Wednesday, March 27, 2013
ကောလဟာလနှင့် သွေးထိုးစကား ပြောမည်ဆိုပါက၊ ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ ) အပြောခံရပါက။
ကောလဟာလနှင့်
သွေးထိုးစကား ပြောမည်ဆိုပါက၊ ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ )
အပြောခံရပါက။
၁။ အကြောင်းအရာ အဖြစ်အပျက်ကို မှန်သည် မှားသည်ကို ချက်ချင်း မသုံးသပ် မဆုံးဖြတ်ပါနှင့်။
၂။ အချိန်ခေတ္တယူပြီး သုံးသပ်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော အချက်အလက်များ တိကျခိုင်မာသော အချက်အလက်များ ပိုမို ပြည့်စုံအောင် ဆောင်ရွက်ပါ။
၃။ သူစိမ်းဖြစ်စေ ရင်းနှီးသူဖြစ်စေ မည်သူပြောသည်ဖြစ်စေ ပုဂ္ဂိုလ်ဘက်လိုက်မှုအပေါ် အခြေခံ၍ မဆုံးဖြတ်ပါနှင့်။
၎။ ကိုယ်သာ ကိုယ့်လူသာ ကိုယ့်လူမျိုးသာ ကိုယ့်ဘာသာသာ ကိုယ့်ယုံကြည်ခံယူချက်သာ ကိုယ်သာ အမှန်ဖြစ်ရမည်ဟူသော တစ်ဘက်သတ်ဖြစ်မှုအား ရှောင်ရှားတွေးတောပါ။
၅။ မိမိကိုယ်တိုင် စုံစမ်းပါ၊ မျက်မြင်ကိုယ်တွေ့ ဖြစ်အောင် ကြိုပမ်းပါ။
ဒီသင့်တော်တဲ့ သိသင့်သိထိုက်တဲ့ အခြေအနေ အနေအထားတွေ မရှိဘဲနဲ့  -
လူတစ်ယောက်ကို မုန်းရမလားဆိုရင် ဘာကြောင့် မုန်းတီးသင့်တာလည်း၊ လူတစ်ယောက်ကို ရိုက်ပုတ်သတ်ဖြတ်ဆိုရင် ဘာကြောင့် ရိုက်ပုတ်သတ်ဖြတ်ရမှာလည်း၊ လူတစ်ယောက်ကို သတ်ဆိုရင် ဘာကြောင့် သတ်ရမှာလည်း၊ မုန်းတီး ရိုက်ပုတ်သတ်ဖြတ်မှု လုပ်ရင် လုပ်သင့်လုပ်ထိုက်သလား၊ မုန်းတီး ရိုက်ပုတ် သတ်ဖြတ်ဖြစ်ရင်တောင် ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်သလား။ မုန်းတီး ရိုက်ပုတ် သတ်ဖြတ်တာဟာ ပဋိပက္ခတစ်ခု ပပျောက်ဖို့  စစ်မှန်တဲ့ ဖြေရှင်းခြင်း ဟုတ်ရဲ့ လား ဆိုတာတွေကို ကိုယ့်ဖာသာ သုံးသပ်ကြည့်ပါ။
ဒီနေရာမှာ - အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဆိုကရေးတီးရဲ့  ပြောကြားချက်နဲ့  သုံးသပ်ဆုံးဖြတ်ချက်ကို အတုယူထိုက်မှုကို သာဓက ပြောပြလိုပါတယ်။
ရှေးခေတ် ဘီစီ ၄၆၉ နဲ့  ၃၉၉ အချိန်ကြားကာလတစ်ခုမှာ ဆိုကရေးတီးဟာ အလွန်ထင်ရှားကျော်ကြားတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ တစ်နေ့ မှာ ဆိုကရေးတီးကို အခြားသောပုဂ္ဂိုလ်တစ်ဦးက လာပြောပါတယ်။ “ဆိုကရေးတီး …. ငါ မင်းရဲ့  တပည့်တစ်ယောက်အကြောင်း ဘာကြားလည်းဆိုတာ မင်းသိသလား” လို့  စတင်ပြောပါတယ်။
ဒီအခါမှာ ဆိုကရေးတီးက … “နေဦး နေဦး .. မင်း ကြားတဲ့ အကြောင်းအရာ ငါ့ကို မပြောခင်မှာ … ငါ အနေနဲ့  မင်းကို အရင်ဆုံး မေးချင်တယ်” လို့  ပြောပါတယ်။
ဒါနဲ့  ဆိုကရေးတီးက “မင်း မပြောပြခင် ငါအနေနဲ့  သိလိုတာ မေးခွန်းလေး ၃ ခွန်းလောက် မေးပါရစေ” ဆိုပြီး -
၁။ မင်း ငါ့ကို ပြောပြမယ့် အကြောင်းအရာဟာ အမှန်တကယ် မှန်ကန်ပါတယ်လို ခိုင်လုံစွာ ပြောလို့ ရအောင် မင်းကိုယ်တိုင် မြင်တွေ့  ကြုံတွေ့ ခဲ့ရတာလား၊ ဒါမှ မဟုတ် အခြားသူထံက မင်းကြားရုံ ကြားသိခဲ့ရတာလား။
၂။ မင်း ငါ့ကို ပြောပြမယ့် အကြောင်းအရာဟာ အဆိုပါ အပြောခံရသူအတွက် အကျိုးယုတ်စေသော အကြောင်းအရာ ဖြစ်ပါသလား။ အကျိုးယုတ်စေမယ့် အကြောင်းအရာဆိုရင်တောင် အဆိုပါ အကြောင်းအရာဟာ ပထမမေးခွန်းပါအတိုင်း မှန်ကန်မှုရှိတယ်လို့  မပြောနိုင်ဘဲနဲ့  အဆိုပါသူအတွက် အကျိုးယုတ်ပြောမယ့်ဟာသည် ဆက်လက် မှန်ကန်နိုင်ပါ့မလား။
၃။ မင်းပြောပြမယ့် အကြောင်းအရာဟာ ငါ့အတွက် ကောင်းကျိုးပြုစေမယ့် အရာ ဖြစ်ပါသလား။
ဒီမေးခွန်း ၃ ခုကို အရင် ဖြေကြားပါလို့  ဆိုကရေးတီးက ပြောကြားတဲ့နောက်မှာတော့ - မှန်ကန်မှုကိုလည်း မခိုင်လုံဖူး၊ ကောင်းမွန်မှုလည်း မရှိဖူး၊ ကောင်းကျိုးတရားလည်း မရှိနိုင်ဖူးဆိုရင်တော့ ဒီလို စကားမျိုးကို ပြောကြားမယ့်သူကိုယ်တိုင်ကလည်း ပြောသင့် မပြောသင့်ကို ဆင်ခြင်သင့်သလို၊ လက်ခံနားထောင်မယ့်သူကလည်း နားထောင်ရန် ငြင်းပယ်သင့်ပါတယ် (သို့ ) မှားယွင်းစွာသုံးသပ်ဆုံးဖြတ်မှုကို ရှောင်ကြဉ်သင့်ပါတယ်။
ဘယ်သူလည်း ဘာကြောင့်လည်း ဘယ်နေရာမှာလည်း ဘယ်အချိန်ကလည်း ဘယ်လိုဖြစ်တာလည်း ဘယ်သူတွေ မျက်မြင်ရှိသလည်း ဘယ်အချက်တွေ သက်သေခိုင်ခိုင်လုံလုံရှိသလည်း အစရှိတဲ့ မေးခွန်းတွေ မေးလို့  သိရရင်တောင်၊ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့  ကြုံတွေ့ ရရင်တောင် ချင့်ချိန်စဉ်းစား သုံးသပ်နိုင်မှ တော်ကာကျတယ်ဆိုတာကို ကောလဟာလနှင့် သွေးထိုးစကား ကြားရပါက (သို့ ) အပြောခံရပါက သတိတရား အသိတရားနှင့် ရှိကြစေရန် မေတ္တာစကား ပါးလိုက်ရပါတယ်။
ကောလဟာလနှင့် သွေးထိုးစကား ပြောလိုသူများ ဆင်ခြင်တရား ရှိကြပါစေ၊ ကောလဟာလနှင့် သွေးထိုးစကား ကြားရ အပြောခံရသူများလည်း မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်နိုင်ကြပါစေ။
မိသားစုအတွင်း ငြိမ်းချမ်းကြပါစေ၊ လူမှုအဖွဲ့ အစည်းအတွင်း ငြိမ်းချမ်းကြပါစေ၊ တိုင်းပြည်ရပ်ကွက်မြို့ တိုင်းအတွင်း ငြိမ်းချမ်းကြပါစေ ……
နစ်နေမန်း။ မူရင်း

Monday, March 25, 2013
Xcite Music Show @ Mya Yeik Nyo 5-4-2013 Friday 6:30PM
Xcite Music Show အား The Trees Music Band နှင့်အတူ အာဇာနည် ၊ ဥာဏ်လင်းအောင် ၊ ချမ်းချမ်း ၊ နီနီခင်ဇော် ၊ ဗန်သာဒ်ကျင်း ၊ Hip-Hop အဆိုတော်များဖြစ်သော ဂျောက်ဂျက် ၊ ကျော်ထွဋ်ဆွေ ၊ Snare ၊ လွှမ်းပိုင် ၊ စန္ဒီမြင့်လွင် ၊ Bobby Soxer ၊ မိစန္ဒီ တို့ က ပါဝင်သီဆိုပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
Music Show ပွဲအား ၅-၄-၂၀၁၃ ညနေ ၆နာရီခွဲမှ စတင်ကာ မြရိပ်ညို Hotel တွင် ကျင်းပမည်ဖြစ်ပြီး လက်မှတ်များကို မန်းသီရိ တေးသံသွင်း ၊ တော်ဝင်စင်တာ (ပြည်လမ်း ) ၊ စီးတီးမတ် နှင့် အိုးရှင်း ဆိုင်ခွဲများ အားလုံး ၊ ကိုကိုညီညီ ဗျူးတီးဆလွန်း ၊ ဒဂုံစင်တာ ၊ Gadged Ocean (ဘားလမ်း) တို့တွင် ၆၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ကြပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။Sunday, March 24, 2013
Silhouette Photography
ကဲ ... ဒီတစ်ခါတော့ ဓာတ်ပုံ ၀ါသနာရှင် ညီ၊အစ်ကို၊မမ၊ညီမများအတွက် ... အင်တာနက်မှ တွေ့ရှိရတဲ့ Silhouette Photo များကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဓာတ်ပုံ ၀ါသနာရှင်များအတွက် ခုခေတ်မှာ လွယ်လွယ်ကူကူနဲ့ပဲ ဒီဂျစ်တယ် ကင်မရာ ၊ ဖုန်းကင်မရာများ ဖြင့် သွားလေရာ ဓာတ်ပုံရိုက်ဝါသနာပါသူများ ... အမှတ်တရဓာတ်ပုံများကို ပေါ့ပေါ့ ပါးပါး အမြင်ဆန်းဆန်း လေးများဖြင့် ဖန်တီးနိုင်ပါစေကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Silhouettes can be Posed.
Silhouettes can convey a sense of place.
Silhouettes can be of structures.
Silhouettes can be colorful.
Silhouettes can tell Stories ...
Silhouettes can be Candid.
Hot Shoes E0S 30D |
LadyBird |
Silhouettes can be created with artificial light.
PAING PHYO THIHA Trading ၏ အလှကုန်ပစ္စည်းများ မိတ်ဆက်ပွဲ အခမ်းအနား
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...