Showing posts with label One Championship MMA ပြိုင်ပွဲ သတင်း. Show all posts
Showing posts with label One Championship MMA ပြိုင်ပွဲ သတင်း. Show all posts

Monday, October 10, 2016

မစ်ဒယ်ဝိတ်တန်း၏ကမ္ဘာ့ချန်ပီယံဖြစ်ရေးအောင်လအန်ဆိုင်းကမက်စတာနက်ခ်ကိုဒိုင်အမှတ်ဖြင့်အနိုင်ရ။Yangon-October 7

မြန်မာနိုင်ငံ၌One Championship အဖွဲ့ကဦးဆောင်ကာ 3rd ကြိမ်မြောက်စီစဉ်ကျင်းပသည့်ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံဖြင့်ယှဉ်ပြိုင်သည့်( MMA )ပြိုင်ပွဲကြီးကို( 7. 10. 2016 )နေ့ည 7 နာရီကရန်ကုန်မြို့သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ ( 1 )၌ကျင်းပပြုလုပ်ရာကချင်ပြည်နယ်ဖွားအောင်လအန်ဆိုင်းကပက်စတာနက်ခ်( ပိုလန်နိုင်ငံ ) ကိုဒိုင်အမှတ်ဖြင့်MMA နည်းနှင့်ချုပ်သိုင်းထိုးသတ်အကွက်ဖြင့်အနိုင်ရရှိခဲ့သည်။ထို့ကြေင့်အောင်လမျှော်မှန်းထားသည့်One Championship မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံရွှေခါးပတ်လုပွဲကိုအိပ်မက်မက်ခွင့်ရရသွားပြီဖြစ်သည်။လက်ဝှေ့ပွဲပရိတ်သတ်၏စိတ်ဝင်စားမှူအမြင့်မားဆုံးဖြစ်သည့်မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆိုင်းနှင့်ပိုလန်နိုင်ငံသားမိုက်ကယ်ပတ်စ်တာနက်ခ်တို့ယှဉ်ပြိုင်မှူတွဲဆိုင်းတွင်ပတ်တာနက်ခ်ကအောင်လထက်အရပ်အနည်းငယ်မြင့်မားသော်လည်းပြိုင်ပွဲစတင်သည့်နှင့်မြန်မာ့စပါးကြီးမြွေအေင်လကိုအားပေးသံကလက်ဝှေ့ပွဲရုံတခုလုံးဟည်းထွက်လာသည်။ပထမအချိတွင်ပတ်တာနက်ခ်ကသူ၏နပန်းတိုက်ကွက်၏အားသာချက်အသုံးချ၍လှဲချအနိုင်ယူရန်ကြိုးစားသော်လည်မအောင်မြင်ခဲ့ပေ။ထိုစဉ်မှာပင်အောင်လ၏အမှတ်မထင်ညာထောက်လက်သီးတလုံးကပတ်စ်နက်ခ်၏မျက်နှာကိုအပိုင်ထိုးချက်ဖြင့်သွေးကျစေခဲ့သည်။ဒုတိယအချီတွင်ပတ်စ်တာနက်ခ်၏သက်လုံကောင်းမှူနှင့်ကြံ့ခိုင်မှူစွမ်းရည်ကျလာသည်။တတိယအချီဖြစ်သည့်နောက်ဆုံးအချီတွင်အောင်လပတ်စ်နက်ခ်ကိုအပေါ်စီးမှလှဲချချုပ်သိုင်းကာပတ်တတောင်ရိုက်ချက်ကိုအသုံးချပြီပတ်စ်တာနက်ခ်ကိုအနိုင်ယူခဲ့သဖြင့်ပရိတ်သတ်အကြိုက်နှစ်သက်ဆုံးပြိုင်ပွဲတပွဲဖြစ်ခဲ့သည်။ယခုကျင်းပပြုလုပ်သည့်One Championship ၏မြန်မာနိုင်ငံတွင်တတိယအကြိမ်မြောက်ကျင်းပသောကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ( MMA )ပြိုင်ပွဲတွင်မြန်မွာဲဆိုင်းလေးဆိုင်း။ပြည်ပ MMAလက်ဝှေ့ကျော်ငါးဆိုင်းစုစုပေါင်းလက်ဝှေ့တွဲဆိုင်းကိုးဆိုင်းယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။မြန်မာတွဲဆိုင်းများဖြစ်သည့်ကပ္ပလီနှင့်ဖိုးသော်ပွဲစဉ်တွင်ဖိုးသော်ကပထမအချီမှာပင်ဒိုင်ပွဲရပ်ဖြင့်လည်းကောင်း။ရဲရင့်အောင်နှင့်စောရန်ပိုင်တို့ပွဲစဉ်တွင်စောရန်ပိုင်ဒိုင်အမှတ်ဖြင့်လည်းကောင်း။စောဘဦးနှင့်ကြယ်စင်ဖြိုးတို့ပွဲစဉ်တွင်လည်စောဘဦးကဒိုင်အမှတ်ဖြင့်လည်းကောင်းအနိုင်ရရှိခဲ့ပြီရှေ့နှစ်ပွဲများတွင်အနိုင်ရခဲ့သည့်ဖိုးသော်နှင့်စောရန်ပိုင်တို့ဖိုင်နယ်ပွဲစဉ်အဖြစ်ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ရာတွင်ဖိုးသော်ကဒိုင်ပွဲရပ်ဖြင့်စောရန်ပိုင်ကိုအသားစီးမှထိုးသတ်ကာအနိုင်ယူခဲ့သည်။ဒီပြိုင်ပွဲတွင်အောင်လအန်ဆိုင်းသည်၎င်း၏ဂျုဂျစ်စုနည်းကိုအသုံးပြုယှဉ်ပြိုင်ခြင်းမရှိဘဲခြေကန်ချက်။လက်သီး။တတောင်။ဒူးတိုက်ချက်တို့ဖြင့်အနိုင်ယူထိုးသတ်ခဲ့သည်။ဂျုဂျစ်စုနည်းတွင်ကျွမ်ကျင်သောပတ်စ်နက်ခ်ကသူမျှော်မှန်းထားသလိုမဖြစ်လာဘဲအောင်လအန်ဆိုင်း၏လျှင်မြန်လှသည့်ထိုးချက်များတွင်ဒိုင်အမှတ်ဖြင့်အရှုံးပေးခဲ့ရကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS