Tuesday, March 12, 2013

တယ်လီဖုန်း ဆင်းမ်ကဒ်များ ကျပ် ထောင်ဂဏန်း မျှဖြင့်သာ ရောင်းချပေးမည်။

Photo - Internet

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။
ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။  YMG - Yangon Media Group

Monday, March 11, 2013

ပန်းချီ အောင်ကြည်စိုး ရဲ့ အီလက်ထရွန်းနစ် မြို့ပြ ပန်းချီ ပြပွဲ

ယနေ့ ပန်းချီ အောင်ကြည်စိုး ၏ တစ်ကိုယ်တော် ပန်းချီ ပြပွဲအား ပန်းဆိုးတန်းလမ်း နှင့် ကုန်သည် လမ်းထောင့်ရှိ လောကနတ် ဂလယ်ရီ (Law Ka Nat Gallery) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပြပွဲအား ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ -  ၅ ရက်ကြာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။ ယနေ့ ၁၁ ရက် မတ်လ ၂၀၁၃ နေ့တွင် ဖွင့်ပွဲ အထူးအစီအစဉ်အဖြစ် ရွှေတံဆိပ်ဆုရ စောင်းပညာရှင် အိနြေ္ဒခင် မှ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ သာယာနာပျော်ဖွယ် စောင်းလက်သံများ၊  မြန်မာသံစဉ်တေးများ ဖြင့် ဖျော်ဖြေ တင်ဆက်သွားခဲ့သည်။









လောကနတ် ဂလယ်ရီတွင် ခင်းကျင်းပြသထားသည့် ကိုအောင်ကြည်စိုး၏ တစ်ကိုယ်တော်ပြပွဲ မှ

လောကနတ် ဂလယ်ရီတွင် ခင်းကျင်းပြသထားသည့် ကိုအောင်ကြည်စိုး၏ တစ်ကိုယ်တော်ပြပွဲ

လောကနတ် ဂလယ်ရီတွင် ခင်းကျင်းပြသထားသည့် ကိုအောင်ကြည်စိုး၏ တစ်ကိုယ်တော်ပြပွဲ

Sunday, March 10, 2013

အမျိုးသမီးများ ရင်သားအလှ မထိခိုက်စေရန်

Photo Internet
ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကိုဖော်ဆောင်ပေးတဲ့ အရာပါ။

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် 


ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေးတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု 

ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက်စေဖို့နဲ့ ရင်သား 

ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။


၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ 

မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့

သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့

အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရတွေကို

အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။


၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ 

များစွာကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး 

စိတ်ခံစားမှုလည်း ပိုကောင်းလာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကတော့ ငါး အဆီ၊ အခွံမာသီး၊ အစေ့ 

အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။


၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်းတွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း 

အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို 

ကျန်းမာစေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်းဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း 

ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန်ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို

 ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား 

ကျန်းမာနေမှာ ဖြစ်ပါတယ်။


၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ

စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့က အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် 

အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း 

လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါတယ်။


၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ 

ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေတာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် 

ရှိအောင် ထိန်းသင့်ပါတယ်။


၇) အမျှင်ဓာတ်များသော အစားအစာ စားပါ


အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ 

အဆိပ်အတောက်တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှားပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ 

သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေကို စားပေးသင့်ပါတယ်။ အသားကို

 လျှော့စားသင့်ပါတယ်။


၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်


ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ 

မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ 

ထိခိုက်စေနိုင်ပါတယ်။


မူရင်း  မြ၀တီ - Copy Fr ... ဗဟုသုတ ဟင်းပေါင်း အိုးကြီး

မြဧရာ ... စုန်-ဆန် ဈေးသင်္ဘောကြီး ... ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထား

မြဧရာ  ဈေးသင်္ဘော ကြီးပေါ်မှ အညာဒေသ ထွက်ကုန်များ နှင့် ရောင်းဝယ် နေကြပုံများ ... 










မြဧရာ ဈေးသင်္ဘောပေါ်မှ ကိုဟံဌေး ပခုက္ကူ နှင့် တွေ့ဆုံခြင်း

"အစ်ကို တို့ ဈေးသင်္ဘောရဲ့ အဓိက ရည်ရွယ်ချက်ကို က ဈေးနှုန်းသက်သာစွာနဲ့ စားသုံးသူတွေထံ အရောက်ပို့ပေးချင်တာပါ ။ အစ်ကိုတို့ကို ဆိုင်ခန်းခတွေ ပုဂ္ဂလိက လက်ထက် ရောက်မှ ၂ သောင်း ကနေ ၆ သောင်း (၃ဆ) တိုးကောက်လိုက်တော့ အစ်ကိုတို့ရဲ့ ကုန်ဈေးနှုန်းတွေက လည်း မြင့်သွားရပါတယ်။ ဈေးနှုန်းမြင့်တော့ စားသုံးသူတွေပဲ နစ်နာတာပါ။ "

Friday, March 8, 2013

ကာမစိတ်ထကြွဆေးရောင်းချမှုဖြင့် စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာမြေညီထပ်ရှိ Orange ဆေးကောင်တာမှ ဝန်ထမ်းအမျိုးသမီးနှစ်ဦးအား တည်ဆဲဥပဒေနှင့် အရေးယူထား



စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange)ဆေးကောင်တာတို့မှ တာဝန်ကျ ၀န် ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည် ဆဲ ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိ ၀န်ထမ်း တစ်ဦးက ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အဆိုပါတာဝန်ရှိသူက ပြောကြားရာတွင် တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချမှုကို တားဆီးရန် ပညာေ ပး ကာလအဖြစ် ၅ ရက်ကြိုတင်အကြောင်းကြားပြီးဖြစ်ကြောင်း၊ ပညာပေးကာလ ကျော်လွန်၍ စိစစ်အရေး ယူေ ဆာင် ရွက်ရခြင်းဖြစ်ကြောင်း၊ ကာမစိတ်ကြွဆေးများသည် တရားဝင်ခွင့်ပြု ထားသော ဆေးဝါးများ မဟုတ်ကြောင်း ပြောကြားသည်။
တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာမှ တာဝန်ကျ အမျိုးသမီးက “ကျွန်မ ဒီတော်ဝင် စင်တာ (Orange) ဆေးကောင်တာမှာ တာဝန်ထမ်းဆောင်တာ တစ်လခွဲခန့်သာ ရှိသေးတယ်။ လခ ကတော့ ငါးသောင်းကျော် ရပါတယ်။ ကျွန်မတာဝန်က ဆေးကောင်တာဆိုတော့ေ ရာင်းနေ တဲ့ဆေးေ တွ က တရား ၀င်ဆေး ဟုတ်၊ မဟုတ်ဆိုတာ ဘယ် သူမှပြောမထားဘူး။ ယူထားတဲ့ တာဝန်က ဒီကောင်တာ မှာရှိတဲ့ ပစ္စည်း တွေကို လာဝယ်တဲ့သူရှိရင် ရောင်းဖို့ပဲ။ ၀န်ထမ်းဆိုတာ ကုမ္မဏီက ပေးတဲ့တာဝန်ကိုကျေ ပွန်ေ အာင် ဆောင်ရွက်ရတာ။ လာဝယ်တဲ့ ပစ္စည်းကို မရောင်းချင်ဘူးလို့ငြင်းခွင့်မရှိဘူး။ ပေးတာယူ၊ ခိုင်း တာ လုပ်ရတာ ကျွန်မတို့ ၀န်ထမ်းတွေပါ။
တောမှာ အနေအထားခက်ခဲလို့ မြို့တက်ပြီး သင်တန်းတွေ တက်ရင်း ၀န်ထမ်းလုပ်ခါမှ အချုပ်ခန်း ထဲရော က် ရတာ ရင်နာလို့ မဆုံးပါဘူးရှင်။ မိကောင်းဖခင် သားသမီးတစ်ယောက်ပါ။ ဖြစ်စဉ်တွေကို နယ်က မိဘေ တွ စိတ်ဆင်း ရဲမှာကြောက်လို့ မိဘတွေကို အသိမပေးခဲ့ဘူး။ ဒီပစ္စည်းပိုင်ရှင်က ကျွန်မ မဟုတ်ဘူး” ဟု ပြော သည်။
စိန်ဂေဟာ ဆေးကောင်တာမှ အရောင်းမန်နေဂျာ အမျိုးသမီးက “ဆေးတွေ မိတော့ တာဝန်ကျနေတဲ့ ညီမေ လးတွေက ငိုပြီး ကျွန်မထံကိုပြေးလာတော့ သက်ဆိုင်ရာ စစ်ဆေးတဲ့ ၀န်ထမ်းတွေက သက်သေခံ အဖြစ် ဒီစာရွက်တွေပေါ်မှာ လက်မှတ်ထိုးပြီးရင် စခန်းခဏ လိုက်ခဲ့ပါဆိုပြီး စခန်းရောက်တော့ အချုပ်ထဲ မ၀င် ရင် ဆွဲသွင်းမယ်ပြောပြီး အချုပ်ထဲရောက်ခဲ့ရတယ်။ ဥပဒေ၀န်ထမ်းတွေ၊ ၂၄ နာရီ ပြည်သူ့ဝန် ထမ်းေ တွ က ဒီပစ္စည်းရဲ့ ပိုင်ရှင်ကို မသိတာလား။ ကျွန်မတို့က ၀န်ထမ်းပါ အထက်က ခိုင်းရင်တော့ လုပ်ရမှာပဲ။ ကိုယ် က လုပ်အားရောင်းတယ်။ အလုပ်ရှင်က လုပ်အားဝယ်တယ်။ အဖြေက ရှင်းပါတယ်” ဟုပြောသည်။
ဥပဒေပညာရှင်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “ကျွန်တော် တစ်ခါ ကြုံဖူးတယ်။ ကာစီနို ကစား နည်း အကြွေတွေနဲ့ ဆော့တဲ့ကစား နည်းလေ။ ပိုင်ရှင်က တိုင်းတစ်ပါးသား၊ ၀န်ထမ်းတွေက မြန်မြာ ပည် သူတွေ၊ တကယ်တမ်းအဖမ်းခံရတော့ ကိုယ့်မြန်မာလူမျိုးတွေ ပိုင်ရှင်က သံတမန် နည်းအရ ကင်း လွတ် ခွင့်ရပြီး သူ့နိုင်ငံပြန်သွားတယ်။
ဒီအတွက်နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလ ရင် မြန်မာနိုင်ငံက ၀န်ထမ်းတွေအတွက် အကာ အကွ ယ်ပေး မယ့် ဥပဒေဆိုတာ မရှိတော့ ဘူးလား။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးတဲ့အတွက် လူသားချင်း စာနာထောက်ထားပြီး ကာကွယ်ပေးဖို့ ဥပဒေပြင်ဆင်တာ ပြဋ္ဌာန်းတာတွေကို လွှတ်တော်မှာ လုပ် ဖို့သင့်ပြီ” ဟု သုံးသပ်ပြောဆိုခဲ့သည်။
အဆိုပါဖြစ်စဉ်များကို ဒဂုံ မြို့နယ်ရဲစခန်းမှ (ပ)၃၃/၁၃ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အမျိုးသား ဆေးဝါး ဥပဒေပုဒ်မ ၁၈ ဖြင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်းနှင့် ပြစ် မှုမြောက်ပါ က ထောင် ဒဏ် တစ် ရက် မှ ခုနစ်ရက်အထိ ဖြစ်စေ၊ ငွေဒဏ် ငါးထောင်မှ ငါးသောင်းအထိဖြစ်စေ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း ထပ်မံပြောကြား ခဲ့သည်။
အလုပ်သမား နစ်နာမှုများကို ကူညီဆောင်ရွက်ပေးသူ ကြည့်မြင်တိုင်မြို့နယ် မှ ကိုထွန်းအောင်ကျော်က ၀န် ထမ်းတွေ မနစ်နာရေးအတွက် ILO ရုံးများကို တင်ပြပြီး ရှေ့နေများဖြင့် ကြိုးစားဆောင် ရွက်ပေး သွားမည်ဟု ပြောကြားခဲ့သည်။

Saturday, March 2, 2013

ဟံသာဝတီ ယဉ်ရောင်းဝယ်ရေးစခန်း အ၀င်ပိတ်ပင်မှုကြောင့် ဆန္ဒထုတ်ဖေါ် ...

မတ်တ ၁ ရက်နေ့ တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း အ၀င် အား ပိတ်ပင်တားမြစ်ခြင်းကြောင့် ဆန္ဒဖေါ်ထုတ်မှု့များ ဖြစ်ပေါ်ခဲ့ သည်။ " အစ်ကို တို့ ဖြစ်စေချင်တာ က ဒီ ယဉ်ရောင်းဝယ်ရေးစခန်း က တာဝန်ရှိတဲ့သူရယ် စည်ပင်က တာဝန်ရှိတဲ့သူရယ် ဆွေးနွေးညှိနှိုင်းစေချင်တာပါ ။ ဒါ ကို ဆွေးနွေးလို့ မပြီးသေးပဲ ပိတ်လိုက်တယ်ဆိုတော့  ဆန္ဒ ဖေါ်ထုတ်မှု့တွေ ဖြစ်ပေါ်လာတာပါ " ဟု ယဉ်ရောင်းဝယ်ရေးစခန်းမှ ကိုအေးကျော်မှ ပြောကြားသွားခဲ့ သည် ။ " ကားပွဲစားတန်း ဆန္ဒပြတယ် ဆိုတာ တစ်ချို့က နားမလည် တော့ ကားပွဲစားတွေချည်းပဲ ဆန္ဒပြတယ် ထင်နေတာပါ ။ တကယ်ဆို အစ်ကိုတို့ က ဒီနားမရောင်းရလဲ ဘယ်နားရောင်းရောင်း ၊ ဘယ်နားပြောင်းပြောင်း အရေးမကြီးပါဘူး ...။ ဒါပေမဲ့ ဒီဝန်းထဲမှာ မှီခိုနေရတဲ့ လက်လုပ်လက်စားဈေးသည်တွေ အများကြီး ရှိပါတယ် ။ သူတို့တွေ အတွက်ပါ ထည့်တွက်ရမှာပါ။ အားလုံး ပြေပြေလည်လည်ဖြစ်အောင် ဆွေးနွေးနေပါတယ် ။ ဒါကို ဆွေးနွေးလို့ မပြီးသေးပဲ ၀န်းကို ပိတ်လိုက် ပြီးတော့ ကားတွေ အထွက်ပဲ ရမယ် ၊ အ၀င်မရတော့ဘူး ဆိုပြီး လုပ်လာပါတယ် ။ ဒါ့ကြောင့် ဆန္ဒဖေါ်ထုတ်ကြတာပါ။ ခပ်စောစောကဆို တင်းမာမှု့တွေတောင် ဖြစ်သွားသေးတယ် " ဟု ကားဝန်းအတွင်းမှ ၀ယ်ရောင်း တစ်ဦးမှ ပြောကြားသွားခဲ့ သည်။ 









နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS