Sunday, March 24, 2013

Silhouette Photography

ကဲ ... ဒီတစ်ခါတော့ ဓာတ်ပုံ ၀ါသနာရှင် ညီ၊အစ်ကို၊မမ၊ညီမများအတွက် ... အင်တာနက်မှ တွေ့ရှိရတဲ့ Silhouette Photo များကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဓာတ်ပုံ ၀ါသနာရှင်များအတွက် ခုခေတ်မှာ လွယ်လွယ်ကူကူနဲ့ပဲ ဒီဂျစ်တယ် ကင်မရာ ၊ ဖုန်းကင်မရာများ ဖြင့် သွားလေရာ ဓာတ်ပုံရိုက်ဝါသနာပါသူများ ... အမှတ်တရဓာတ်ပုံများကို ပေါ့ပေါ့ ပါးပါး အမြင်ဆန်းဆန်း လေးများဖြင့် ဖန်တီးနိုင်ပါစေကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Silhouettes can be Posed.


Silhouettes can convey a sense of place.


Silhouettes can be of structures.


Silhouettes can be colorful.


Silhouettes can tell Stories ... 

Silhouettes can be Candid.

Hot Shoes E0S 30D

LadyBird


Silhouettes can be created with artificial light.








ဟိုလိုလို ဒီလိုလို သင်္ကြန် တေးစီးရီး မိတ်ဆက်



PAING PHYO THIHA Trading ၏ အလှကုန်ပစ္စည်းများ မိတ်ဆက်ပွဲ အခမ်းအနား

 PAING PHYO THIHA Trading Co.,Ltd.  ၏ ကိုရီးယားနိုင်ငံမှ တစ်ဦးတည်းကိုယ်စားလှယ်ယူ တိုက်ရိုက် တင်သွင်းသော Huksamsoo (Black Ginseng) ၊ Joycos , Hope Girl , Slim Diet , Long Kids - ကုန်ပစ္စည်း မိတ်ဆက်ပွဲအား ကိုရီးယားနိုင်ငံမှ ကိုရီးယားမယ်, Miss Korea- Lee Seul Gi က မြန်မာ မော်ဒယ်များဖြင့်အတူ မိတ်ဆက် ပြသ သွားခဲ့သည်။ ကိုရီးယား အလှကုန်သစ်များ ကို မော်ဒယ်လေးများဖြင့် လက်တွေ့ လိမ်းချယ် ခြင်းများအား ဆီဒိုးနားဟော်တယ် Grand Ballroom တွင် မတ်လ - ၂၁ ရက် - ၂၀၁၃ တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရပါသည်။























Tiger Myanmar Amateur Open Golf Championship 2013

Tiger ဘီယာမှ ကြီးမှူးကျင်းပခဲ့သော Tiger Myanmar Amateur Open Golf Championship 2013 အား ရန်ကုန်မြို့ Yangon Golf Club တွင် ယ္ခုလ ၁၉ ရက်မှ ၂၂ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားခဲ့သည်။ 











NEW STAR Gems & Jewellery ၂၀ နှစ်မြောက် အခမ်းအနား နှင့် ညစာစားပွဲ

NEW STAR Gems & Jewellery ၏ ၂၀ နှစ်မြောက် အခမ်းအနားနှင့် ညစာစားပွဲအား ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ် တွင် မတ်လ ၂၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် နာမည်ကြီး အဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင်များလည်း တက်ရောက် ကာ သီချင်းများ ဖြင့် ဖျော်ဖြေ အားပေးချီးမြင့်ပေးခဲ့ကြကြောင်း သိရှိရပါသည်။












တော်ဝင်ဖောင်ဒေးရှင်း မှ ဆောက်လုပ်လှူဒါန်းသော အထက (၄) စမ်းချောင်း ၃ ထပ်ကျောင်းဆောင်သစ် ပန္တွတင် မင်္ဂလာအခမ်းအနား ဓာတ်ပုံ မှတ်တမ်း









Wednesday, March 20, 2013

FULBRIGHT USA Scholarship



2014   Application Season for

Fulbright Foreign Student

Scholarships Opens


ဖူးလ်ဘရိုက်နိုင်ငံရပ်ခြားကျောင်းသား အစီအစဉ်သည် အရွေးချယ်ခံကျောင်းသား/သူများ အတွက် ပညာရေးစရိတ်၊နေရာထိုင်ခင်းစရိတ်၊ အခြေခံကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်၊ စာအုပ်စာတမ်းကြေး၊ ခရီးစရိတ် နှင့် ဖူးလ်ဘရိုက် အထောက်အကူပြု အစီအစဉ်များ တက်ရောက်ခွင့် ကို ကျခံပေးသွားမည်ဖြစ်သည်။


လျောက်ထားသူသည်


  • မြန်မာနိုင်ငံသားဖြစ်ရမည်။အခြားနိုင်ငံများမှ နိုင်ငံသားများသည်မြန်မာနိုင်ငံမှ လျှောက်ထားခွင့်မရှိပါ။ 
  • ဘွဲ့တစ်ခုခု ရရှိထားပြီးသူဖြစ်ရမည်။ 
  • ပညာရည်အဆင့်မြင့်မားပြီး ထူးချွန်မှု မှတ်တမ်းများရှိသူ ဖြစ်ရမည်။ 
  • အင်္ဂလိပ်စာ TOEFL အနိမ့်ဆုံးရမှတ် ၅၇၅ (သို့) IELTS ၆.၅ နှင့်  အထက်ရရှိထားသူဖြစ်ရမည်။ 
  • လျှောက်ထားသည့် ဘာသာရပ်နှင့် သက်ဆိုင်သောဘွဲ့ရရှိထားသူ (သို့) သက်ဆိုင်သောလုပ်ငန်း အတွေ့အကြုံရှိထားသူဖြစ်ရပါမည်။ 
  • အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ဖူးသူ(သို့) ရောက်ဖူးသူမဖြစ်ရပါ။ 
  • အမေရိကန်တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားသူ ( သို့) ဘွဲ့သင်တန်းအတွက် ကျောင်းအပ်ထားသူ မဖြစ်ရပါ။

The deadline for applications is

July 3, 2013
၂၀၀၃ ခုနှစ် ၊ဇူလိုင် ၃ ရက် နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါသည်။

လျှောက်လွှာပုံစံ နှင့် အသေးစိတ် အချက်အလက်များ ကို http://burma.usembassy.gov/scholarships.html (သို့) ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွက်မြို့နယ်ရှိ အမေရိကန်သံရုံး ပြည်သူ့ရေးရာဌာန ၊ ယဉ်ကျေးမှုဌာနခွဲ၊ ဖုန်း ၅၃၆၅၀၉၊ ၅၀၅၁၁၃ လိုင်းခွဲ ၄၃၆၉၊ အီးမေးလ် RangoonUSECA@state.gov သို့ ဆက်သွယ်မေးမြန်းရယူနိုင်ပါသည်။

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS