Monday, December 31, 2012
Sunday, December 30, 2012
2nd anniversary of Education Network (NLD)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ယက် ၂ နှစ်ပြည့် အထိန်းအမှတ် ဈေးရောင်းပွဲတော် ...
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက် ရံပုံငွေ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၂၇-၂၈ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြီးစီးခဲ့သည်။ အဆိုပါပွဲ တွင် နာမည်ကြီးတီးဝိုင်းများနှင့် နာမည်ကြီး အဆိုတော်များစွာ ပါဝင်ပြီး ပညာရေးအလှူအဖြစ် အားပါးတရ ဖျော်ဖြေသီဆိုသွားခဲ့ကြသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၊ အနဂ္ဂ ၊ ရန်ရန်ချန်းတို့ ပါဝင်သော ACID - Hip-Hop အဖွဲ့ ၊ နာမည်ကြီး IC တီးဝိုင်းနှင့် ကိုလေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ HeavenBorn အဖွဲ့နှင့်အတူ NLD အရေးများတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အဆိုတော် သျှီ နှင့် အခြားအဆိုတော်များက ၄င်း ၊ ရွှေသံလွင်တီးဝိုင်း နှင့် အဆိုတော်များ ၊ မစ္ဇျိမလှိုင်း နှင့်အတူ ကိုနေ၀င်း ၊ အဆိုတော် ကိုထွဋ် စသည့်အဆိုတော်များက ၄င်း ၊ အခြား နာမည်ကြီးများဖြစ်သော နွဲ့ယဉ်ဝင်း ၊ လင်းလင်း၊ ချစ်သုဝေ ၊ ထွန်းအိန္ဒြာဗိုလ် စသည်ဖြင့် နာမည်ကျော် အဆိုတော်များမှ သီဆို ဖျော်ဖြေပေး သွားခဲ့ကြသည်။
" မြန်မာနိုင်ငံ၏ ပညာရေးမြင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း -သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ တွင်ပညာရေးသည် အဓိကကျကြောင်း အဖွင့်မိန့်ခွန်းတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါသည်။ "
ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကဦးတင်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း အစရှိတဲ့ပုဂ္ဂိုလ်များအပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။
မှတ်ချက် ၊ ၊အစမ်း တင်ကြည့်ခြင်း ဖြစ်ပါသည် ။
Tuesday, December 25, 2012
Welcome ကြိုဆိုပါတယ် ခင်ဗျာ...။
မင်္ဂလာပါ ခင်ဗျာ ....
ကျွန်တော် စာရေးကြည့်ရင်ကောင်းမလား စဉ်းစားမိလာတာနဲ့ ယခု Blog ကို စတင် စမ်းသပ်ပြီး ကြိုးစား ရေးကြည့်ပါမည် ခင်ဗျာ ။ သူငယ်ချင်းများ အားလုံး ၀င်ရောက်လည်ပတ်ပြီး ဝေဘန် အကြံဥာဏ်များ ပေးသွားကြပါခင်ဗျ။
အားလျှင် အားသလို ကြိုးစားပြီး ရေးကြည့်သွားမည်ဖြစ်ပါကြောင်း မိတ်ဆက်လိုက်ပါသည်ခင်ဗျား။
ကျွန်တော်သွားရောက်ရယူခဲ့သော သတင်းများအားလည်း ယခု လိပ်စာမှနေ၍ အတတ်နိုင်ဆုံး အမြန်ဆုံးတင်ဆက်ပေးသွားမည် ဖြစ်ပါကြောင်း မိတ်ဆက် သတင်းကောင်း ပါးလိုက်ရပါသည်ခင်ဗျား ...။
ကျွန်တော်သွားရောက်ရယူခဲ့သော သတင်းများအားလည်း ယခု လိပ်စာမှနေ၍ အတတ်နိုင်ဆုံး အမြန်ဆုံးတင်ဆက်ပေးသွားမည် ဖြစ်ပါကြောင်း မိတ်ဆက် သတင်းကောင်း ပါးလိုက်ရပါသည်ခင်ဗျား ...။
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...