၁၂-၂-၂ဝ၁၃ ရက်နေ့ ၁၆၃၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ဇေယျဝတီရဲစခန်းမှ
တပ်ဖွဲ့ဝင်များ၊ ဇေယျဝတီတိုက်နယ်ဆေးရုံမှ ဒေါက်တာ ဇော်သိန်းကျော် တို့ပါဝင်သည့်
ပူးပေါင်းအဖွဲ့သည် ဈေးပိုင်း ရပ်ကွက်အတွင်းရှိ ဦးအုန်းပရာကပ်၏ နေလဆေးစတိုးဆိုင်အား
သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှိဖွေရာ ဦးအုန်းပရာကပ် (၅၅)နှစ်၏
ဆိုင်အတွင်းမှ POSH,POLY WAY,MAX MAN,DrX-100,
CHAMP,FOOTBALL HELPMEET,POWER VIGIRA, SPIDER
KING,RED SPIDER,TIANLONGSHE-120J စာတမ်းများပါ ကာမစိတ်ကြွအားဆေး (၄၆)ဗူးနှင့်
(၂၆)ထုပ်အား သိမ်းဆည်းရမိခဲ့၍ ဦးအုန်းပရာကပ်အား ဇေယျဝတီရဲစခန်း (ပ)၅၂/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ
၁၈ ဖြင့်အမှုဖွင့်အရေးယူခဲ့သည်။
အလားတူ ၁၇၃၅ အချိန် အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးပိုင်းရပ်ကွက်အတွင်းရှိ ကိုစူစီကျန်း၏
စံပြဆေးစတိုး ဆိုင်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ
BIG BOY,LADY VIRGLS,BECK HAN,VIRGIN,DrX-100, BIOTIN တံဆိပ်များပါ
ကာမစိတ်ကြွအားဆေးပါ(၁၃)ဗူး အားရှာဖွေတွေ့ရှိခဲ့၍ ကိုစူစီကျန်းအား ဇေယျဝတီရဲစခန်း(ပ)၅၃/၂ဝ၁၃၊
အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ အဖြင့်အမှုဖွင့်ခဲ့သည်။
ထို့ပြင် ၁၇၅ဝ အချိန် အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးပိုင်းရပ်ကွက်ရှိ ကိုရာကျမ်း(၂၂)နှစ်၏ အေးရတနာ ဆေးစတိုးဆိုင်နှင့် ကိုပရမနန်း(၄၇)နှစ်၏ မြစံပယ်ဆေးစတိုးဆိုင်တို့အား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကိုရာကျမ်း၏ အေးရတနာဆေးစတိုးဆိုင်အတွင်းမှ BIOTIN စာတမ်းပါ အမျိုးသားကာမအားဆေး(၂)ဗူးအား ရှာဖွေတွေ့ရှိခဲ့၍ ဇေယျဝတီရဲစခန်း(ပ)၅၄/၂ဝ၁၃၊ အမျိုးသားဆေးဝါး အက်ဥပဒေပုဒ်မ ၁၈ အရ လည်းကောင်း၊ ကိုပရမနန်း(၄၇)နှစ်၏ မြစံပယ်ဆေးစတိုးဆိုင်မှ CHAMP နှင့် DrX-100 စာတမ်းပါ အမျိုးသား ကာမစိတ်ကြွအားဆေးပါ (၆)ဗူးအား တွေ့ရှိခဲ့၍ ကိုပရမနန်းအား (ပ)၅၅/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်းအသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
ထို့အတူ ၁၃-၂-၂ဝ၁၃ ရက်နေ့ ၁၄ဝဝ အချိန် ရမည်းသင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်၊ သလဝလမ်း တောင်ဘက်ခြမ်းရှိ စိုးလွင်(၄ဝ)နှစ်၏ ‘‘ဦးဟာရွန် မိသားစု ဆေးနှင့်စတိုးဆိုင်’’ အား ဝင်ရောက်ရှာဖွေခဲ့ရာ CHAMP, POSH, CRAN DINO DONG-77, MAX MAN CAPSULES စာတန်းပါ ကာမစိတ်ကြွဆေး ၃ဝ၅ ဘူးနှင့် အထုပ် ၁၄ ထုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးလွင်အား ရမည်းသင်းရဲစခန်း(ပ)၃၂ /၂ဝ၁၃၊ အမျိုးသားဆေးဝါးများအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

fr - ရဲဇာနည်