းတွေကွာဟချက်ရှိနေကြောင်းနှင့်အွန်လိုင်းစနစ်အသုံးပြုတဲ့နေရာမှာနားလည်မှူပိုမိုတိုးတက်စေဖို့ Mobile Seminar ပွဲတွေကိုယခုကဲ့သိုကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားသွားပါတယ်။MPT မှအဆိုပါပွဲများကိုမြန်မာနိုင်ငံတဝှမ်းရှိမြို့နယ်-ကျောင်းများ-တက္ကသိုလ်ကျောင်းများ-စက်မှူဇုန်များတွင်( 195 )ပွဲအထိကျင်းပပြုခဲ့ဖြစ်ကြောင်းနှင့်Mobil Seminar ပွဲများနှင့် MPT မှအခြားသောကြေညာချက်များကိုထပ်မံသိရှ်လိုပါက www.mpt.com.mm( သို့မဟုတ် ) www.facebook.com/mptofficialpage သို့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS