Showing posts with label Developer Conference 2016 News. Show all posts
Showing posts with label Developer Conference 2016 News. Show all posts

Wednesday, November 23, 2016

Developer Conference 2016.Yangon.ကျင်းပမည်။23.11.2016

ရန်ကုန်မြို့တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သော Developer Conference ၏ဆဋ္ဌမအကြိမ်မြောက်နှီးနှောဖလှယ်ပွဲကို2016 -ဒီဇင်ဘာလ 17 ရက်နှင့် 18 ရက်နေ့များတွင်ရန်ကုန်မြို့လှိုင်တက္ကသိုလ်ဝင်းအတွင်းရှိ Myanmar Information & Communiation Technology Park ( MICT  Park ) ၌  Myanmar Computer Professionals Association( MPCA )မှကြီးမှုး၍ကျင်းပပြုလုပ်ဖြစ်ကြောင်းသိရသည်။Developer Conference ( Dev Con )သည်ရန်ကုန်မြို့နှင့်မြန်မာပြည်တဝှမ်းရှိ Computer. Software . Networking နှင့် IT နည်းပညာလုပ်ငန်းရှင်များ။ IT အတတ်ပညာရှင်များ။Computer နှင့် IT ကျောင်းများ။တက္ကသိုလ်များမှ ပါမောက္ခ ။ ဆရာ ။ ဆရာမများ။နိုင်ငံခြားရောက်မြန်မာပြည်မှ IT ပညာရှင်များ။နိုင်ငံခြားနည်းပညာတက္ကသိုလ်နှင့်လုပ်ငန်နယ်ပယ်များမှပညာရှင်များကနှစ်စဉ်စုဝေးကာအသိပညာ။အတတ်ပညာ။နောက်ဆုံးပေါ် IT နည်းစနစ်များနှင့်တိုးတက်ပြောင်းလဲလာသော IT နည်းပညာများကိုတင်ပြဆွေးနွေးဖလှယ်ကြမည့်တခုတည်းသောစုဝေးဆွေးနွေးပွဲတရပ်လည်းဖြစ်သည်။Developer Conference 2016 တွင် Business side of Software.Security.Software Development and Languages. Experience /  Case Studies.Trends ( Cloud. IoT .XaaS.Big Data.Apps.AI. Bots ) UI / UX . Others  software related စသည့်နည်းပညာများကို IT ဈေးကွက်ထဲတွင်လက်တွေ့လုပ်ကိုင်နေကြသောပညာရှင်များကလာရောက်၍တင်ပြဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။Developer Conference ဖြစ်မြောက်ရေးအတွက်ပြည်တွင်းပြည်ပနည်းပညာကုမ္ပဏီများစွာတို့မှတက်ကြွပါဝင်၍ပံပိုးကူညီထားပြီးMedia Parter များအဖြစ် Internet Journal.Teach Space နှင့် Itizen နည်းပညာစာစောင်များမှလည်းနှစ်စဉ်ပါဝင်ပံပိုးထားကြကြောင်းသိရသည်။တက်ရောက်လိုသူများအနေဖြင့် online မှမှတ်ပုံတင်ပြီးလက်မှတ်ဝယ်ယူနိုင်ပြီတက်ရောက်ခွင့်လက်မှတ်ခမှာငွေကျပ် 10000 ကျသင့်ပါမည်။ပွဲမတိုင်ခင်လာရောက်ဝယ်ယူသူများအနေဖြင့် 5000 ကျပ်ဖြစ်ပြီး MCPA  Student Member များ။ကျောင်းသူ / ကောင်းသားများအတွက်မူငွေကျပ် 3000 ကျသင့်ပါမည်။MCPA  Professional Member များအနေဖြင့်ဝင်ခွင့် Free ရရှိမှာဖြစ်သည်။ပွဲနေ့တွင်လာရောက်ဝယ်ယူသူများအတွက်မူ Full Charge ကျသင့်ပါမည်။Developet Conference ၏ ပင်မ Website မှာ www.devconmyanmar.org ဖြစ်ပြီးနောက်ဆုံးရအသေးစိတ်သတင်းများကို၎င်း Website တွင်ရှာဖွေဖတ်ရှူနိုင်ပါသည်။အသေးစိတ်စုံစမ်းသိရှိလိုပါက MCPA office 01.652276 / 0973088300 သို့ဆက်သွယ်မေးမြန်းနိုင်ပြီး Email - office@mcpamyanmar.org သို့စုံစမ်းနိုင်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS