Showing posts with label MPT ၏ Mobile အယ်ပလီကေးရှင်အသစ် APPBOX News. Show all posts
Showing posts with label MPT ၏ Mobile အယ်ပလီကေးရှင်အသစ် APPBOX News. Show all posts

Friday, November 10, 2017

MPT ၏ မိုဘိုင်းလ်အက်ပလီကေးရှင်းအသစ် APPBOX မိတ်ဆက်ခြင်း။9.11.2017

MPT ၏ မိုဘိုင်းလ်အက်ပလီကေးရှင်းအသစ် APPBOX မှတဆင့်မိုဘိုင်းလ်ဂိမ်းများအကန့်အသတ်မရှိရယူနိုင်မည့်အကြောင်းစာနယ်ဇင်းရှင်လင်းခြင်းအခမ်းအနားကို 9.11.2017 နေ့၌ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးချုပ်တည်ရှိရာဒုတိယထပ်ရှိအစည်းအဝေးခန်းမတွင်ကျင်းပပြု့လုပ်ရာ MPT မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် MPT-KSGM Joit Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda ကရှင်းလင်းပြောကြေားရာတွင် "  ဂိမ်းဝါသနာရှင်များအတွက်မိတ်ဆက်ပေးလိုက်တဲ့ APPBOX ကနေ Mobile Phone နဲ့ဆော့ကစားနိုင်တဲ့ဂိမ်းအများအပြားကိုအသုံးပြုနိုင်ရန် Google Play Store တွင် Download ရယူကစားနိုင်ပြီ httး // xrink.me/BOEoi တွင်လည်း Download ရယူအသုံးပြုကစားနိုင်ကြောင်သိရသည်။သုံးစွဲသူများအနေဖြင့် Cut the Rope 2 ။ Tag the Frog ။ 3D Tower Box ။Snakes.io နှင့် Garfield kart ကဲ့သို့သောနာမည်ကျော်ဂိမ်းအများစုကိုစိတ်တိုင်းကျကစားနိုင်မည်ဖြစ်သည်။အဆိုပါဂိမ်းများကိုလုံခြုံစိတ်ချရသော app store ဖြစ်သည့် APPBOX မှ Download ရယူနိုင်မည်ဖြစ်ပြီးအက်ပလီကေးရှင်းအမည်။အမျိုးအစားနှင့်ကဏ္ဍအလိုက် Keyword များဖြင့်အလွယ်တကူရှာဖွေနိုင်မည်ဖြစ်သည်။ထို့အပြင်လစဉ်လတိုင်းနောက်ဆုံးပေါ်နာမည်ကျော်ဂိမ်းအသစ်များစွာကိုထည့်သွင်းပေးသွားမည်ဖြစ်သောကြောင့်အမျိုးအစားစုံလင်လှသည့်ဂိမ်းအမျိုးအစားများစွာကိုစစ်ထုတ်ရှာဖွေနိုင်မည်ဖြစ်ကြောင်းသိရသည်။ထို့အပြင်သုံးစွဲသူများ၏စိတ်ဝင်စားမှူအလိုက်ဆန်သစ်သောဂိမ်းများကိုစဉ်ဆက်မပြတ်ဖော်ပြပေးမည့် Content Catalogue တစ်ခုလည်ပါဝင်မည်ဖြစ်ပြီးယခုမှစတင်ကာ Android OS Mobile ထုတ်ကုန်များကိုအင်တာနက်ဖြင့်ချိတ်ဆက်၍ Android Version 4.2 သို့အဆင့်မြှင့်တင်ပြီးဂိမ်းများကို Download ရယူကစားနိုင်ပြီဖြစ်ကြောင်းသိရသည်။ပထမတပါတ်စာတွင်အခမဲ့အသုံးပြုခွင့်ပေးထားပြီး၎င်းရက်သတ္တပတ်ပြီးဆုံးသွားပါကနေ့စဉ်ကြေး 250 ကျပ်( ကုန်သွယ်ခွန်ပါဝင်ပြီး ) ဖြင့်သုံးစွဲနိုင်မည်ဖြစ်သည်။အသုံးပြုပြီးမှငွေပေးချေသည့်( Post - Paid )အစီအစဉ်ဖြင့်အသုံးပြုသူများကိုသုံးစွဲထားသည့်ပမာဏလိုက်လစဉ်ထည့်သွင်းကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါအက်ပလီကေးရှင်းကိုAndroid 4.2 စနစ်အထက်ပါရှိသောမည်သည့်ဖုန်းအမျိုးအစားတွင်မဆိုအသုံးပြုနိုင်ပြီးမိမိစိတ်ကြိုက် Online (သို့မဟုတ်)Offline ဂိမ်းများရွေးချယ်ကစားနိုင်မည်ဖြစ်ကာနေ့စဉ်ကြေးမှအပအခြားမည်သည့်အခကြေးငွေများထပ်မံပေးဆောင်ရန်မလိုဘဲအသုံးပြုနိုင်မည်ဖြစ်ပြီလာမည့်ဒီဇင်ဘာလမှစတင်၍ကံစမ်းမဲအစီအစဉ်များပါဝင်ဖြစ်သည်။ဆုလက်ဆောင်အဖြစ် Samsung Galaxy S8 ။ MPT စမတ်ဖုန်းများ။Mi Band အားကစားလက်ပတ်များ။Remax ဂိမ်းလက်ကိုင်များနှင့်Remax အားသွင်တုံးတိုကိုလက်ဆောင်အဖြစ်ပိုင်ဆိုင်ရရှိမည်ဖြစ်သည်။အဆိုပါအက်ပလီကေးရှင်းနှင့်ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကိုသိရှိလိုပါက httpး//www.mpt.com.mm( သို့မဟုတ် ) httpး//www.facebook.com/mptofflciapage တွင်ဖတ်ရူလေ့လာနိုင်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS