Showing posts with label စာရင်းစစ်ပြပွဲသတင်း. Show all posts
Showing posts with label စာရင်းစစ်ပြပွဲသတင်း. Show all posts

Sunday, July 10, 2016

စာရင်းနှင့်စာရင်းစစ်ပြပွဲ၂၀၁၆အခမ်းအနားကျင်းပခြင်း။9.7.2019

ပြည်ထောင်စုစာရင်းစစ်ရုံးရက် ၁၀၀ စီမံချက်၏ပထမလုပ်ငန်းစဉ်ဖြစ်သောစာရင်းနှင့်စာရင်းစစ်ပြပွဲ၂၀၁၆ ဖွင့်ပွဲအခမ်းအနားကို9.7.2016 နေ့နံနက် ၉ နာရီကရန်ကုန်မြို့/ မြို့မကျောင်းလမ်းရှိအမျိုးသားကဇာတ်ရုံတွင်ကျင်းပပြုလုပ်ရာနိုင်ငံတော်သမ္မတ ဦးထင်ကျော် ဇနီး ဒေါ်စုစုလွင်။ပြည်ထောင်စုဝန်ကြီးများ။ပြည်ထောင်စုစာရင်းစစ်ချုပ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့်အထူးဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ကြသည်။ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းကဤပြပွဲကျင်းပပြုလုပ်ရခြင်းမှာနိုင်ငံပိုင်ကဏ္ဍနှင့်ပုဂ္ဂလိကကဏ္ဍများတွင်စာရင်းစံများနှင့်စာရင်းစစ်စံများကိုလိုက်နာကျင်သုံးတတ်စေရန်အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး။မြန်မာနိုင်ငံစာရင်းကောင်စီ။မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့ကတာဝန်ခံဆောင်ရွက်ရန်ဖြစ်ကြောင်း။မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှူအတွက်စာရင်းနှင့်စာရင်းစံများသည်လွန်စွာအရေးကြီးသဖြင့်လုပ်ငန်းဆောင်ရွက်ချက်စာရင်းမျာနှင့်စစ်ဆေးပြီးစာရင်းများသည်မှန်တချပ်သဖွယ်စာရင်းအမှန်ကိုထင်ဟပ်ပေါ်လွင်စေရန်ု။တိုင်ပြည်၏အသတင်တန်ဖိုးစာရင်းအမှန်ဖော်ပြနိုင်ပါကနိုင်ငံတကာရင်းနှီးမြှုပ်နှံမှူများကိုပြည်သူများသိရှိနားလည်ပြီးပါဝင်ကြိုးပမ်းနိုင်စေရန်လိုကြောင်းနှင့်အလုပ်ရှင်နှင့်အလုပ်လိုအပ်သူများချက်ဆက်နိုင်ရန်တိုကိုရည်ရွယ်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသူရဦးတင်ဦးနှင့်မြန်မာနိုင်ငံစာရင်းကောင်စီဝင်ဦးဝင်းသင်တို့မှလည်အဖွင့်အမှာစကားပြောကြားကြသည်။ယင်းနောက်အခမ်းအနားတက်ရောက်လာသူများသည်ပြပွဲအတွင်းခင်းကျင်းပြသထားသည့်ပြခန်းများကိုလှည့်လည်ကြည့်ရှူကြပါသည်။အဆိုပါပြပွဲကိုအမျိုးသားကဇာတ်ရုံတွင်ယနေ့မှစ၍ဇူလိုင် ၁၀ ရက်နေ့အထိ နေ့စဉ်နံနက် ၉း၃၀ မှညနေ ၄း၃၀အထိပြသသွားမည်ဖြစ်ပြီးဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများဖြစ်သည့်အခွန်ဆိုင်ရာ။နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်ဆိုင်ရာ။ပုဂ္ဂလိကပိုင်ကဏ္ဍစာရင်းစံဆိုင်ရာ။မြန်မာနိုင်ငံကမ္ပဏီများဥပဒေဆိုင်ရာ။စာရင်းပညာကျင့်ဝတ်ဆိုင်ရာနှင့်ရန်ကုန်စတော့အိတ်ချိန်းဆိုင်ရာဆွေးနွေးပွဲများလည်ပါဝင်မည်ဖြစ်ကြောင်းသိရသည်။စာရင်းနှင့်စာရင်းစစ်ပြပွဲ၂၀၁၆ကိုစာရင်းပညာခေတ်မှီရေး။စာရင်းစစ်လုပ်ငန်းလုပ်ကိုင်သူများ၏ကျင့်ဝတ်သိက္ခာမြင့်မားရေးနှင့်စာရင်းလုပ်ငန်းအရည်အသွေးပြည့်မှီရေး။နိုင်ငံပိုင်ကဏ္ဍနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံး၏ဘဏ္ဍာရေးအစီရင်ခံခြင်းကိုနိုင်ငံတကာစာရင်းစံ။စာရင်းစစ်စံများနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့်စာရင်းပညာဖြင့်အသက်မွေးဝမ်းကျောင်းသည့်လုပ်ငန်းများဖွံ့ဖြိုးတိုတက်လာခြင်းဖြင့်အလုပ်အကိုင်ရရှိမှူအခွင့်အလမ်းများပိုမိုလာစေရေးဟူသည့်ရည်ရွယ်ချက်များနှင့်အညီ၎င်းပြပွဲကိုစီစဉ်ကျင်းပရခြင်းဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329.

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS