Sunday, March 24, 2013
NEW STAR Gems & Jewellery ၂၀ နှစ်မြောက် အခမ်းအနား နှင့် ညစာစားပွဲ
NEW STAR Gems & Jewellery ၏ ၂၀ နှစ်မြောက် အခမ်းအနားနှင့် ညစာစားပွဲအား ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ် တွင် မတ်လ ၂၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် နာမည်ကြီး အဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင်များလည်း တက်ရောက် ကာ သီချင်းများ ဖြင့် ဖျော်ဖြေ အားပေးချီးမြင့်ပေးခဲ့ကြကြောင်း သိရှိရပါသည်။
Wednesday, March 20, 2013
FULBRIGHT USA Scholarship
2014 Application Season for
Fulbright Foreign Student
Scholarships Opens
ဖူးလ်ဘရိုက်နိုင်ငံရပ်ခြားကျောင်းသား
အစီအစဉ်သည် အရွေးချယ်ခံကျောင်းသား/သူများ အတွက် ပညာရေးစရိတ်၊နေရာထိုင်ခင်းစရိတ်၊
အခြေခံကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်၊ စာအုပ်စာတမ်းကြေး၊
ခရီးစရိတ် နှင့် ဖူးလ်ဘရိုက် အထောက်အကူပြု အစီအစဉ်များ တက်ရောက်ခွင့် ကို
ကျခံပေးသွားမည်ဖြစ်သည်။
လျောက်ထားသူသည်
- မြန်မာနိုင်ငံသားဖြစ်ရမည်။အခြားနိုင်ငံများမှ နိုင်ငံသားများသည်မြန်မာနိုင်ငံမှ လျှောက်ထားခွင့်မရှိပါ။
- ဘွဲ့တစ်ခုခု ရရှိထားပြီးသူဖြစ်ရမည်။
- ပညာရည်အဆင့်မြင့်မားပြီး ထူးချွန်မှု မှတ်တမ်းများရှိသူ ဖြစ်ရမည်။
- အင်္ဂလိပ်စာ TOEFL အနိမ့်ဆုံးရမှတ် ၅၇၅ (သို့) IELTS ၆.၅ နှင့် အထက်ရရှိထားသူဖြစ်ရမည်။
- လျှောက်ထားသည့် ဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ရရှိထားသူ (သို့) သက်ဆိုင်သောလုပ်ငန်း အတွေ့အကြုံရှိထားသူဖြစ်ရပါမည်။
- အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ဖူးသူ(သို့) ရောက်ဖူးသူမဖြစ်ရပါ။
- အမေရိကန်တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားသူ ( သို့) ဘွဲ့သင်တန်းအတွက် ကျောင်းအပ်ထားသူ မဖြစ်ရပါ။
The deadline for applications is
July 3, 2013
၂၀၀၃ ခုနှစ်
၊ဇူလိုင် ၃ ရက် နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပုံစံ
နှင့် အသေးစိတ် အချက်အလက်များ ကို http://burma.usembassy.gov/scholarships.html
(သို့) ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွက်မြို့နယ်ရှိ အမေရိကန်သံရုံး ပြည်သူ့ရေးရာဌာန
၊ ယဉ်ကျေးမှုဌာနခွဲ၊ ဖုန်း ၅၃၆၅၀၉၊ ၅၀၅၁၁၃ လိုင်းခွဲ ၄၃၆၉၊ အီးမေးလ် RangoonUSECA@state.gov သို့ ဆက်သွယ်မေးမြန်းရယူနိုင်ပါသည်။
Monday, March 18, 2013
Sunday, March 17, 2013
လှပ ရောင်စုံ မြို့တော်ရန်ကုန် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်။
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော "Beauty of Yangon" Photo Contest 2013 လှပရောင်စုံ မြို့တော်ရန်ကုန် ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲ နှင့် ပြပွဲကို ၁-၄-၂၀၁၃ (ပြိုင်ပွဲ) နှင့် ၃ /၄/ ၅ - ၄ - ၂၀၁၃ တို့တွင် ပြပွဲ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြိုင်ပွဲဝင် ဓာတ်ပုံများကို မတ်လ ၁၈ ရက်နေ့မှ စတင်ကာ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ရုံးချိန်အတွင်း ပေးပို့နိုင်ကြောင်း သိရှိရပါကြောင်း ဓာတ်ပုံပြိုင်ပွဲဝင်လိုသူ အပေါင်းအား သတင်းကောင်းပါးအပ်ပါသည်။
ထူး ဖောင်ဒေးရှင်း မှ မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ်များ အတွက် နိုင်ငံတကာ အဆင့်မီလေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာရပ်များကို SCHOLARSHIP ပေးသွားမည်။
HTOO
FOUNDATION’S SCHOLARSHIP PROGRAM FOR MYANMAR AVIATION ACADEMY.
ရည်ရွယ်ချက်
၁။ ပညာရည်ထူးချွန်၍
အရည်အချင်းပြည့်ဝပြီး လေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာများကို ဝါသနာပါစိတ်ပါဝင်စားမှုရှိ၍
သင်ယူဆည်းပူးလိုသော်လည်း သင်တန်းစရိတ်မတတ်နိုင်သည့် မျိုးဆက်သစ်မြန်မာလူငယ်မောင်မယ်များအား
နိုင်ငံတကာ အဆင့်မီလေယာဉ်မောင်းအတတ်ပညာရပ်နှင့် လေကြောင်းပညာရပ်များကို ဆည်းပူးသင်ယူခွင့်
ရရှိရေးအတွက် ပညာပါရမီဖြည့်ဆည်းပေးရန်နှင့် လူငယ်တို့၏ဘဝကို မြှင့်တင်ပေးရန် ရည်ရွယ်၍
HTOO FOUNDATION က နှစ်စဉ်သင်တန်းသား(၁ဝ)ဦးကို ထောက်ပံ့ပေးမည့် SCHOLARSHIP
PROGRAM ဖြစ်ပါသည်။
SCHOLARSHIP
PROGRAM ကို လျှောက်ထားမည့်သူများအတွက် လိုအပ်သည့် အရည်အချင်းများ
၂။ အောက်ပါအချက်များနှင့်
ကိုက်ညီသူမြန်မာနိုင်ငံသား မျိုးဆက်သစ်လူငယ် မောင်မယ်များလျှောက်ထားနိုင်ပါသည်-
(က) အခြေခံပညာအထက်တန်းစာမေးပွဲ
သိပ္ပံဘာသာတွဲကို ရမှတ်အနည်းဆုံး (၃၆ဝ)နှင့်အထက်ရရှိ အောင်မြင်သူဖြစ်ရပါမည်။ အင်္ဂလိပ်စာ၊
သင်္ချာနှင့် ရူပဗေဒဘာသာများကို ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဦးစားပေး ရွေးချယ်ပါမည်။
(ခ) လေယာဉ်မောင်းအတတ်ပညာကို
ဝါသနာပါ၍ စိတ်ပါဝင်စားသူဖြစ်ရပါမည်။
(ဂ) အသက်(၁၇)နှစ်
ပြည့်ပြီးသူဖြစ်ရပါမည်။
(ဃ) သင်တန်းစရိတ်ပေးသွင်းရန်
အမှန်တကယ်ငွေကြေးမပြည့်စုံသူ ဖြစ်ရပါမည်။
(င)
Myanmar Aviation Academy မှ စစ်ဆေးမည့် ဝင်ခွင့်စာမေးပွဲများကို အနိမ့်ဆုံးရမှတ်
(၆ဝ)နှင့်အထက်ဖြင့် အောင်မြင်ရပါမည်။
(စ) လေယာဉ်မှူး(၁)ဦးဖြစ်ရန်အတွက်
လိုအပ်သော အောက်ပါစစ်ဆေးမှုများကို အောင်မြင်ရပါမည်-
(၁) ကျန်းမာရေးစစ်ဆေးမှု
(၂) Spot
Test နှင့် Drum Test
(၃) Dual
Hour နာရီ(၂ဝ) သင်ကြားပြီးချိန်တွင် ပထမအကြိမ် တစ်ဦးတည်း မောင်းနှင်ခြင်း First
Solo သွားနိုင်သော အရည်အချင်းရှိသူဖြစ်ရမည်။
၃။
Scholar အဖြစ် ရွေးချယ်ခံရပြီးနောက် သင်တန်းတက်ရောက်ရာတွင် သင်တန်းသားတိုင်း အခြေခံအားဖြင့်
လိုက်နာရမည့်စည်းကမ်းချက်များအပြင် အောက်ပါ စည်းကမ်းချက်များကိုလည်း လိုက်နာရမည်ဖြစ်ပါသည်-
(က) Htoo
Foundation ၏ ထောက်ပံ့မှုဖြင့် Sholarship ရရှိသူတိုင်းကို အောက်ဖော်ပြပါသင်တန်းများ
ပို့ချသင်ကြားပေးပါမည်-
(က)Private
Pilot License (PPL) Course
(ခ)Commercial
Pilot License (CPL) Course
(ဂ)Instrument
Rating (IR) Course
(ဃ)Airline
Transport Pilot License (ATPL) (Frozen) Course
(ခ) သင်တန်းအဆင့်လိုက်
စာမေးပွဲကြီးများ၊ လပတ်၊ သင်ခန်းစာများအလိုက် စာမေးပွဲငယ်များဖြင့် စစ်ဆေးပါမည်။ အဆိုပါ
စာမေးပွဲများ(၁)ကြိမ် ကျရှုံး လျှင် နောက်ဆုံးအကြိမ်သတိပေးခြင်းကို ခံယူရမည်ဖြစ်ပြီး၊
ဒုတိယအကြိမ် ထပ်မံကျရှုံးပါက ထောက်ပံ့မှုရပ်စဲပါမည်။
(ဂ) သင်တန်းပြီးစီးအောင်မြင်ပါက
Htoo Foundation က သတ်မှတ်ပေးသည့် လေကြောင်းလိုင်းများတွင် အနည်းဆုံး(၇)နှစ် တာဝန်ထမ်းဆောင်ရပါမည်။
Scholarship
လျှောက်ထားခြင်း
၎။
Scholarship လျှောက်လွှာများကို Myanmar Aviation Academy ၏ အောက်ဖော်ပြပါ လိပ်စာများတွင်
ထုတ်ယူ၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်-
Myanmar Aviation
Academy
Room-004-Condo(C),
Tetkatho Yeikmon Housing, University Avenue Road, Bahan Township, Yangon
Ph; + 951551229,
556626
Scholarship
ရွေးချယ်ခြင်း
၅။
Scholarship နှင့်ပတ်သက်သော စစ်ဆေးမှုများအားလုံးကို Myanmar Aviation Academy ၏
Management Committee မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး Htoo Foundation မှ ရွေးချယ်အတည်ပြု
ပေးသွားမည်ဖြစ်ပါသည်။
Management
Myanmar
Aviation Academy
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...