ပြောနေ ဆိုနေကြတာတွေကို မြင်ရကြားရတဲ့ အခါ ဝင်ဝင်ပြောတတ်တာ ကိုယ့်သဘာဝမဟုတ်ပေမယ့် အခုလို လျှာယား လာတဲ့အခါမျိုးဆိုရင်တော့ ဝင်ပြောလိုက်တယ် ။
နောက်ပိုင်း ဟစ်ဟော့ ပုံစံတွေ ဝတ် | အင်္ဂလိပ်စကား လုံး အသံထွက်တွေကို အစပ်ဆက် မရှိ စကားပြောလိုလို ဘာလိုလို ခပ်တည်တည် ဖြီးဖြန်းတဲ့ သရုပ်ဆောင်မှုတွေ နဲ့ ဗေလုဝဆိုတာကြီးကို အတင်းလုပ်ပြီး သရုပ်ဆောင်လာတဲ့အခါ မကြိုက်တော့ဘူး။
သွားကြည့်မိတယ် ..။
ဆို့ ဆို့ လာတယ် ။ရေတွင်းကြီးနားမှာ မိုးဟေကိုနဲ့ဆုံလို့  သူစကားပြောတဲ့ scene လေးဆို သိပ်ချစ်စရာ ကောင်းပါတယ် ။ဗမာကားကြည့်ပြီး မျက်ရည်ကျရတဲ့ကားက လက်ရေချိုးလို့ ရတယ် ဆိုရင် ဒီဇာတ်ဝင်ခန်းကြောင့် ကျွန်တော် ရဲ့ နောက်ထပ် လက်တစ်ချောင်း ချိုးခဲ့ရတယ်။ကြည့်နေရင်း ကျွန်တော်
မျက်ရည်ကျမိတယ်။ ပါးစပ်ကလည်း "ချစ်လိုက်တာကွာလို့  " ရယ်ပြီး ပြောရင်း ဘေးက ဆရာမ ချမ်းကို ကြည့်လိုက်တော့ ဆရာမက လည်း ထူးထူးဆန်းဆန်း မျက်ရည်တွေကျနေတယ်။
"သူ ပဲရ ရမယ် " လို့  ကျွန်တော် ရယ်ရင်း ပြောတော့ ဆရာမက ခေါင်းတဆတ်ဆတ် ငြိမ့်ပြတယ်။
ဒီကားမှု သူဟာ ဗေလုဝ လုပ်မထားပါဘူး ။
တစ်ကယ့် "ကုသ" ပါ ။
တစ်ကားလုံးမှာ ဒီလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်
( အဲဒီဟန်ကိုပဲ ပရိတ်သတ်ကလည်း အားပေးခဲ့ကြတဲ့ ဗေလုဝရဲ့ပုံစံ)
အဲဒီ ပုံစံကို ဖျောက်ပြီး တစ်ကားလုံး " ကုသ "
ဖြစ်နေဖို့ ဆို သူတော်တော် အားထုတ်ခဲ့ရမှာပဲ ။
သူဟာ ဒီကားမှာ သရုပ်ဆောင် နေတာမျိုး မဟုတ်ပါဘူး။
သရုပ်ဆောင်ရတဲ့ အမူအရာ တွေ ကို လျော့နိုင်သမျှ လျှော့ချ ထားရတာပါ။
အိမ်ရှေ့ မှာ ကြိုးနဲ့ တုပ်ခံပြီး ထုံးစံအတိုင်း သူ့ အဖေ ရဲ့ ကြိမ်လုံးစာ မိတဲ့ အခန်းဆို သူ သိပ်ကို တော်ပါတယ်။
သူ ခိုးလာတယ်လို့  လူတွေ ထင်နေတဲ့ သူ့ မိန်းမရဲ့ ရှေ့မှာ ကြီးကောင်ကြီးမား နဲ့ ကြိမ်နဲ့ အရိုက်ခံရတဲ့ အခါ သူက ထူးပြီး ရှက်နေဟန် အံ့သြနေဟန် မပြပါဘူး။
ဒီလို အဆော်ခံနေကျ ဆိုတော့ ဒီလို အငုံ့စိတ်နဲ့ ကြီးပြင်းနေခဲ့ရတော့ ဒီလို မျက်နှာပေးလေးပဲ ဖြစ်နေတယ်။ အဲဒီနေရာမှာ သူဟာ ဒီထက် နည်းနည်းလေးပိုပြီး acting လုပ်လိုက်တာနဲ့ ဒီ အရသာ ပျက်ပြီ။
ဒါပေမယ့် ဒီအခန်းမှာ သူဟာ အရသာရှိအောင် သရုပ်ဆောင်နိုင်ခဲ့တယ်။ပြောရရင် သူဟာ ဒီကားမှာ တစ်ကားလုံး ကုသ ဖြစ်နေပါတယ်။
ဒီကားမှာ ကျွန်တော် အရသာရှိတဲ့ ဇာတ်ကွက်တွေကို အကဲဖြတ်တွေလည်း သတိထားမိမယ် ဆိုရင်
မဂွမ်းပုံ နဲ့ ဗေလုဝအကယ်ဒမီ ရလိမ့်မယ် လို့ တောင်
အိမ်ပြန်ရောက်တော့ ရွှီး လိုက်သေးတယ် ။
ကုသ နဲ့ ဂွမ်းစိမ် ကိုတော့ ကောင်းကောင်းကြီး သိခဲ့ ရင်းနှီး ခဲ့ပါတယ်။
အခု ကုသ နဲ့ ဂွမ်းစိမ် တို့ ကြောင့် ကိုဗေလုဝနဲ့ မဂွမ်းပုံတို့  အကယ်ဒမီ ရကြပြီ။
ကျွန်တော် စိတ်မဝင်စားဘူး ။အဲဒီလို အယုံအကြည်လည်း မရှိပါဘူး။
သူတို့ တွေရဲ့ personal life ကို ကျွန်တော် စိတ် အရောင် တစ်ခုခု နဲ့ ထူးပြီး မခံစားပါဘူး ။ထူးပြီး စိတ်မဝင်စားမိပါဘူး ။
အသုံးအစွဲ အမှားတစ်ခုပါ ။
ဒီ နှစ်ခု က သူတို့ ရဲ့ academic ပဲ ..။
5: 4 : 2 0 1 6