Tuesday, September 10, 2013

Nang Khin Zay Yar by Sculptor Kyaw Kyaw Min & Artist Shwe Myint

နန်းခင်ဇေယျာ ပုံတူ ပန်းချီ ပန်းပု ရေးဆွဲ ထုလုပ်ပွဲ











မြန်မာ့ အလှမယ် နန်းခင်ဇေယျာ၏ ပုံတူ ပန်းချီ နှင့် ပန်းပု ရေးဆွဲထုလုပ်ပွဲအား ၉-၉-၂၀၁၃ ရက်နေ့Mary Chapman , School for Deaf , မေရီချပ်မင်းန်း နားမကြားကျောင်းတွင် ပန်းချီရွှေမြင့် နှင့် ကျော်ကျော်မင်း ပန်းပု တို့မှ လက်တွေ့ ရေးဆွဲကာ ထုလုပ်သွားခဲ့သည်။

ယခု ဒီကျောင်းက ကလေးများဟာ အကြားအာရုံ ချွတ်ယွင်းနေပေမဲ့ အမြင်အာရုံ နဲ့ အာရုံခံစားနိုင်မှုမှာ သာမန်လူလိုပါပဲ ။ အကြားအာရုံများ ချို့တဲ့ နေကြရပေမဲ့ ပန်းချီ ပန်းပု နဲ့ အနုပညာကိုတော့ ကောင်မွန်စွာခံစားနိုင်ကြပါတယ်။ ဒါကြောင့် ကလေးများကို ပန်းချီ ပန်းပု အနုပညာကို ပိုမို  စိတ်ဝင်စားလာကြစေရန် ပြည်သူချစ် အလှမယ် ညီမလေး နန်းခင်ဇေယျာကို အကူအညီတောင်းပြီး ယခုပွဲလေးကို စီ စဉ်ဖြစ်ခဲ့တာဖြစ်ပါတယ် ။
Kyaw Kyaw Min


ပရိသတ်ကြီး မင်္ဂလာပါ…။

နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိတဲ့ မေရီချက်(ပ်)မင်း 

နားမကြားသောကလေးများကျောင်းကို နောက်ထပ်တဖန်ထပ်မံရောက်ရှိခဲ့ပါတယ်။ 

ကလေးငယ်များနှင့်လည်းရင်းနှီးပြီးဖြစ်သောကြောင့် သူတို့ကလည်းဝမ်းမြောက်ဝမ်းသာ 

ကြိုဆိုကြပြီးပျော်ရွှင်နေကြပါတယ်။

မေရီချက်(ပ်)မင်းကျောင်းမှာ နန်းခင်ဇေယျာ၏ပုံတူအား ပန်းချီပညာရှင်ဦးရွှေမြင့် နှင့် ပန်းချီပညာရှင်များ၊ 

ပန်းပုပညာရှင် ဦးကျော်ကျော်မင်း တို့မှ ကျောင်းသားကျောင်းသူများကို 

လက်တွေ့သရုပ်ပြရေးဆွဲထုလုပ်တဲ့ အခမ်းအနားအစီအစဉ်သို့သွားရောက်ပြီး နံနက် ၁၀ နာရီမှ ညနေ ၃ 

နာရီအထိ သရုပ်ပြကူညီခဲ့ပါတယ်။

အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သော ဤကျောင်းမှ ကလေးငယ်လေးများသည် 

အကြားအာရုံချို့တဲ့ကြသော်လည်း အမြင်အာရုံစူးရှပြီး မှတ်ဥာဏ်စွမ်းအားကောင်းကြပါတယ်။ 

တီထွင်ကြံဆဥာဏ်များလည်းကောင်းကြပါတယ်။

ကျောင်းသားကျောင်းသူကလေးငယ်များ မြန်မာ့လက်မှုအနုပညာရပ်များထဲမှ 

ပန်းချီနှင့်ပန်းပုပညာရပ်များကို စိတ်ပါဝင်စားလာပြီး သင်ယူတတ်မြောက်လိုစိတ်များဖြစ်ပေါ်လာစေရန်၊

ြ
မန်မာ့လက်မှုအနုပညာများကို တန်ဖိုးထားပြီး အမွေဆက်ခံ 

ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်ပြီး ပန်းပုပညာရှင် ဦးကျော်ကျော်မင်းမှ 

ဒီအစီအစဉ်လေးကိုစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ 

ပန်းချီပန်းပုပညာရှင် ဆရာများမှ နန်းခင်ရဲ့ ပုံတူ ရေးဆွဲထုလုပ်နေစဉ်မှာ နန်းခင် 

ပူးပေါင်းကူညီသရုပ်ပြပေးခဲ့ပါတယ်။ ဆရာတို့မှ ကျောင်းသားကျောင်းသူလေးများကိုလည်း 

သင်ကြားပြသပေးခဲ့ကြပါတယ်။ စိတ်ပါဝင်စားကြတဲ့ ကျောင်းသားကျောင်းသူလေးများကလည်း 

နန်းခင်ပုံတူ ပန်းချီကားချပ်လေးများကိုရေးဆွဲပြီး နန်းခင်ကို လက်ဆောင်ပေးခဲ့ကြပါတယ်။ 

ဒီအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ကြသော ပန်းပုပညာရှင် ဦးကျော်ကျော်မင်း၊ 

ပန်းချီပညာရှင်ဦးရွှေမြင့် နှင့်ပန်းချီပညာရှင်များ၊ မေရီချက်(ပ်)မင်းနားမကြားသောကလေးများ
ကျောင်းမှ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်းသူမောင်ညီမလေးများ၊ ဒီအစီအစဉ်လေးမှာ 

ဓာတ်ပုံမှတ်တမ်းတင်ပေးခဲ့ပါသော ကိုအောင်မျိုးမြင့် AMM Photography နှင့် ကိုထွန်းထွန်းဦး 

(Focus)တို့နှင့်ကူညီဆောင်ရွက်ခဲ့ကြသော ကျေးဇူးတင်ထိုက်သူအားလုံးတို့အား

 ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်ယခုလိုပါဝင်ဆောင်ရွက်ခဲ့ရတဲ့အတွက်လည်းအထူးပင်ဝမ်းမြောက်ဝမ်းသာ

ဖြစ်ရပါကြောင်း နန်းခင်ရဲ့ Facebook စာမျက်နှာမှနေ၍ ပြောကြားပါရစေရှင်…။


နန်းခင်နှင့်အတူ နန်းခင်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဝမ်းမြောက်ပီတိဖြစ်စေရန် ရည်သန်၍ …….


“နန်းခင် နှမရဲ့ ရုပ်သွင်ကို 

မြန်မာ့လက်မှု ပန်းချီပန်းပုပညာဖြင့်

မှုန်းခြယ်ထွင်းထုကာအသက်သွင်း

ပညာရှင်များ ဖန်ဆင်းလို့

အနုလက်ရာမြောက်ပါတဲ့ 

နန်းခင်ရဲ့ ပုံတူများ ……”

နန်းခင်ဇေယျာ

Saturday, September 7, 2013

စက်တင်ဘာလ ၂၂ ရက်နေ့ နံပါတ်ပြား အနက် နှင့် ကားများ မသုံးရနေ့


လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင်မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို မြန်မာနိုင်ငံမှာ ယခုအချိန်ထိ သတ်မှတ် ကျင်းပ သေးတာ မရှိသေးဘဲ တပ်မတော်မှာတော့ ကားမသုံးရနေ့ကို လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက သတ်မှတ်ပြီး လစဉ် တနင်္ဂနွေ နှစ်ရက်ကို သတ်မှတ် ထားရှိ ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်များ မပါဝင်ဘဲ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်များသာ ပါဝင်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတွေရဲ့ ပြောပြချက် အရ သိပါတယ်။

အဆိုပါ စက်တင်ဘာလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို ကိုယ်ပိုင် မော်တော်ယာဉ် နံပါတ်အနက် ယာဉ်များ မသုံးရနေ့ဟု သတ်မှတ် ထားရှိရ တာဟာ ယာဉ်များ ပိုမိုများပြားလာခြင်း၊ နောက်ဆက်တွဲ ရလဒ်အဖြစ် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း၊ လမ်းလျှောက် သွားသူနဲ့ စက်ဘီးစီးသူများကိုလည်း မြင့်တင်ပေးရာ ရောက်ခြင်း၊ အဆိုပါ နေ့မှာ ယာဉ်အန္တရာယ် ပိုကင်းပြီး စက်သုံးဆီ ချွေတာရာ ရောက်ခြင်းနဲ့ ပြည်ပနိုင်ငံ အသီးသီး မှာလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကို ယာဉ်မသုံးရနေ့ အဖြစ် သတ်မှတ် ထားရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မူရင်း source Original Link

Most Beautiful Girl in the World ... ခင်ဝင့်ဝါ မြန်မာပြည်သို့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်း တွင် ပြန်လည်ရောက်ရှိမည်။



ဓာတ်ပုံအား Miss Supranational Myanmar facebook မှ ကူးယူပါသည်။
မြန်မာအလှမယ် ခင်ဝင့်ဝါသည်


  1.  Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆု
  2. အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊ 
  3. Missosology မှ ချီးမြှင့်သော People Choice Award နှင့်
  4.  Face of Miss Supranational 2013 ဆုများဖြင့် စုစုပေါင်း ၄ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
နိုင်ငံတကာ ဆုများ တစ်ပွေ့တစ်ပိုက်နှင့် ပြန်လာသော ပြည်သူ့အချစ်တော် အလှမယ် ခင်ဝင့်ဝါသည်  စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ကြိုဆိုချင်ကြသူအပေါင်း အား လက်တို့ပြီးတော့ ပြောလိုက်ပါကြောင်း ... နှင့်

ကမ္ဘာ့ တတိယအကြီးကျယ်ဆုံးသော Miss ပြိုင်ပွဲဖြစ်သော MissာSupranational  ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ပြီး Miss Internet ,People Choice Award , Most Beautiful Girl in the World ,Face of Miss Supranational 2013  စစသည့် ဆုများအား ထိုက်တန်စွာ ဆွတ်ခူးခဲ့ သော ညီမလေး ခင်ဝင့်ဝါ အတွက်  ဂုဏ်ယူပါကြောင်း နှင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနုပညာ ခရီးများစွာအတွက် ယခုထက်ပိုပြီး အောင်မြင်ပါစေကြောင်း ဆုတောင်းအပ်ပါသည် ။


Wednesday, September 4, 2013

မြန်မာ့အလှမယ် နန်းခင်ဇေယျာ အား ပုံတူ ပန်းပု ပန်းချီ ထုလုပ် ရေးဆွဲကြမည်။

 အ

ပြည်သူ့အချစ်တော် မြန်မာ့ဂုဏ်ဆောင် ပအို့တိုင်းရင်းသူ အလှမယ် နန်းခင်ဇေယျာ၏ ပုံတူ အား ပန်းချီ ၊ ပန်းပု ရေးဆွဲထုလုပ်ကြမည် ဖြစ်ပါသောကြောင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ ။

" အကြားအာရုံ ချို့တဲ့ သောကလေးများ ပန်းချီ ၊ ပန်းပု ပညာရပ်များ စိတ်ပါ ၀င်စားလာကြစေရန် ယ
ခုလို ပြည်သူ့အချစ်တော်ကို ရွေးချယ်ကာ ရေးဆွဲထုလုပ်ခြင်းအားဖြင့် ကလေးများ ပိုမို စိတ်ပါဝင်စားမယ်လို့ ယုံကြည်ပါတယ်။ "

ကျော်ကျော်မင်း (ပန်းပု)
ဖုန်း - ၀၉ ၇၃၀၆၄၈၃၂
www.sculptorkyawkyawmin.blogspot.com
www.kyawkyawmin.com 

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS