PSI Myanmar Aphaw နှင့် Media ချိတ်ဆက်ခြင်း။10.6.2016.Yangon
PSI / Myanmar မှ Aphaw Condom နှင့် Media များနဲ့ချိတ်ဆက်ခြင်းအခမ်းအနားကိုရန်ကုန်မြို့ရှန်ဂရီလာဟိုတယ်ကုန်းဘောင်ခန်းမတွင်10.6.2016 ။ နေ့လည် ၂း၀၀ တွင်ကျင်းပပြုလုပ်ရာအခမ်းအနားမှူးဦးဇော်မင်းဦး( PSI / Myanmar )အစီအစဉ်များကိုဖတ်ကြားတင်ပြအပြီးMr.Barr Whittle မှယခုပွဲနှင့်ပါတ်သက်၍အဖွင့်အမှာစကားပြောကြားသည်။PSI Condom နှင့် Media အဖွဲ့အစည်းနှင့်ချိတ်ဆက်ရခြင်းကြောင့်အများပြည်သူများဖြစ်သည့်အမျိုးသား/ အမျိုးသမီးတို့အတွက်ရရှိလာမည့်အကျိုးကျေးဇူးရလဒ်များအကြောင်းကိုဒေါက်တာမြနှောင်းညိုကရှင်းလင်းပြောကြားပါသည်။PSI နှင့် Condom ဈေးကွက်အရောင်းတွင်ကျယ်မှုကိုဒေါက်တာဦးတင်အောင်မှရှင်းလင်းတင်ပြအပြီးPSI Myanmar Aphaw Slogan Contest ဆောင်ပုဒ်ပြိင်ပွဲနှင့်ပါတ်သက်သည့်ရည်ရွယ်ချက်။ပြိုင်ပွဲနည်းလမ်းနှင့်ပေးအပ်မည့်ဆုများအကြောင်းကို Marketing Communication မှ တာဝန်ရှိသူ Director တဦးဖြစ်သူ နန်းသပြေဝင်းမြင့်မှရှင်းလင်းတင်ပြသည်။Aphaw ဆောင်ပုဒ်ပွဲကိုဇွန်လ ၂၀ ရက်မှဇူလိုင်လ ၃ ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်သည်။မိမိကိုတိုင်ရေးသားထားသည့်စာလုံးရေ ( ၁၅ )လုံးမပိုသော Aphaw ဆောင်ပုဒ်ကို Aphaw Myanmar Facebook ...