Wednesday, September 4, 2013

မြန်မာ့အလှမယ် နန်းခင်ဇေယျာ အား ပုံတူ ပန်းပု ပန်းချီ ထုလုပ် ရေးဆွဲကြမည်။

 အ

ပြည်သူ့အချစ်တော် မြန်မာ့ဂုဏ်ဆောင် ပအို့တိုင်းရင်းသူ အလှမယ် နန်းခင်ဇေယျာ၏ ပုံတူ အား ပန်းချီ ၊ ပန်းပု ရေးဆွဲထုလုပ်ကြမည် ဖြစ်ပါသောကြောင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ ။

" အကြားအာရုံ ချို့တဲ့ သောကလေးများ ပန်းချီ ၊ ပန်းပု ပညာရပ်များ စိတ်ပါ ၀င်စားလာကြစေရန် ယ
ခုလို ပြည်သူ့အချစ်တော်ကို ရွေးချယ်ကာ ရေးဆွဲထုလုပ်ခြင်းအားဖြင့် ကလေးများ ပိုမို စိတ်ပါဝင်စားမယ်လို့ ယုံကြည်ပါတယ်။ "

ကျော်ကျော်မင်း (ပန်းပု)
ဖုန်း - ၀၉ ၇၃၀၆၄၈၃၂
www.sculptorkyawkyawmin.blogspot.com
www.kyawkyawmin.com 

Thursday, August 29, 2013

ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား

ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါကို ၂၀၁၁ ခုနှစ် သြဂုတ်က ပြင်သစ်တောင်ပိုင်းဆိပ်ကမ်း တိုလွန်တွင် တွေ့ရစဉ်
ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်များ အရှိန်ယူနေ
အမေရိကန်နှင့် မဟာမိတ်တို့သည် ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊ လေယာဉ်များ အသုံးပြုကာ ဆီးရီးယားပြင်ပ ရေပိုင်နက်နှင့် ဝေဟင်တို့မှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ဖွယ် ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ ဆီးရီးယားကို တိုက်ခိုက်ပါက ရက်ပိုင်းသာ ကြာမြင့်နိုင်ပြီး စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားနိုင်သော်လည်း ဓာတုလက်နက်များကိုမူ ပစ်မှတ်ထားဖွယ် မရှိကြောင်း ၀ါရှင်တန်ရှိ သတင်းရင်းမြစ်များက ဆိုသည်။ ဆီးရီးယား အဓိကအတိုက်အခံ (SNC) ကလည်း လေဆိပ်များ၊ စစ်အခြေစိုက် စခန်းများ၊ လက်နက်ရုံများ စသည်တို့ ပါဝင်သည့် ပစ်မှတ်များကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် အဖွဲ့ဖြစ်သော (FSA) နှင့် မဟာမိတ်နိုင်ငံတို့ကြား ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း SNC တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ကာကွယ်ရေး ၀န်ကြီးဌာနသည် လေကြောင်းတိုက်ခိုက်မှုကို သုံးရက်ကြာ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း၊ မြေထဲပင်လယ်တွင်းရှိ ရေတပ်ဖျက်သင်္ဘောများ၊ ရေငုပ်သင်္ဘောများမှ ဒုံးကျည်တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိပ်တန်းတာဝန် ရှိသူများက NBC News ကို ပြောကြားခဲ့ကြောင်း သိရသည်။ အမေရိကန်သည် မကြာသေးမီ ရက်များအတွင်းက မြေထဲပင်လယ်တွင်းမှ ဖျက်သင်္ဘောများကို မြေထဲပင်လယ် အရှေ့ဘက်စွန်းရှိ ဆီးရီးယားအနီးသို့ ရွှေ့ဆိုင်းခဲ့ရာ ရေတပ်သင်္ဘောများဖြစ်သည့် USS Barry၊ USS Mahan၊ USS Ramage နှင့် USS Gravely တို့သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြောင်း ရေတပ်တာဝန် ရှိသူများက ပြောကြားခဲ့သည်။
ဓာတုလက်နက် တိုက်ခိုက်မှုအတွက် ဖြစ်လာနိုင်သော လက်တုံ့ပြန်မှု
အမေရိကန် စစ်တပ်သည် အဆင်သင့် ရှိနေပြီဖြစ်ပြီး သမ္မတ ဘာရက်အိုဘားမား၏ အမိန့်ကို စောင့်ဆိုင်းနေကြောင်း ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားခဲ့သော်လည်း ၀ါရှင်တန်က နောက်ဆုံးဆုံးဖြတ်ချက် မချရသေးပေ။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ၀ါလက်မူအာလင်က မိမိတို့တွင် အညံ့ခံ အရှုံးပေးခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း နည်းလမ်းနှစ်ခုအနက် ဒုတိယနည်းလမ်းသည် အကောင်းဆုံး ဖြစ်မည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု နောက်ကွယ်တွင် ပါဝင်သူများအား အပြစ်ပေးရန် ပြင်သစ်က အဆင်သင့်ဖြစ်နေကြောင်း သမ္မတ ဖရန်ဆွာအော်လွန်ဒ်က ပြောကြားခဲ့သည်။
သြဂုတ် ၂၇ ရက်တွင် အိုဘားမားသည် ကင်မရွန်ထံ ဖုန်းဆက်ပြီး ဆီးရီးယားအရေး ကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ အိုဘားမားသည် သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ် ခေါင်းဆောင်များနှင့်လည်း ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားအပေါ် စစ်ရေးဖြင့် အရေးယူမှုအား မဟာမိတ်ရုရှားနှင့် အီရန်တို့က ကန့်ကွက်ထားသည်။ သို့သော် ဆီးရီးယား မဟာမိတ်ဟောင်းနှင့် ဒေသတွင်း အင်အားကြီး တူရကီကမူ ယင်းဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အတွက် တာဝန်ရှိသူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေမှုမှာ မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။              
Ref:AFP
ကုလသမဂ္ဂ၏ ထောက်ခံမှု၊ သဘောတူညီမှု မရှိဘဲ လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးများ
ကိုဆိုဗို (Operation Allied Force)
နေတိုးတပ်ဖွဲ့များသည် ၁၉၉၉ ခုနှစ်၊ မတ် ၂၄ ရက်တွင် ယူဂိုဆလားဗီးယားကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဇွန် ၁၁ ရက်အထိ ကြာမြင့်ခဲ့သည်။ အစိုးရနှင့် လူများစု အယ်ဘေးနီးယား လူမျိုးစု ကိုယ်စားလှယ်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် ယင်းကဲ့သို့ တိုက်ခိုက်ရန် ညွှန်ကြားခံရခြင်း ဖြစ်သည်။ ရုရှားနှင့် တရုတ်ကမူ ကုလဆုံးဖြတ်ချက်ကို ဗီတိုသုံးမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယူဂိုဆလားဗီးယားခေါင်းဆောင် ဆလိုဘိုဒန်မီလိုဆီဗစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကြိမ်ကြိမ်ငြင်းဆိုမှုနှင့် ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်အား ယူဂိုဆလားဗီးယားက ထိုးစစ်ဆင်မှုတို့အပေါ် တုံ့ပြန်ခြင်း ဖြစ်သည်။ နိုင်ငံ ၁၃ နိုင်ငံမှ လေယာဉ်အစင်း ၆၀၀ ၀န်းကျင်က ယူဂိုဆလားဗီးယား ပြည်နယ်များဖြစ်သော ကိုဆိုဗို၊ မွန်တီနီဂရိုနှင့် ဆားဗီးယားတို့ကို လေကြောင်းမှ နေ့စဉ်တိုက်ခိုက်ခဲ့သည်။
အီရတ် (March 2003 Operation Iraqi Liberation-Operation Iraqi Freedom)
ဖျက်အားပြင်း လက်နက်များ ရှိသည်ဟု သံသယရှိသောကြောင့် အီရတ်ကို စစ်ရေးဖြင့် အရေးယူရေး ကုလဆုံးဖြတ်ချက် ရရှိရန် အမေရိကန်၊ ဗြိတိန်နှင့် စပိန်တို့က ကြိုးပမ်းခဲ့သည်။ ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့က ကန့်ကွက်ခဲ့ကြသည်။ အီရတ်သမ္မတဟောင်း ဆက်ဒမ်ဟူစိန်ကို နောက်ဆုံးရာဇသံပေးပြီးနောက် ကုလဆုံးဖြတ်ချက် မပါဘဲ တိုက်ခိုက်ရန် အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်က ဆုံးဖြတ်ခဲ့သည်။ ၂၀၀၃ ခုနှစ် မတ် ၂၀ ရက်တွင် အမေရိကန်က ဘဂ္ဂဒက်ကို လေကြောင်းမှ တိုက်ခိုက်ပြီး ဗြိတိန်နှင့် အမေရိကန် မြေပြင်တပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းကို တိုက်ခိုက်ခဲ့သည်။ ဆက်ဒမ်အစိုးရအား ဖြုတ်ချနိုင်ခဲ့ပြီး ဖမ်းဆီးခဲ့ကာ အီရတ်တရားရုံး၌ ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ကြိုးပေးခဲ့သည်။ မေလတွင် အမေရိကန် ဦးဆောင်သော နိုင်ငံစုံတပ်များ တပ်ဖြန့်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် အမေရိကန် တပ်အားလုံးနီးပါး ရုပ်သိမ်းခဲ့သည်။
လစ်ဗျား (March 2011 Operation Unified Protector)
လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီ သစ္စာခံတပ်များ၏ တိုက်ခိုက်ခံနေရသော အရပ်သားများအား ကာကွယ်ပေးရန် ဖြစ်နိုင်သမျှ နည်းလမ်းအသုံးပြုခွင့်ပေးသည့် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ ကို ၂၀၁၁ ခုနှစ် မတ် ၁၇ ရက်တွင် ချမှတ်ခဲ့သည်။ မတ် ၁၉ ရက်တွင် အမေရိကန် ထောက်ပံ့မှုပါသော ဗြိတိန်နှင့် ပြင်သစ်တပ်များ ဦးဆောင်ပြီး စစ်ဆင်ရေး စတင်ခဲ့သည်။ မတ် ၁၁ ရက်တွင် နေတိုးက ဦးဆောင်ခဲ့ပြီး နိုင်ငံ ၁၈ နိုင်ငံ ပါဝင်ခဲ့သည်။ နေတိုးသည် ကုလဆုံးဖြတ်ချက်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု တရုတ်နှင့် ရုရှားတို့က စွပ်စွဲခဲ့သည်။ ထရီပိုလီမြို့ကို လစ်ဗျားသူပုန်များ သိမ်းနိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၂၀ ရက်တွင် ကဒါဖီမွေးရပ်မြေ ဆာတီ၌ စစ်ဆင်ရေး တစ်ခုအတွင်း ကဒါဖီအား အသေဖမ်းမိခဲ့သည်။
Ref:AFP

အမေရိကန် လေတပ်ဝက်ဘ်ဆိုက်မှ ရယူထားသည် အက်ဖ် ၁၅  အီးဂဲတိုက်လေယာဉ်များ
>>> Eleven Media Group

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အား ပန်းချီ ရွှေမြင့်နှင့် ပန်းပု ကျော်ကျော်မင်းတို့မှ ဂုဏ်ပြု ပန်းပုပန်းချီ ရေးဆွဲ ထုလုပ်ခဲ့




Fuji Ko Pauk


ဟံသာဝတီ ဦးဝင်းတင်

Sculptor Kyaw Kyaw Min


ပန်းချီ ရွှေမြင့်

Artist Shwe Myint


ဦးဝင်းတင် နေအိမ် / ရန်ကုန်                                                 ၂၇-၈-၂၀၁၃

မြန်မာ့နိုင်ငံရေးလောကအတွက် သြဇာတိကိကမ ကြီးမားသော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ပန်းချီ ရွှေမြင့် ၊ ပန်းချီ စိုးပိုင် ၊ ပန်းပု ကျော်ကျော်မင်း တို့မှ ပန်းပု ပန်းချီ များဖြင့် လက်တွေ့ရေးဆွဲကာ ဂါရ၀ပြုခဲ့ကြကြောင်း သိရှိရသည်။

ခရီးသွားရုပ်ရှင်ပွဲတော် အား မကွေး ၊ မုံရွာ နှင့် မန္တလေး မြို့ များတွင် ပြသ သွားမည်

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော် အား မကွေး ၊ မုံရွာ နှင့် မန္တလေး မြို့ များတွင် ပြသ သွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ 

မကွေး - ၂၅ သြဂတ်စ်
မုံရွာ - ၃၁ သြဂတ်စ်
မန္တလေး - စက်တင်ဘာ ၁ရက်


Monday, August 26, 2013

ကန့်ဘလူမြို့နယ်၌ မိန်းကလေးတစ်ဦး ကာအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွား


( ဩဂုတ်လ၊၂၅ ရက်နေ့၊ ည ၈နာရီ၊ ၁၅ မိနစ်တွင် ရရှိသော သတင်းများကို ဆက်လက်ဖော်ပြအပ်ပါသည်)
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီးတစ်ဦးအား အမျိုးသား တစ်ဦးက ကာအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူ လူအုပ်စုက စျေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိ သူများက မီးရှို့ဖျက်ဆီးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး မီးရှို့ဖျက်ဆီးသူဟု ယူဆရသူများအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိ ရသည်။
ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင် မှ ပြန်လာစဉ် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြား အရောက် ထန်းတော ကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာ ကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာ သဖြင့် ဆန်းမင်းဦးသည် ထန်းကုန်းကျေးရွာဘက်သို့ ထွက်ပြေးခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီး သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် ညပိုင်းတွင် ရွှေဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်း။
ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ စျေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် စီမခံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် ည ၈ နာရီခန့်တွင် ရောက်ရှိပြီး ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွား စေရန် ထိန်းသိမ်းဆောင်ရွက်နေသည့်ကြားမှ အဆိုပါ လူအုပ်စုသည် ည ၉ နာရီခန့်တွင် ကြက်ခြံတစ်ခြံ၊ စျေးဆိုင် နှစ်ဆိုင်နှင့် ဆန်ပွဲရုံ တစ်ခု၊ လူနေအိမ်တစ်လုံးတို့အား ဆက်လက် ဖျက်ဆီးမီးရှို့ခဲ့ကြသည်။
ထို့နောက် ည ၁၀ နာရီခွဲခန့်တွင် ရပ်ကွက် ၁ မှ လက်ဖက်ရည်ဆိုင်နှင့် ဆန်ပွဲရုံ၊ ကွမ်းယာဆိုင် တို့အား မီးရှို့ခဲ့ရာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး ဆူပူမှုအား ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။
ယင်းလူစုသည် ယနေ့နံနက် ၁ နာရီခန့်တွင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ရောက်ရှိလာ သော လူအင်အား ၁၀၀၀ ခန့်နှင့် ရပ်ကွက်(၃)ရှိ နေအိမ်များအား ဆက်လက်မီးရှို့ရန် ရောက်ရှိ လာစဉ် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် လုံခြုံရေးအဖွဲ့များရောက်ရှိပြီး ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးက လူအုပ်စုအား မီးမရှို့ရန်နှင့် ရှေ့ဆက်မတက်ရန် တားမြစ်ရာ လူအုပ်စုက လေးခွများဖြင့် ပစ်ခတ်သဖြင့် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်။
ထိုသို့ တားမြစ်စဉ်အတွင်း မီးငြိမ်းသတ်နေသည့် မီးသတ်ကားများအား ဆည်ရေသွယ်မြောင်းမှ ရေဖြည့်၍ မရအောင် တားမြစ်ခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအား အန္တရာယ်ပြုခြင်းတို့ကြောင့် ဒုတိယအကြိမ် သေနတ်ပစ်ဖောက် အသိပေးပစ်ခတ်ခဲ့ရာ လူအုပ်စုများ လူစုကွဲသွားပြီး မီးသတ်ကားများ ရေဖြည့်နိုင်ကာ မီးငြိမ်းသတ်ခြင်းကို ဆက်လက် ဆောင်ရွက် နိုင်ခဲ့သည်။
ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်လည်း ထန်းကုန်း​ကျေးရွာသို့ နံနက် ၃ နာရီ ကျော်ခန့်တွင် ရောက်ရှိပြီး လုံခြုံရေးကိစ္စရပ်များနှင့် မီးငြိမ်းသတ်ခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြသဖြင့် လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ခန့်က မီးသတ်ကား ၁၀ စီးဖြင့် မီးငြိမ်းသတ်ခဲ့မှုကြောင့် လည်းကောင်း နံနက် ၃ နာရီခွဲခန့်တွင် မီးညွန့်ကျိုးခဲ့ပြီး နေအိမ် ၄၄ လုံး မီးလောင်ပျက်စီးခဲ့ကာ ရွာအတွင်းရှိ စျေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် ဖျက်ဆီးခြင်း ခံခဲရကြောင်း၊ မီးသတ် တပ်ဖွဲ့၀င်တစ်ဦးနှင့် အခြားတစ်ဦးတို့ ဒဏ်ရာရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားလျှင် ဖြစ်ပွားချင်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန့်ဘလူမြို့သို့ တိုင်းဒေ သကြီး စည်ပင်သာယာရေး ဝန်ကြီးအား လည်းကောင်း၊ ရေဦးမြို့သို့ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးအားလည်းကောင်း စေလွှတ်၍ ကွပ်ကဲဆောင်ရွက်စေ ခဲ့ကြောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး၊  တိုင်းဒေသကြီး တရားသူကြီး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ၊ တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့် အဖွဲ့သည် ည ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ရွှေဘိုမြို့သို့ ရောက်ရှိပြီး မြို့လုံခြုံရေးကိစ္စများ စီမံဆောင်ရွက်ကာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့မှ တစ်ဆင့် ထန်းကုန်း ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် တိုင်း ဒေသကြီး လုံခြုံရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင် ရဲတပ်ဖွဲ့မှူး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရန် အဖွဲ့ငယ်များ ဖွဲ့၍ ပတ်ဝန်းကျင်ကျေးရွာများသို့ ကွင်းဆင်း စည်းရုံးဆောင်ရွက်စေခြင်း၊ ရွာသူရွာသားများနှင့် ဘာသာရေး အဖွဲ့များအား တွေ့ဆုံအားပေးခြင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ရွာသူရွာသားများအား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ် ဆောင်ရွက်ရန် စီမံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းမှစ၍ နယ်မြေအ​ခြေအနေ ပြန်လည် တည်ငြိမ် အေးချမ်းသွားပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့က အိမ်ထောင်စု ၅၀ စာ ကယ်ဆယ်ရေးပစ္စည်း ၈ မျိုးအား ထန်းကုန်းကျေးရွာသို့ ပေးပို့ ထောက်ပံ့ရန် စီးစဉ် ဆောင်ရွက်ပေးခဲ့​ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ည ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ တစ်ဦးနှင့် မီးရှို့ဖျက်ဆီးသူဟု ယူဆရသူ ၁၁ ဦး တို့အား ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးလျက်ရှိပြီး ဥပဒေချိုးဖောက်သူများအား တရားဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)  

Sunday, August 25, 2013

ပျော်ရွှင်စွာ နေတတ်သူတို့၏ လျှို့ဝှက်ချက်



တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့ သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။

၁။ အကောင်းမြင်တတ် ပါတယ်

ပျော်ရွှင်စွာ နေတတ်သူ တွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။

၂။ အကောင်းဘက်က ဖြစ်ပေါ်လာရင် ရေးမှတ် ထားတတ် ကြပါတယ်

ကျွန်ုပ်တို့ဟာ များသောအားဖြင့် မကောင်းတာ (Negative) အပေါ်သာ အာရုံစိုက်လေ့ ရှိတတ် ကြပါတယ်။ ချီးကျူး ရမှာက ၁၀ ခု ရရှိပြီး မကျေနပ်တာ တစ်ခု ရှိနေမယ် ဆိုရင် သင်ဟာ ဘယ်အပေါ်မှာ အာရုံစိုက်လေ့ ရှိသလဲ။ ပျော်ရွှင်စွာ နေတတ်သူတွေဟာ ချီးကျူး ရမယ့် အကြောင်းအရာ တွေကိုသာ ကြားမြင် တတ်ကြ ပါတယ်။ အကောင်းမြင်တာကို စတင်ပြီး သတိထား မိရင် သင့်ဆီ အကောင်းတွေ ချည်းပဲ ရောက်လာမှာလို့ ပိုမြင်မိတတ် ကြပါတယ်။

၃။ ခွင့်လွှတ်နိုင်အောင် လေ့ကျင့်ပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေဟာ လွယ်လွယ် ကူကူပဲ ခွင့်လွှတ်တတ်ကြ ပါတယ်။ လူတွေကို ခွင့်မလွတ်နိုင်တာဟာ အဲ့ဒီသူ သေဆုံးဖို့ အထိ မျှော်လင့် နေတာကြောင့် သင့်ကိုယ် သင် အဆိပ်မိ ထားသလို ခံစားရတတ် ကြပါတယ်။ သင်ဟာ ခွင့်လွှတ်ဖို့ ခဲယဉ်းနေရင် မေတ္တာပို့ တတ်တဲ့ အကျင့်ကို ပြုလုပ်ပါ။ သင့်ကိုယ်သင် မေတ္တာပို့ပါ။ ပြီးရင် သင် ချစ်တဲ့သူ၊ သင် နဲ့ သိကျွမ်း ဖူးသူ၊ သင် ခွင့်လွှတ်ရမယ့် သူတွေကို မေတ္တာ ပို့ပါ။ ဥပမာ အားဖြင့် (ခွင့်လွှတ်ရမယ့် သူ နာမည် ထည့်ပါ)ကျန်းမာပါစေ။ ချမ်းသာပါစေ။ အန္တရာယ်ကင်း ပါစေ။ ကြင်နာတတ် ပါစေ အစရှိသဖြင့် မေတ္တာပို့ ကြည့်ပါ။ အလိုလို ခွင့်လွှတ်နိုင် သွားပါလိမ့်မယ်။

၎။ မိမိ ၀ါသနာ ပါရာ အလုပ်ကို လုပ်တတ် ကြပါတယ်

ပျော်ရွှင်စွာ နေတတ်သူတွေဟာ ငွေ ဒါမှမဟုတ် ဂုဏ်ကို အဓိက မထားဘဲ သူတို့ ၀ါသနာပါရာ အလုပ်ကို လုပ်တတ်ကြ ပါတယ်။ 


Credit to Myanmar Sakura

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS