Posts

Showing posts from April, 2016

Us နဲ့ California နယ်စပ်က မူးယစ်ဆေး လှိုင်ခေါင်း

Image
လှိုင်ခေါင်းကို အမေရိကန် California နဲ့ Mexico နယ်စပ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး CALIFORNIA ပြည်နယ်အတွင်း တွေ့ရသမျှ မူးယစ်ဆေးသိုဝှက်ရာ လှိင်ခေါင်းများထဲ အရှည်ဆုံးလှိုင်ခေါင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။ လှိုင်ခေါင်းအတွင်းမှ ကိုကိန်း ၁ တန် နှင့် ဆေးခြောက် ၇ တန် တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။ အဆိုပါလှိုင်ခေါင်းမှာ မိုင်ဝက် ခန့်ရှည်လျားကာ ၃ပေ ကျယ်ဝန်းပြီး ရထားလမ်းစနစ် ၊ အလင်းရောင်ရရှိရန်စနစ်များ ပါရှိပြီး ကြီးမားတဲ့ ဓာတ်လှေကားတစ်ခုပင် ပါဝင်နေသေးသည်။ Translated by A.M. M Google Map Gettin photo:  Internet  Gettin photo: Internet  Gettin photo: Internet 

အပြောင်းအလဲနှင့် ရန်ကုန်သင်္ကြန်

Image
ခါတိုင်းနှစ်များလို  ရေပိုက် ဘယ်နှစ်ရာ ... မီးသတ်ပိုက် ဘယ်နှစ်ဆယ် ... စသည်ဖြင့် မဏ္ဍပ်ကြီးတွေ များ သိသိသာသာပင် မရှိတော့သော်လည်း ၁၃၇၇ခုနှစ်၏ ရန်ကုန်သင်္ကြန်သည် အမှန်တကယ်ကိုပင် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။ အစိုးရသစ် တက်လာအပြီး ပထမဆုံး ကျင်းပသော ရန်ကုန်သင်္ကြန်ကို ဝေဘန်မှုများကြားမှ အကောင်းမွန်ဆုံးနည်းလမ်းဖြင့် အောင်မြင်စွာ ကိုင်တွယ်ပြလိုက်ခြင်းဖြင့် Democracy အစိုးရ ဦးဆောင်သော ရန်ကုန်တိုင်း ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို လက်တွေ့ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၁၃၇၇ သင်္ကြန်အတက်နေ့ ရန်ကုန်၏ ဓာတ်ပုံအချို့ကို ကြည့်ရှုခံစားရင်း ... အပြောင်းအလဲဆိုသည်ကို သုံးသပ်ရင်း နှင့် ကြည်နှုးမှုများ မျှဝေခံစားနိုင်ကြပါစေ။ နှစ်သစ်မှာ မြန်မာ တစ်ပြည်လုံး ဘေးဘယာ ကင်းဝေးပြီး တည်ငြိမ် အေးချမ်း ပျော်ရွှင်စွာ နိုင်ငံတော်ကြီး တိုးတက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။ ကမ္ဘာကြီးနှင့် ပြန်လည်ရင်ဘောင်တန်းနိုင်သော ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ဝံ့ကြွားနိုင်ပါစေ ... ဟု ... မြန်မာပြည်ကြီးအတွက်လည်း ဆုမွန်ကောင်း...

၁၃၇၇ ခုနှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲ ပုံရိပ်များ

Image
သင်္ကြန် အကြိုနေ့ Photo-Aung Myint Naing Photo-Aung Myint Naing Photo-Aung Myint Naing Photo-Aung Myint Naing

ကျွန်တော် တော့ ဒီလို ခံစားရတာပါပဲ Written By ... ဘုဏ်းသိုက်

တစ်ခါတစ်လေ ကျတော့လည်း ကိုယ်နဲ့ တိုက်ရိုက်မပတ်သတ်ပေမယ့် ဖေ့ဘွတ် ဖွင့်လိုက်တာနဲ့(ဖေ့ဘွတ် ရပ်ကွက်ထဲ ဝင်လိုက်တာနဲ့) ပြောနေ ဆိုနေကြတာတွေကို မြင်ရကြားရတဲ့ အခါ ဝင်ဝင်ပြောတတ်တာ ကိုယ့်သဘာဝမဟုတ်ပေမယ့် အခုလို လျှာယား လာတဲ့အခါမျိုးဆိုရင်တော့ ဝင်ပြောလိုက်တယ် ။ " ဗေလုဝ " ထူးခြားတဲ့ ရုပ်ရည် ( တော်တော် မလှဘူးလို့ တောင် ပြောလို့ ရပါတယ်)ခန္တကိုယ်နဲ့ မလိုက်ဖက်တဲ့ စကားလုံးကြီးကြီးတွေ ပြောတတ်တဲ့ ဇာတ်ကောင်စရိုက်မျိုး ရှိသူ ..ဗေလုဝ ကို ပေါ်ကာစက တော်တော်လေး သဘောကျတယ်။ကြိုက်တယ်။ နောက်ပိုင်း ဟစ်ဟော့ ပုံစံတွေ ဝတ် | အင်္ဂလိပ်စကား လုံး အသံထွက်တွေကို အစပ်ဆက် မရှိ စကားပြောလိုလို ဘာလိုလို ခပ်တည်တည် ဖြီးဖြန်းတဲ့ သရုပ်ဆောင်မှုတွေ နဲ့ ဗေလုဝဆိုတာကြီးကို အတင်းလုပ်ပြီး သရုပ်ဆောင်လာတဲ့အခါ မကြိုက်တော့ဘူး။ ဒါပေမယ့် သူအခု အကယ်ဒမီရတဲ့ကား ရုံတင်တော့ သွားကြည့်မိတယ် ..။ မဂွမ်းပုံ ရဲ့ သရုပ်ဆောင်မှု ဟာ ကြည့်နေရင်း ရင်ထဲမှာ ဆို့ ဆို့ လာတယ် ။ရေတွင်းကြီးနားမှာ မိုးဟေကိုနဲ့ဆုံလို့  သူစကားပြောတဲ့ scene လေးဆို သိပ်ချစ်စရာ ကောင်းပါတယ် ။ဗမာကားကြည့်ပြီး မျက်ရည်ကျရတဲ့ကားက လက်ရေချိုးလို့ ရတယ် ဆိုရင် ဒီဇာတ်ဝင်ခန်းကြောင့် ကျွန်တေ...

HochiMinh City Expo ပြပွဲအားတပ်​မ​တော်​ခန်းမတွင်္ဘကျင်းပပြုလုပ်​ခြင်း1.4.2016

ရန်​ကုန်​မြို့တပ်​မ​တော်​ခန်းမတွင်​Ho Chi Minh City Expo Exhibition ပြပွဲကို1.April.2016 ရက်​​နေ့နံနက်​ 103း0 တွင်​ကုန်​သည်​များအသင်းချုပ်​မှတာဝန်​သူများနှင့်​ဗီယက်​နမ်​နိုင်​ငံသံအမတ်ြ...