နိုင်ငံတော်သမ္မတကြီး နှင့် တာဝန်ရှိ
လူကြီးမင်းများ ခင်ဗျာ
မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး
စ(၀်)နေလင်းဆိုသူတွင် ကိုယ်ပိုင်အိမ်စီးကား (၂)စီးရှိပြီး ကားပျက်လျှင် အောက်ခြေ ရဲတပ်ဖွဲ့
ဝန်ထမ်းများမှ အကုန်ကျခံပြုပြင်ပေးရခြင်း၊ ဆီထည့်ပေးရခြင်းများအပြင် ၀င်ငွေအပိုရလမ်း
မရှိပါသော ၀န်ထမ်းများ၏ လစာငွေထဲမှ ၄င်းနှင့် အိမ်သားများ စားသောက်ရန် အတွက်
အိမ်စားရိတ်များ ကျခံပေးရကာ အသားငါးများ နေ့စဉ် အလှည့်ကျ ၀ယ်ချမ်းပေးရပါသည်။
ထို့ပြင်
ယာဉ်မှု့အာမခံကိစ္စနှင့်ပတ်သက် ပြီး (၄) မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့၏
လုပ်ပိုင်ခွင့်များအား အာဏာ ထိမ်းချုပ်ရယူခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ ရဲတပ်ဖွဲ့ဝင်များအတွက်
ချထားပေးသောတန်ဖိုးနည်း ဖုန်းဆင်းကဒ်(၃၀)အား မျှဝေပေးခြင်းမရှိပဲ ၄င်းပိုင် ပစ္စည်းအဖြစ်
သဘောထားကာ ၄င်း၏ ကိုယ်ကျိုး အတွက်သုံးစွဲကာ ရောင်းချခြင်း၊ လက်အောက်ငယ်သားရဲတပ်ဖွဲ့ဝင်များအား
တပည့်သားမြေးကဲ့သို့ ဆက်ဆံရမည့်အစား ကျွန်နှင့်သခင်ကဲ့သို့ ခွဲခြားဆက်ဆံခြင်းများ
ကို အောက်လက်ငယ်သား ရဲတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ ခံစားနေရပါသည်။ ခရိုင်ရဲတပ်ဖွဲ့မှူး
အနေဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်လည်း ဆွေမျုးတော်စပ်ခြင်း၊ ရဲချုပ်နှင့်လည်း အလွန်ပဏာစားခြင်း
တို့ကြောင့် ပိုမိုမောက်မာစွာ ဆက်ဆံနေပါသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ အလွန်စိတ်ပျက်အားငယ်နေရသောကြောင့်
မိမိတို့ အလုပ်တာဝန်များ ထမ်းဆောင်ရာတွင် စိတ်ပျော်ပိုက်မှုမရှိကြတော့ပါ။
ထိုကဲ့သို့ ခွဲခြားဆက်ဆံ မောက်မာမှု့တို့ကြောင့် တိုင်းတပ်ဖွဲ့ဝင်အချင်းချင်း
ပစ်ခတ်သက်ဖြတ်မှု့ သာဓကများလည်း ရှိခဲ့ပါသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်အားလုံမှ
သေချာစွာ စုံစမ်း စစ်ဆေးကာ အရေးယူပေးပါရန် အလိုရှိကြပါသည်။
ထို့ကြောင့်
အားကိုးရှိသူ အဆိုပါ ခရိုင်ရဲ မှူး အရေးယူ ပြောင်းရွေ့ခံရမလား? အောက်ခြေ ရဲဝန်ထမ်းများ ဆက်လက် ဖိနှိပ်
မောက်မာစွာ ဆက်ဆံခံရလေဦး မလား ? ဟု ပြည်သူ့ဝန်ထမ်း အချင်းချင်း၏ အားစမ်းပွဲတစ်ခု အဖြစ်
ပြည်သူများ နှင့် ရဲဝန်ထမ်းများမှ စောင့်ကြည့်နေကြပါသည်။ ထို့ကြောင့်
သမ္မတကြီးနှင့် တာဝန်ရှိသူ လူကြီးမင်းများမှ အဖြစ်မှန်ကို ဖေါ်ထုတ် စုံစမ်း အရေးယူနိုင်စေရန်
အွန်လိုင်း အိတ်ဖွင့်ပေးစာအဖြစ် ဖြင့် လေးစားစွာ တင်ပြ အကူညီ တောင်းခံအပ်ပါသည်
ခင်ဗျာ ….
ရဲဝန်ထမ်းတစ်ဦး (မိတ္ထီလာမြို့)