ရွှေဥရာစုသစ် အာမခံ စိန် ၊ ရွှေ ၊ ရတနာဆိုင်မှ ၄င်းတို့အား အချိန်ကြာရှည်စွာ အားပေးလာကြသော Customer များ၏ မေတ္တာကို တုန့်ပြန်သောအားဖြင့် ၃၀% မှ ၅၀% Discount (အလျော့တွက်) ဖြင့် ၃၁-၃-၂၀၁၃ နေ့က Promotion ပွဲတော် အဖြစ် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ နံနက် ၉နာရီမှ ညနေ ၆နာရီအထိ ပြုလုပ်ကျင်းပရောင်းချခဲ့ကြောင်း သိရှိရသည်။ အဆိုပါပွဲသို ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီး များ ၊မော်ဒယ်များ ၊ မြန်မာပြည်သိန်းတန် နှင့် အခြားအဆိုတော်များလည်း တက်ရောက် အားပေး ခဲ့ကြသည်။
Tuesday, April 2, 2013
လိုင်ဇာသို့ ပထမဆုံး ရောက်ခဲ့သော ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့မှ
ငြိမ်းချမ်းရေးလိုလားသူ လူငယ်များ ပေါင်းစုကာ လိုင်ဇာ(ကချင်) သို့ ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်ကာ ငြိမ်းချမ်းရေးအလံ စိုက်ထူခဲ့သော လိုင်ဇာသို့ ပထမဆုံး ရောက်ခဲ့သည့် အဖွဲ့မှ
လမ်းတစ်လျှောက် ၄င်းတို့ ကောက်ယူခဲ့သော ကြည်ဆံခွံများအား ဗုဒ္ဓ ဆင်းတုတော် ရုပ်တစ်ဆူ နှင့် ယေရှုသခင်၏ လက်ဝါးကပ်တိုင်ပုံစံများ သွန်းလောင်းသွားမည်ဟု သတင်းရရှိပါသည်။
အဆိုပါ ပွဲကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ၃၀-၃-၂၀၁၃ ပြုလုပ်ကျင်းပခဲ့ပြီး ယင်း သတင်းစာရှင်းလင်းပွဲသို့ ငြိမ်းချမ်းရေးနှင့် မြန်မာ့ ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူ များဖြစ်သော ကိုဝင်းချို ၊ မြန်မာ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့မှ ဦးရဲလွင် နှင့် အခြား မြန်မာ့ ဒီမိုကရေစီအရေး ၊ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားကြသူများ ၊ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...