Sunday, March 17, 2013

လှပ ရောင်စုံ မြို့တော်ရန်ကုန် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်။


 ရန်ကုန်  မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော "Beauty of Yangon" Photo Contest 2013 လှပရောင်စုံ မြို့တော်ရန်ကုန် ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲ နှင့် ပြပွဲကို ၁-၄-၂၀၁၃ (ပြိုင်ပွဲ) နှင့် ၃ /၄/ ၅ - ၄ - ၂၀၁၃ တို့တွင် ပြပွဲ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြိုင်ပွဲဝင် ဓာတ်ပုံများကို မတ်လ ၁၈ ရက်နေ့မှ စတင်ကာ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ရုံးချိန်အတွင်း ပေးပို့နိုင်ကြောင်း သိရှိရပါကြောင်း ဓာတ်ပုံပြိုင်ပွဲဝင်လိုသူ အပေါင်းအား သတင်းကောင်းပါးအပ်ပါသည်။

ထူး ဖောင်ဒေးရှင်း မှ မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ်များ အတွက် နိုင်ငံတကာ အဆင့်မီလေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာရပ်များကို SCHOLARSHIP ပေးသွားမည်။



HTOO FOUNDATION’S SCHOLARSHIP PROGRAM FOR MYANMAR AVIATION ACADEMY.
ရည်ရွယ်ချက်
၁။ ပညာရည်ထူးချွန်၍ အရည်အချင်းပြည့်ဝပြီး လေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာများကို ဝါသနာပါစိတ်ပါဝင်စားမှုရှိ၍ သင်ယူဆည်းပူးလိုသော်လည်း သင်တန်းစရိတ်မတတ်နိုင်သည့် မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ်များအား နိုင်ငံတကာ အဆင့်မီလေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာရပ်များကို ဆည်းပူးသင်ယူခွင့် ရရှိရေးအတွက် ပညာပါရမီဖြည့်ဆည်းပေးရန်နှင့် လူငယ်တို့၏ဘဝကို မြှင့်တင်ပေးရန် ရည်ရွယ်၍ HTOO FOUNDATION က နှစ်စဉ်သင်တန်းသား(၁ဝ)ဦးကို ထောက်ပံ့ပေးမည့် SCHOLARSHIP PROGRAM ဖြစ်ပါသည်။
SCHOLARSHIP PROGRAM ကို လျှောက်ထားမည့်သူများအတွက် လိုအပ်သည့် အရည်အချင်းများ
၂။ အောက်ပါအချက်များနှင့် ကိုက်ညီသူမြန်မာနိုင်ငံသား မျိုးဆက်သစ်လူငယ် မောင်မယ်များလျှောက်ထားနိုင်ပါသည်-
(က) အခြေခံပညာအထက်တန်းစာမေးပွဲ သိပ္ပံဘာသာတွဲကို ရမှတ်အနည်းဆုံး (၃၆ဝ)နှင့်အထက်ရရှိ အောင်မြင်သူဖြစ်ရပါမည်။ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ရူပဗေဒဘာသာများကို ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဦးစားပေး ရွေးချယ်ပါမည်။
(ခ) လေယာဉ်မောင်းအတတ်ပညာကို ဝါသနာပါ၍ စိတ်ပါဝင်စားသူဖြစ်ရပါမည်။
(ဂ) အသက်(၁၇)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
(ဃ) သင်တန်းစရိတ်ပေးသွင်းရန် အမှန်တကယ်ငွေကြေးမပြည့်စုံသူ ဖြစ်ရပါမည်။
(င) Myanmar Aviation Academy မှ စစ်ဆေးမည့် ဝင်ခွင့်စာမေးပွဲများကို အနိမ့်ဆုံးရမှတ် (၆ဝ)နှင့်အထက်ဖြင့် အောင်မြင်ရပါမည်။
(စ) လေယာဉ်မှူး(၁)ဦးဖြစ်ရန်အတွက် လိုအပ်သော အောက်ပါစစ်ဆေးမှုများကို အောင်မြင်ရပါမည်-
(၁) ကျန်းမာရေးစစ်ဆေးမှု
(၂) Spot Test နှင့် Drum Test
(၃) Dual Hour နာရီ(၂ဝ) သင်ကြားပြီးချိန်တွင် ပထမအကြိမ် တစ်ဦးတည်း မောင်းနှင်ခြင်း First Solo သွားနိုင်သော အရည်အချင်းရှိသူဖြစ်ရမည်။
၃။ Scholar အဖြစ် ရွေးချယ်ခံရပြီးနောက် သင်တန်းတက်ရောက်ရာတွင် သင်တန်းသားတိုင်း အခြေခံအားဖြင့် လိုက်နာရမည့်စည်းကမ်းချက်များအပြင် အောက်ပါ စည်းကမ်းချက်များကိုလည်း လိုက်နာရမည်ဖြစ်ပါသည်-
(က) Htoo Foundation ၏ ထောက်ပံ့မှုဖြင့် Sholarship ရရှိသူတိုင်းကို အောက်ဖော်ပြပါသင်တန်းများ ပို့ချသင်ကြားပေးပါမည်-
(က)Private Pilot License (PPL) Course
(ခ)Commercial Pilot License (CPL) Course
(ဂ)Instrument Rating (IR) Course
(ဃ)Airline Transport Pilot License (ATPL) (Frozen) Course
(ခ) သင်တန်းအဆင့်လိုက် စာမေးပွဲကြီးများ၊ လပတ်၊ သင်ခန်းစာများအလိုက် စာမေးပွဲငယ်များဖြင့် စစ်ဆေးပါမည်။ အဆိုပါ စာမေးပွဲများ(၁)ကြိမ် ကျရှုံး လျှင် နောက်ဆုံးအကြိမ်သတိပေးခြင်းကို ခံယူရမည်ဖြစ်ပြီး၊ ဒုတိယအကြိမ် ထပ်မံကျရှုံးပါက ထောက်ပံ့မှုရပ်စဲပါမည်။
(ဂ) သင်တန်းပြီးစီးအောင်မြင်ပါက Htoo Foundation က သတ်မှတ်ပေးသည့် လေကြောင်းလိုင်းများတွင် အနည်းဆုံး(၇)နှစ် တာဝန်ထမ်းဆောင်ရပါမည်။
Scholarship လျှောက်ထားခြင်း
၎။ Scholarship လျှောက်လွှာများကို Myanmar Aviation Academy ၏ အောက်ဖော်ပြပါ လိပ်စာများတွင် ထုတ်ယူ၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်-
Myanmar Aviation Academy
Room-004-Condo(C), Tetkatho Yeikmon Housing, University Avenue Road, Bahan Township, Yangon
Ph; + 951551229, 556626
Scholarship ရွေးချယ်ခြင်း
၅။ Scholarship နှင့်ပတ်သက်သော စစ်ဆေးမှုများအားလုံးကို Myanmar Aviation Academy ၏ Management Committee မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး Htoo Foundation မှ ရွေးချယ်အတည်ပြု ပေးသွားမည်ဖြစ်ပါသည်။
Management
Myanmar Aviation Academy

Tuesday, March 12, 2013

တယ်လီဖုန်း ဆင်းမ်ကဒ်များ ကျပ် ထောင်ဂဏန်း မျှဖြင့်သာ ရောင်းချပေးမည်။

Photo - Internet

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။
ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။  YMG - Yangon Media Group

Monday, March 11, 2013

ပန်းချီ အောင်ကြည်စိုး ရဲ့ အီလက်ထရွန်းနစ် မြို့ပြ ပန်းချီ ပြပွဲ

ယနေ့ ပန်းချီ အောင်ကြည်စိုး ၏ တစ်ကိုယ်တော် ပန်းချီ ပြပွဲအား ပန်းဆိုးတန်းလမ်း နှင့် ကုန်သည် လမ်းထောင့်ရှိ လောကနတ် ဂလယ်ရီ (Law Ka Nat Gallery) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပြပွဲအား ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ -  ၅ ရက်ကြာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရှိရသည်။ ယနေ့ ၁၁ ရက် မတ်လ ၂၀၁၃ နေ့တွင် ဖွင့်ပွဲ အထူးအစီအစဉ်အဖြစ် ရွှေတံဆိပ်ဆုရ စောင်းပညာရှင် အိနြေ္ဒခင် မှ မွန်းလွဲ ၁ နာရီမှ ၃ နာရီ အထိ သာယာနာပျော်ဖွယ် စောင်းလက်သံများ၊  မြန်မာသံစဉ်တေးများ ဖြင့် ဖျော်ဖြေ တင်ဆက်သွားခဲ့သည်။









လောကနတ် ဂလယ်ရီတွင် ခင်းကျင်းပြသထားသည့် ကိုအောင်ကြည်စိုး၏ တစ်ကိုယ်တော်ပြပွဲ မှ

လောကနတ် ဂလယ်ရီတွင် ခင်းကျင်းပြသထားသည့် ကိုအောင်ကြည်စိုး၏ တစ်ကိုယ်တော်ပြပွဲ

လောကနတ် ဂလယ်ရီတွင် ခင်းကျင်းပြသထားသည့် ကိုအောင်ကြည်စိုး၏ တစ်ကိုယ်တော်ပြပွဲ

Sunday, March 10, 2013

အမျိုးသမီးများ ရင်သားအလှ မထိခိုက်စေရန်

Photo Internet
ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကိုဖော်ဆောင်ပေးတဲ့ အရာပါ။

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် 


ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေးတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု 

ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက်စေဖို့နဲ့ ရင်သား 

ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။


၁) ဖြည့်စွက်ဆေး သောက်ပါ

ရင်သား ကျန်းမာရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ 

မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့

သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့

အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရတွေကို

အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။


၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ

အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ 

များစွာကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး 

စိတ်ခံစားမှုလည်း ပိုကောင်းလာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကတော့ ငါး အဆီ၊ အခွံမာသီး၊ အစေ့ 

အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။


၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ

ဖိုင်တိုဟော်မုန်းတွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း 

အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို 

ကျန်းမာစေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ

အသည်းရဲ့ လုပ်ငန်းဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း 

ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန်ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို

 ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား 

ကျန်းမာနေမှာ ဖြစ်ပါတယ်။


၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ

စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့က အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် 

အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း 

လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါတယ်။


၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ

ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ 

ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေတာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် 

ရှိအောင် ထိန်းသင့်ပါတယ်။


၇) အမျှင်ဓာတ်များသော အစားအစာ စားပါ


အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ 

အဆိပ်အတောက်တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှားပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ 

သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေကို စားပေးသင့်ပါတယ်။ အသားကို

 လျှော့စားသင့်ပါတယ်။


၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်


ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ 

မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ 

ထိခိုက်စေနိုင်ပါတယ်။


မူရင်း  မြ၀တီ - Copy Fr ... ဗဟုသုတ ဟင်းပေါင်း အိုးကြီး

မြဧရာ ... စုန်-ဆန် ဈေးသင်္ဘောကြီး ... ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထား

မြဧရာ  ဈေးသင်္ဘော ကြီးပေါ်မှ အညာဒေသ ထွက်ကုန်များ နှင့် ရောင်းဝယ် နေကြပုံများ ... 










နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS