Wednesday, February 6, 2013

သမ္မတရုံး ၀ဘ်ဆိုဒ်အား Indonesia Fighter Cyber - မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်-


နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် Hack ခံရခြင်း မဟုတ်၊ လေးပြီး Down သွားအောင် တိုက်ခိုက်ခံရခြင်းဖြစ်
=======================================
(၁) နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက်အား တိုက်ခိုက်မှုမှာ Hacking လုပ်ခံရခြင်း မဟုတ်ပါ။ DDoS တိုက်ခိုက်မှု လုပ်ဆောင်ခြင်းသာ ဖြစ်သည်။ (သမ္မတရုံးဝက်ဘ်ဆိုက် Hack မခံရစေရန် လုံခြုံရေးအဆင့်မြှင့်တင်ထားပြီး ဖြစ်သည်)

(၂) DDoS ဟူသည်မှာ စက္ကန့်ပိုင်းအတွင်း ကြည့်ရှုသူ သန်းနှင့်ချီ၍ Access လုပ်သည့်အသွင်ဖြင့် ဝက်ဘ်ဆိုက် လေးကာ ဒေါင်းသွားအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ (DDoS ကိုတော့ ရှောင်လွှဲ၍ မရပါ။)

(၃) နောက်ဆုံး စိစစ်ချက်အရ နိုင်ငံအတွင်းမှ မဟုတ်ဘဲ ပြင်ပမှ (အင်ဒိုနီးရှားနိုင်ငံဘက်မှဟု လတ်တလော ယူဆရသည့်) အဖွဲ့များက တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ (အထောက်အထား၊ အချက်အလက်များ ခိုင်မာစေရန် စုဆောင်းလျက် ရှိပါသည်)



နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုက် DDoS တိုက်ခိုက်နေသော ဇစ်မြစ်

နောက်ဆုံးရရှိထားသော သတင်း  အရ - DDoS ဖြင့် တိုက်ခိုက်ခြင်းမှာ Indonesia Fighter 

Cyber အမည်ဖြင့် Indonesia မှ ဖြစ်ကြောင်း မှူးဇော် ၏ facebook တွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်း ဒေသကြီးပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ်သာ ဆက်လက် ထမ်းဆောင်သွားမည်ဟု ဦးဆန်းဆင့် ဆုံးဖြတ်

                                  Get photo from Nay Myo Zin's FB

ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်ကာ ကျင်းပ ပြုလုပ်သော

 လွှတ်တော် ဥက္ကဌကြီး သရေစည်သူ ဦးဆန်းဆင့်အား လက်ရှိ နေရာမှ မပြောင်းရွေ့ပဲ 

ဧရာဝတီတိုင်း ဒေသကြီးပြည်သူတို့ အကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း 

လူထု စုပေါင်း ဆန္ဒ ဖေါ်ထုတ်ပွဲ ၏ ရလဒ် အဖြစ် ပြည်သူ့ဆန္ဒအလျှောက်  ဧရာဝတီတိုင်း

 ဒေသကြီးပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ်သာ ဆက်လက် ထမ်းဆောင်သွားမည်ဟု 

ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။



Tuesday, February 5, 2013

ဂြိုဟ်သားကြီးတစ်ယောက် ကွယ်လွန် R_I_P ကိုဟယ်ရီလင်း




ဂြိုဟ်သားကြီး - ဟယ်ရီလင်း - Photo Credit to Jonathan Dzai



မြန်မာ ROCK အဆိုတော် - အသံပါဝါ ကောင်းကောင်းနဲ့ သီချင်းတွေကို အားပါးတရ သီဆို

တတ်တဲ့ Rocker ကြီး ကိုဟယ်ရီလင်း တစ်ယောက် ဒီနေ့ ၂၀၁၃ ဖေဖေါ်ဝါရီလ ၅ ရက်နေ့

တွင်  ညနေမှာ သူချစ်တဲ့ ပရိသတ် ကို ခွဲခွာသွားကာ ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြောင်း 

သိရှိရပါသည်။ ဂြိုဟ်သားကြီးတစ်ယောက် ငြိမ်းချမ်းရာ ဘုံဘ၀သို့ ရောက်ရှိပါစေကြောင်း 

ဝမ်းနည်းစွာဖြင့် ဆုတောင်း ပေးလိုက်ပါတယ် ... ။ Rest In Peace - ကို ဟယ်ရီလင်း ....         
     
                                                                                  M.A & N.M

Monday, February 4, 2013

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနှင့် KIO တို့ ပူးတွဲ ကြေငြာချက်ထုတ်ပြန် -

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မီတီ နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့၏ ပူးတွဲ ကြေငြာချက် အပြည့်အစုံ မှာ - 

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ၊ ပြည်ထောင်စု
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး
အဖွဲ့(KIO) ဆွေးနွေးရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ ဖေဖဖေါ်ဝါရီလ ၄ ရက်နေ့ (၀၉၀၀)
အချိန်တွင် တရုတ်ပြည်သ့သူ မ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် တေ့ဆွုံ
ဆွေးနွေးခဲ့ပြီး (၁၆၁၅) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ
သံအမတ်ကြီး Mr. Luo Zhaohui ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့်
အဖွဲ့ဝင်(၁)ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးချုပ်
စိုင်းလူးနှင့် အဖွဲ့ဝင် (၂)ဦး၊ ဦးဟန်ညောင်ဝေနှင့် ဦးဗစ်တာဗျက်လျန် တို့သက်သေများ
အဖြစ် တက်ရောက်ခဲ့ကြပါသည်။

၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဖက်စစ်ရေး
တင်းမာမှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ်အစည်းအဝေးအတွက် ပြင်ဆင်မှု၊
နောက်တစ်ကြိမ် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့်
အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

၎။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို KIO အဖွဲ့အစည်းအနေဖြင့် UNFC နှင့်ညှိနှိုင်းပြီးနောက်
ဖေဖေါ်ဝါရီလ မကုန်မှီကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေးဆွေးနွေးပွဲများကို
ဆက်လက်ကျင်းပသွားကြရန် သဘောတူကြပါသည်။

၅။ အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျှင်အမြန် အကောင်အထည်
ဖေါ်နိုင်ရန် ပဋိပက္ခဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့်စီစစ်ရေးစံနစ်
ပေါ်ပေါက်ရန် ဆက်လက်ဆွေးနွေးဆောင်ရွက်ရန် သဘောတူညီသည်။

၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်။ ရွှေလီမြို့။

How to: Flash Photography - Bikini Powder Girl

One light setup for low key body details using a speedlight

Simply Boudoir Trailer - Photography Tutorial by Damien Lovegrove

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS