Ayeyarwady Bank နှင့် Myanmar Imperial College တို့ပညာရေးချေးငွေအစီအစဉ်အတွက်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်း။4.11.2016
ဧရာဝတီဘဏ်နှင့် Myanmar Imperial College တို့ပညာရေးချေးငွေအစီအစဉ်အတွက်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားကို4.11.2016 ယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့ရှိဧရာဝတီဘဏ်ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအစီအစဉ်ကိုပြည်တွင်းပြည်ပရှိဘွဲ့နှင့်ဘွဲ့လွန်သင်တန်းများတွင်ပညာသင်ကြားလိုသူများအတွက်လုပ်ဆောင်ပေးခြင်ဖြစ်ပြီးလစဉ်ပုံမှန်အရစ်ကျပေးချေစနစ်ဖြင့်မိမိသင်ကြားလိုသည့်ဘာသာရပ်များကိုတက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။ဧရာဝတီဘဏ်၏ Education Loan ကိုရယူမည်ဆိုပါကသင်တန်းကြေး၏ 80 ရာခိုင်နှူန်းအထိချေးယူပြီအတိုးနှူန်းမှာတစ်နှစ်လျှင် 13 ရာခိုင်နှုန်းဖြင့်ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာအချိန်ကာလအများဆုံး 5 နှစ်ရရှိမည်ဖြစ်ကြောင်းသိရသည်။ယခုလို AYA Education Loan ၏ငွေချေပေးတဲ့အစီအစဉ်ကြောင့်အဆင့်မြှင့်ပညာရပ်များကိုဆက်လက်သင်ကြားလိုတဲ့ကျောင်းသား/ကျောင်းသူတွေအနေနဲ့အရည်အသွေးပြည့်မီတဲ့နိုင်ငံတကာအဆင့်မြင့်ပညာရပ်တွေကိုသင်ယူဖို့အခွင့်အလမ်းကောင်းတွေကိုပိုမိုရရှိလာနိုင်မှာဖြစ်ပြီဧရာဝတီဘဏ်နဲ့သဘောတူလက်မှတ်ရေးထိုးထားတဲ့ Strategy Firs Institiute( STI )နဲ့ Myanmar Imperial College(MIC )ဆိုတာကနိုင်ငံတကာအသိအမှတ်ပြုဘွဲ့နဲ့ဘွဲ့လွန်သင်တန်းတေ...