Showing posts with label 6th.Korea- Myanmar Ocean Forum 2017 News. Show all posts
Showing posts with label 6th.Korea- Myanmar Ocean Forum 2017 News. Show all posts

Tuesday, March 7, 2017

6th'Korea - Myanmar Ocean Forum 2017/ 7.3.2017

6th.Korea - Myanmar Ocean Forum  2017 စာတမ်းဖတတ်ပွဲအခမ်းအနားကိုမြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်နှင့်ကိုရီယားသမ္မတနိုင်ငံ Korea Maritime Institute (KMI )တို့၏ပူးပေါင်းဆောင်ရွက်မှူအစီအစဉ်အရ 7.3.2017 ရက်နေ့-နေ့လည်ပိုင်းတွင် Sule Shan-grilr Hotel ၌ကျင်းပပြုလုပ်ရာ Korea Maritime Institute( KMI )မှ Vice Presdent  Joung Myung Saeng နှင့် KMI မှတာဝန်ရှိပုဂ္ဂိုလ်များ။မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှပါမေက္ခချုပ်-ဒေါက်တာမြတ်လွင်နှင့်ဘာသာရပ်ဆိုင်ရာပါမောက္ခဌာနမှူးများ။ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်နှင့်တာဝန်ရှိသာများဖိတ်ကြားထာသည့်အထူးဧည့်သည်တော်များစာတမ်းပြုစုသူပညာရှင်များနှင့်ပါဝင်ဆွေးနွေးကြမည့်ပညာရှင်များအဆိုပါအခမ်းအနားသို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။ယခုကဲ့သို 6 th.Korea Myanmar Ocean Forum ဆွေးနွေးပွဲကိုကျင်းပရခြင်းမှာအာရှဒေသရှိဖွံ့ဖြိုးဆဲနိုင်ငံများအားပင်လယ်ရေကြောင်းဘက်ဆိုင်ရာမှတဆင့်စီးပွားရေးလုပ်ငန်းမျာဆောင်ရွက်ရာတွင်အရည်အသွေးမြှင့်တင်ပေးနိုင်ရန်ဖြစ်ပြီး Korea- Myanmar ရေကြောင်းလမ်းဘက်ဆိုင်ရာသုတေသနစီမံကိန်းလုပ်ငန်းများအားပိုမိုတိုးတက်အောင်မြင်ရေးအတွက်ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက်စာတမ်းဖတ်ဆွေးနွေးကြခြင်းဖြစ်ကြောင်းသိရသည်။6 th.Korea Myanmar Ocean 2017 ဆွေးနွေးပွဲတွင် Korea နိုင်ငံမှ Professor Kim Do Hoo.Director Byun Kyunv Dae နှင့်မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးစိုးထွန်းတို့မှစာတမ်းများကိုရှင်းလင်းဖတ်ကြားခဲ့ပြီး Korea စီပွားရေးပညာရှင်များနှင့်မြန်မာနိုင်ငံ MPFA မှအလုပ်အမှူဆောင်အဖွဲ့ဝင် ဦးအောင်ဖေ။မြိတ်တက္ကသိုလ်မှပါမောက္ခ ဒေါက်တာနန်းမြဟန်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှဒုတိယညွှန်းကြားရေးမှူးဒေါက်တာ စုမျိုးသွယ်တို့မှစာတမ်းများနှင့်ပတ်သက်၍ပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။Korea-Myanmar Ocean Forum 2017 စာတမ်းဖတ်ပွဲကို 2011 ခုနှစ်မှစတင်၍မြန်မာနိုင်ငံတွင်နှစ်စဉ်ဆွေးနွေးခြင်းကိုကျင်းပပြုလုပ်ခဲ့ပြီးရေကြောင်းနှင့်ငါးလုပ်ငန်းဆိုင်ရာစာတမ်းများအား Korea နှင့် Myanmar နိုင်ငံမှကျွမ်းကျင်သူစီပွားရေးပညာရှင်များကစာတမ်းများအားရှင်းလင်းဖတ်ကြားခဲ့ကြောင်းသိရှိရသည်။ 6th. Korea - Myanmar Ocean Forum 2017 စာတမ်းဖတ်ဆွေးနွေးကိုကျင်းပပြုလုပ်နိုင်ခဲ့ခြင်းကြောင့်Korea Myanmar ရေကြောင်းဘက်ဆိုင်ရာလုပ်ငန်းများပိုမိုတိုးတက်အောင်မြင်နိုင်စေရန်ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီးမြန်မာနိုင်ငံ၏ရေကြောင်းကဏ္ဍနှင့်ငါးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS