မြန်မာနိုင်ငံ၏အကြီးမားဆုံးနိုင်ငံတကာဆောက်လုပ်ရေးနှင့်အဆောက်အဦးပြပွဲဖြစ်သည့် Myanbuilld 2016 ပြပွဲတွင် AkzoNobel ကုမ္မဏီ၏ Dulux ပြခန်းလည်းပါဝင်ပြသလျှက်ရှိကြောင်းသိရသည်။အဆိုပါ AkzoNobel သည်အဆောက်အဦးနှင့်အိမ်သုတ်ဆေးများ( paints )အပေါ်ထပ်သုတ်ဆေးများ( coatings )မျာနှင့်အထူးဓာတုပစ္စည်းများအားထုတ်လုပ်နေပြီကမ္ဘာတဝှမ်းတွင်သစ်လွင်တောက်ပသောအရောင်အသွေးများကိုဦးဆောင်ထုတ်လုပ်နေသောကုမ္မဏီလည်းဖြစ်သည်။Duluz's Global Aesthetic Center ၏နိုင်ငံတကာဒီဇိုင်းနှင့်အရောင်ဆိုင်ရာစိတ်ကူးမျာသည်နောက်ဆုံးပေါ်လူနေမှူဘဝနှင့်ခေတ်ရေစီးလားရာ၏ဖွံ့ဖြိုးတိုးတက်မှူများ၏အရင်းအမြစ်ဖြစ်ပြီးလူမှူဘဝများသည် 2017 နှစ်တွင်မည်သို့ရှင်သန်နေထိုင်ကြမည်ကိုမိမိ၏အဆောက်အဦးကိုလှပတင့်တယ်စေရန်ရည်ရွယ်၍အကောင်းဆုံးကိုယ်စားပြုနိုင်မည့်အရောင်အသွေးလိုက်ဖက်မှူများကိုရွေးချယ်အသုံးပြုတတ်ရန်လိုအပ်ကြောင်းသိရသည်။AkzoNobel ၏ Dulux မှ အဆောက်အဦးနှင့်အိမ်သုတ်ဆေးများသည်နှစ်စဉ်တည်ဆောက်လျှက်ရှိသောတိုက်တာအဆောက်အအုံသစ်များ၏အနာဂတ်အရောင်အသွေးများအဖြစ်ထွက်ပေါ်လာဖြစ်သောအရည်အသွေးမြင့်ရောင်စဉ်ကာလာများဖြစ်သည်။2017 ခုနှစ်အတွက်အရောင်အသွေးမှာ" Denim Drift "မီးခိုးပြာရောင်စဉ်ဖြစ်ပြီးလှပခြင်း။တင့်တည်ခြင်း။အချိန်ကာလကန့်သတ်ချက်မရှိခြင်း။စွယ်စုံရတောက်ပသည့်အရောင်အသွေးအဖြစ်အသုံးပြုထားသည့်အပေါ်မူတည်၍ကွဲပြားခြားနားသည့်ပင်ကိုလက္ခဏာတခုကိုဆောင်ကျဉ်လာသည့်အသွေးအရောင်လည်းဖြစ်သည်။Paint Happy (TM) နည်းပညာဖြင့်ထုတ်လုပ်ထားသည့် Dulux ၏အဆောက်အဦးအတွင်းအလှဆင်သုတ်ဆေးများအနက်အဆိုပါသုတ်ဆေးမျာသည်အရောင်။အနုအရင့်။အလင်းအမှောင်တို့နှင့်သာသက်ဆိုင်သည်မဟုတ်ဘဲသက်တောင့်သက်သာရှိမှူ။အဆင်ပြေမှူနှင့်စိတ်ချယုံကြည်ရမှူတို့နှင့်လည်းသက်ဆိုင်ကြောင်းသိရသည်။Dulux ၏အဓိကအိမ်တွင်းအလှဆင်သုတ်ဆေးများကိုထူးခြားဆန်းသစ်စေသည့်နည်းပညာဖြင့်စီမံထုတ်လုပ်ထားပြီဆေးဖျော်စပ်မှူတွင်လည်သန့်ရှင်းစင်ကျယ်မှူရှိသောစတီးအိုးကြီးများကိုအသုံးပြုထားကြောင်းသိရသည်။အထူးသဖြင့်ဆေးသုတ်နေစဉ်အတွင်းအိမ်သုတ်ဆေးအနံ့များ၏ကသိကအောင့်ဖြစ်မှူကိုအနည်းဆုံးဖြစ်စေရန်ဖန်တီးထုတ်လုပ်ထားသည်။Paint Happy(TM)နည်းပညာကို Dulux PureAir (TM).Dulux Wash & Wear, Dulux Pentalite နှင့် Dulux Ambiance(TM)All ကဲ့သို့သောအရည်အသွေကောင်းမွန်သည့်အိမ်တွင်းအလှဆင်သုတ်ဆေးများအားလုံးတွင်ရရှိနိုင်ပြီဖြစ်ပြီးအိမ်ခန်းပိုင်ရှင်များ။တိုက်ခန်းပိုင်ရှင်များအနေဖြင့်မိမိစိတ်ကြိုက်အရောင်အသွေးများကိုဖန်တီးနိုင်၍အခန်းနှင့်ပတ်သက်သည့်နှစ်သက်စိတ်ကျေနပ်မှူကိုရရှိစေနိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Showing posts with label Ltd ၏ Dulux News. Show all posts
Showing posts with label Ltd ၏ Dulux News. Show all posts
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...