ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းနှင့်မြန်မာအော်တစ်ဇင်အသင်းရန်ကုန်တို့ပူးပေါင်း၍အော်တစ်ဇင်အကြောင်းသိကောင်စရာများဟောပြောပွဲကို25.6.2016.ဇွန်လ - နံနက်9း00 နာရီတွင်ရန်ကုန်မြို့ပြည်လမ်းမပေါ်ရှိ IBC ( International Business Center ).၌ကျင်းပပြုလုပ်ရာယင်းအခမ်းအနားသို့ကမ္ဘောဇအုပ်စုကုမ္ပဏီလီမိတက်မှအုပ်ချုပ်မှူဒါရိုက်တာများဖြစ်ကြသောဦးမိုးဆန်းအောင်နှင့်ဦးထွန်းလင်း။ကမ္ဘောဇဘဏ်လီမိတက်ဒုတိယအုပ်ချုပ်မှူဒါရိုက်တာဒေါ်မြင့်မြင့်ချို။အထွေထွေမန်နေဂျာဦးအောင်ကျော်စိုး။အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှတာဝန်ရှိပုဂ္ဂိုလ်များ။မြန်မာနိုင်ငံအော်တစ်ဇင်အသင်းရန်ကုန်မှအတိုင်ပင်ခံပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော်။အတိုင်ပင်ခံအကြံပေးဒေါက်တာတင်မဖြူ။အော်တစ်ဇင်အသင်းဥက္ကဌဒေါက်တာမြင့်လွင့်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ။အထူးဖိတ်ကြားထားသူများအဆိုပါအခမ်းအနားသို့တက်ရောက်ကြသည်။ရှေးဦးစွာကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေရှင်းဥက္ကဌကိုယ်စားကမ္ဘောဇအိုပ်စုကုမ္ပဏီလီမိတက်အုပ်ချုပ်မှူဒါရိုက်တာဦးမိုးဆန်းအောင်ကအဖွင့်အမှာစကားပြောကြားသည်။ထို့နောက်မြန်မာအော်တစ်ဇင်အသင်းအတိုင်ခံပါမောက္ခဒေါက်တာဥာဏ်ဝင်းကျော်ကအာရုံကြောဖွံ့ဖြိုးမှူဆိုင်ရာရောဂါများနှင့်ပါတ်သက်၍ရှင်းလင်းပြောကြားပါသည်။ယင်းနောက်အော်တစ်ဇင်ဖြစ်ပေါ်လာရခြင်း၏အနက်အဓိပ္ပာယ်သဘောသဘာဝတရားများကိုဒေါက်တာမြင့်လွင်က၎င်းဖြည့်စွက်ရှင်းလင်းတင်ပြအပြီးမြန်မာနိုင်ငံအော်တစ်အသင်းရန်ကုန်၏အတိုင်ပင်ခံဒေါက်တာတင်မဖြူကအော်တစ်ဇင်များ၏ဓလေ့စရိုက်။သင်ကြားမှူပုံစံတို့ကိုရုပ်ပုံကားချပ်သရုပ်ပြဆလိုက်များဖြင့်အသေးစိတ်ရှင်းလင်းပြောကြားပါသည်။မြန်မာနိုင်ငံ၏အော်တစ်ဇင်အသင်းရန်ကုန်အနေဖြင့်ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေရှင်းအနေနှင့်ပထမဆုံးအကြိမ်ပူးပေါင်း၍ယခုကဲ့သို့ဟောပြောပွဲကျင်းပရခြင်းဖြစ်ပြီးဆက်လက်၍လည်းအော်တစ်ဇင်နှင့်ပါတ်သက်သည့်လုပ်ငန်းများကိုဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Showing posts with label အော်တစ်ဇင်လုပ်ငန်းသတင်း. Show all posts
Showing posts with label အော်တစ်ဇင်လုပ်ငန်းသတင်း. Show all posts
Sunday, June 26, 2016
အော်တစ်အကြောင်းသိကောင်းစရာဟောပြောပွဲကျင်းပခြင်း။25.6.2016.Yangon.IBC
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...