Posts

Showing posts with the label Breaking News

ရေကျော်ဗလီ မီးလောင်မှု့မှာ မီးအားမြှင့်စက် ၀ါယာရှော့ခ် ကြောင့်သာဖြစ် ...

Image
အတွင်းပိုင်းတွင်သာ လောင်ကျွမ်းကာ အပြင်မှ ပရောဂ လက္ခဏာ မတွေ့ရပါ။ Photo - MRTV ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်းရှိ ရေကျော်ဗလီတွင် မီးလောင်မှုဖြစ်ပွားရာ ဗလီအပေါ်ထပ်တွင် အိပ်နေသော ဗလီကျောင်းသား ၇၀ ရှိသည့်အနက်၊ ၁၃ဦးမှာ မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်ဒဏ်ရာတို့ဖြင့် အိပ်လျက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသည့် ၄ဦးကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား မှတဆင့် ယနေ့နံနက် ၈နာရီသတင်းတွင်ထုတ်ပြန်ကြေညာသည်။   မီးလောင်ရာသို့ ဗိုလ်တစ်ထောင် ဒုတိယမြို့နယ်မှူးနှင့်အဖွဲ့ မှ သွားရောက်စစ်ဆေးခဲ့ရာ အတည်ပြုဆဲ သတင်းအရ ဗလီအတွင်းတပ်ဆင် ထားသော မီးအားမြှင့်စက် ဗို့အားမြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး နံနက် ၃နာရီ ၁၃မိနစ်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသ ည် ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့က   မီးလောင်မှုနှင့် ပတ်သက် ၍ သာမန် ရှင်းပြဝါယာရှော့ခ်မှ စတင်မီးလောင်ခြင်း ဖြစ် ကာ သေဆုံးခြင်း ဖြစ်ကြောင်း "အမှန်တကယ်ဆို မသေသင့်ပါဘူး။ အထဲမှာရှိတဲ့ ဗလီဆရာတွေရဲ့ ဆုံ...