Creation Strength Co.Ltd International Catering Group မှကြီးမှူး၍ The Famous Restaurant from Taiwam နှင့် Jan Jan Jan & Japanese Ramen.ရန်ကုန်မြို့ ပြည်လမ်းရှိNovotel Hotelတွင် Creation Strength Co.Ltd နှင့်တရုတ်နိုင်ငံထိုင်ဝမ်မြို့ရှိနာမည်ကျော် SheenHo စားသောက်ဆိုင်စီးပွားရေးလုပ်ငန်းစု၏မြန်မာနိုင်ငံအတွင်းတွင်အဆင့်မြင့်စားသောက်ဆိုင်ကြီးများကိုသန့်ရှင်းခန့်ငြားစွာတဦးတည်းဖွင့်လှစ်လုပ်ကိုင်ခွင့်ပေးအပ်ခြင်နှင့် Master Franchise အဖြစ်ခန့်အပ်ခြင်းနှစ်ဦးသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုကျင်ပပြုလုပ်ခဲ့ပါသည်။Creation Strength Co.Ltd. မှမြန်မာနိုင်ငံတဝှမ်းအတွင်းတွင်တဆင့်ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသောစီးပွားရေးလုပ်ငန်းရှင်များအား Franchise Restaurant ဆိုင်သစ်ကြီးများကိုအဆင့်မြင့်စားသောက်ဆိုင်လုပ်ငန်းရှင်များအဖြစ်လုပ်ပိုင်ခွင့်များတရားဝင်ပေးအပ်၍စားသောက်ဆိုင်လုပ်ငန်းများကိုဖွင့်လှစ်လုပ်ကိုင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။Creation Strength Co.Ltd.၏လုပ်ငန်းရည်ရွယ်ဖြစ်သည့်"မြန်မာနိုင်ငံအတွင်းကြီးမားသောဝန်ဆောင်မှုဦးစားပေးစီးပွားရေးဆိုင်ရာကုမ္မဏီအုပ်စုဖြစ်ရမည်"ဆိုသည့်အတိုင်းဝန်ဆောင်မှုဦးစားပေးသောစီးပပွားရေးလုပ်ငန်းများကိုနိုင်ငံတကာနှင့်ချိတ်ဆက်၍တိုးချဲ့လုပ်ဆောင်ပေးလျှက်ရှိရာယခုလိုနိုင်ငံတကာစားသောက်ဆိုင်မျာဖွင့်လှစ်နိုင်ရန်ဝန်ဆောင်မှုစတင်ပေးခြင်းဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံအတွင်းတွင်စီးပွားရေးအခွင့်အလမ်းများအထူးအခွင့်အရေးရရှိလာခြင်းနှင့်အတူနိုင်ငံတကာမှရင်းနှီးမြှုပါမှုများလည်းတစတစတိုးတက်များပြားလာလျက်ရှိရာနိုင်ငံတကာစံနှန်းများအတိုင်းသန့်ရှင်းလတ်ဆတ်ကောင်းမွန်သောစားသောက်ဆိုင်သစ်ကြီးဖွင့်လှစ်လုပ်ကိုင်ခြင်းသည်ကြီးမားသောဝန်ဆောင်မှုကိုဦးစားပေး၍အခွင့်အလမ်းကြီးမားသောစီးပွားရေးလုပ်ငန်းအဖြစ်ရပ်တည်လာနိုင်ပြီဖြစ်သည့်အတွက် Creation Strength Co.Ltd သည်မြန်မာနိုင်ငံရှိစားသုံးသူမိဘပြည်သူများအတွက်ကျန်းမာသန့်ရှင်းလတ်ဆတ်ပြီပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်ပြီနိုင်ငံတကာအဆင့်ရှိစားသောက်ဆိုင်ကြီးများဖွင့်လှစ်ပေးခြင်းကိုစတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Showing posts with label The Famous Restaurant News. Show all posts
Showing posts with label The Famous Restaurant News. Show all posts
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...