မယ်ကမ္ဘာမြန်မာ့အလှမယ်ပြိုင်ပွဲ၂၀၁၆ရွေးချယ်ကျင်းပပြီးစိးခြင်း။4.6.2016.ရန်ကုန်
ရန်ကုန်မြို့ Gandamar Grand Ballroom တွင်Miss Myanmar World 2016 ပြိုင်ပွဲအခမ်းအနားကို( 4.6.2016 )နေ့ညနေ ၆ နာရီ မှည ၁၂ နာရီ အချိန်အထိကျင်းပပြုလုပ်ခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပမည့် ( ၆၆ ) ကြိမ်မြောက်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲတွင်နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက်အရည်အချင်းပြည့်ဝပြီးထူးချွန်ထက်မြက်သည့်အမျိုးသမီးတဦးရွေးချယ်ပေးမည့်အလှမယ်တဦးထွန်းပေါက်စေရန်ရီရွယ်ချက်ဖြစ်စီစဉ်ကျင်းပသည့်ပြုင်ပြွဲီကီးဖြစ်သည်။မြန်မာအမျိုးသမီးငယ်တို့၏လှပတင့်တယ်မှုပင်ကိုစွမ်းရည်ဥာဏ္ဍ်ရည်ဥာဏ္ဍ်သွေးထက်မြက်မှုတို့ကိုစိစစ်ရွေးချယ်ပေးခဲ့ပြီးဝင်ရောက်ယှဉ်ပြိုင်သည့်အလှမယ် ၂၀ ဦးထဲမှသုံးဦးကိုရွေးချယ်ပေးခဲ့ရာမယ်ကမ္ဘာမြန်မာ့အလှမယ်ဆုကိုမြတ်သီရိလွင်( or ) Bellaကလည်းကောင်း။1st Runner up ဆုကို Mဂျာဆိုင်း နှင့် 2nd Ruer up ဆုကို လရိပ်ပြာတို့ကလည်းကောင်းအသီးသီးရရှိခဲ့ကြသည်။မယ်ကမ္ဘာမြန်မာအဖြစ်ရွေးချယ်ခံရသူမြတ်သီရိလွင်အနေဖြင့်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲကြီးသို့မြန်မာနိုင်ကိုယ်စားပြုအလှမယ်တစ်ဦးအဖြစ်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။အသက်( ၁၇ )နှစ်အရွယ်ရှိအလှမယ်မြတ်သီရိလွင်သည်စိတ်ပညာအဓိကဘာသ...