Thursday, June 2, 2016

MPT( ရှေ့သို့လှမ်းချီမြန်မာပြည် )နှင့်Facebook Flex &Free Bosics - မိတ်ဆက်ပွဲအခမ်းအနား။2.6.2016.PARKROYAL Hotel.

MPT နှင့် Facebook တို့ပူးပေါင်း၍ sim ကဒ် သုံး စွဲသူမြန်မာပြည်သူပြည်သားများအတွက်အခမဲ့အသုံးပြုနိုင်ရန်အခြေခံအင်တာနက်ဝန်ဆောင်မှုပေးမည့်အကြောင်းစာနယ်ဇင်းသတင်းမီဒီယာများသို့
အသိပေးရှင်းလင်းပွဲရန်ကုန်Parkroyal  Hotel Yadna Boolroom ကျင်းပပြုလုပ်ရာ MPT မှChief Commercial Officer - Mr. Koichi Kawase/ Director of Global Operator -  Mr.Markku Makelainen / U Tun Aye Maung ( DGM )တို့မှအဆိုပါအခမ်းအနားပါတ်သက်၍ရှင်းလင်းပြောကြားပြီးစာနယ်ဇင်းသတင်းမီဒီယာများသိလိုများကိုပြန်လည်ဖြေကြားပါသည်။Facebook မှ တာဝန်ရှိလူကြီးမင်းများနှင့်ပြည်ပမှnetwork ပညာရှင်များတက်ရောက်ကြပါသည်။MPT ဆက်သွယ်ရေးကွန်ယက်သည်မြန်မာပြည်၏အကြီးမားဆုံးဆက်သွယ်ရေးအော်ပရေတာတခုဖြစ်ပြီးMPT sim ကဒ်သုံးစွဲသူသန်း ၂၀ ရှိသည်။Free Basics ဝန်ဆောင်မှုအပါအဝင်Facebook ၏ဝန်ဆောင်မှူကိုအသုံးပြုသူပေါင်း ၂၅ သန်းကျော်ရှိသည်။ Facebook သည်လည်မြန်မာပြည်တွင်လူသုံးအများဆုံးဆက်သွယ်မှူလူမှုကွန်ယက်တစ်ခုဖြစ်သည်။၂၀၁၆ ခုနှစ်ဇွန်လ ၆ရက်နေ့မှစတင်ကာမြန်မာပြည်တွင်ပထမ
ဦးဆုံးအနေဖြင့်MPT ၏ ဆွေသဟာအသုံးပြုသူများသည် Free Basics နှင့် Facebook Flex ကိုစတင်၍အခမဲ့အသံပြုနိုင်တော့မည်ဖြစ်သည်။Facebook Flex ကိုအခမဲ့ပုံစံနှင့်ဒေတာကူးပြောင်းအသုံးပြုနိုင်မည်ဖြစ်ပြီးအသုံးနေစဉ်အတွင်းစာများတင်နိုင်ခြင်း။ကွန်မန့်ပေးနိုင်ခြင်း။လိုက်ခ်ပြုလုပ်နိုင်ခြင်းနှင့်စာရိုက်စကားပြောနိုင်ခြင်းတို့ပြုလုပ်နိုင်သော်လည်းဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုမူDataအသုံးပြုပုံစုံသို့ကူးပြောင်းအသုံးပြုရမည်ဖြစ်ပြီးအခမဲ့ပုံစုံသုံးနေစဉ်ဓါတ်ပုံနှဗီဒီယိုများကိုကြည့်ရှု၍ရနိုင်မည်မဟုတ်ကြောင်းနှင့်Fresic  ဝန်ဆောင်မှုတွင်၃၅ ခုဝန်ဆောင်မှုရရှိမည်ဖြစ်သည်။MPT ဆွေသဟာထည့်သွင်းထားသည် Feature Phone Android နှင့် iphoneများမှအခမဲ့ဖြစ်သောအခြေခံအက်ပလီကေရှင်းကိုရယူသုံးနူင့်ပြီးFacebook Flex ကိုမိုဘိုင်းအက်ပလီကေးရှင်းမှတဆင့်( သို့မဟုတ် ) www.facebook.comနှင့်အခြေခံဝက်ဆိုက်www.freebasics.comတို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

Monday, May 30, 2016

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ဖွင့်လှစ်ခြင်း( 22 )နှစ်ပြည့်အထိမ်းအမှတ်ကံထူးရှင်းရွေးချယ်ပွဲကျင်းပခြင်း။29.5.2016.Myanmar Plaza.

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်များဖွင့်လှစ်ခြင်း ( 22 )နှစ်ပြည့်အထူးအစီအစဉ်တရပ်အနေဖြင့်Super Special Sales နှင့်ရွှေနန်းတော်စိန်ရွှေရတနာဆိုင်၏ရတနာချစ်သူများကိုေ
ကျးဇူးတုံပြန်သောအားဖြင့်ကံထူးရှင်းရွေးချယ်ပွဲအခမ်းအနားကို 29.5.206 နေ့။ည
နေ ၄း ၀၀ အချိန်တွင်Myanmar Plaza ရှိပရိုမိုးရှင်းဧရိယာတွင်ကျင်းပပြုလုပ်ရာရတနာ ၃ ဆိုင်တွင်ဝယ်ယူအားပေးထားသူများနှင့်အနုပညာရှင်များ။ ရတနာများဝတ်ဆင်၍သရုပ်ပြမော်ဒယ်အလှမယ်များ။စာနယ်ဇင်းမှတာဝန်သူများ။online media မှတာန်ရှိသူများတက်ရောက်ကြသည်။FMI အိမ်ရာမှ ဒေါ်နွေးနွေးမှ ကားကံစမ်းမဲကို၎င်း။စမ်းချောင်းမြို့နယ်မှ Dr.ဒေါ်သင်းသင်းခိုင်မှ၎င်းကားကံစမ်မဲကို၎င်း။ကံထူးရှင်အဖြစ်ရရှိခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားသို့တက်ရောက်လာကြသောဧပရိသတ်များအားKmiko ၏အက Dance အဖွဲ့ဖြင့်၎င်း။အောင်ထက်။ဝိုင်းစုခိုင်သိန်း။နီနီခင်ဇော်၎င်း။ကံထူးရှင်များကံစမ်းမဲများကိုနေတိုး။ဇေရဲထက်။ဝတ်မှုန်ရွှေရည်။ဖွေးဖွေးတို့မှ၎င်း။ရွေးချယ်ပေးခဲ့ကြပြီးရွှေနန်းတော်စိန်ရွှေရတနာများဖွင့်လှစ်ခြင်း( 22 )နှစ်ပြည့်မွေးနေ့ကိတ်အားရတနာဆိုင်၏ပိုင်ရှင်ဖြစ်သူနှစ်ဦးမှမင်္ဂလားဓါးဖြင့်လှီးခွဲ၍အခမ်းးအနားဖွင့်လှစ်ပေးကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM

သုံးနားညီ၍ ​ထောင့်​သုံး​ထောင့်​ ညီ​သောအခါဝယ်

Thursday, April 21, 2016

Us နဲ့ California နယ်စပ်က မူးယစ်ဆေး လှိုင်ခေါင်း

လှိုင်ခေါင်းကို အမေရိကန် California နဲ့ Mexico နယ်စပ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး CALIFORNIA ပြည်နယ်အတွင်း တွေ့ရသမျှ မူးယစ်ဆေးသိုဝှက်ရာ လှိင်ခေါင်းများထဲ အရှည်ဆုံးလှိုင်ခေါင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။
လှိုင်ခေါင်းအတွင်းမှ ကိုကိန်း ၁ တန် နှင့် ဆေးခြောက် ၇ တန် တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
အဆိုပါလှိုင်ခေါင်းမှာ မိုင်ဝက် ခန့်ရှည်လျားကာ ၃ပေ ကျယ်ဝန်းပြီး ရထားလမ်းစနစ် ၊ အလင်းရောင်ရရှိရန်စနစ်များ ပါရှိပြီး ကြီးမားတဲ့ ဓာတ်လှေကားတစ်ခုပင် ပါဝင်နေသေးသည်။
Translated by A.M.M

Google Map
Gettin photo:  Internet 
Gettin photo: Internet 
Gettin photo: Internet 

Sunday, April 17, 2016

အပြောင်းအလဲနှင့် ရန်ကုန်သင်္ကြန်

ခါတိုင်းနှစ်များလို  ရေပိုက် ဘယ်နှစ်ရာ ... မီးသတ်ပိုက် ဘယ်နှစ်ဆယ် ... စသည်ဖြင့် မဏ္ဍပ်ကြီးတွေ များ သိသိသာသာပင် မရှိတော့သော်လည်း ၁၃၇၇ခုနှစ်၏ ရန်ကုန်သင်္ကြန်သည် အမှန်တကယ်ကိုပင် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

အစိုးရသစ် တက်လာအပြီး ပထမဆုံး ကျင်းပသော ရန်ကုန်သင်္ကြန်ကို ဝေဘန်မှုများကြားမှ အကောင်းမွန်ဆုံးနည်းလမ်းဖြင့် အောင်မြင်စွာ ကိုင်တွယ်ပြလိုက်ခြင်းဖြင့် Democracy အစိုးရ ဦးဆောင်သော ရန်ကုန်တိုင်း ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို လက်တွေ့ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

၁၃၇၇ သင်္ကြန်အတက်နေ့ ရန်ကုန်၏ ဓာတ်ပုံအချို့ကို ကြည့်ရှုခံစားရင်း ... အပြောင်းအလဲဆိုသည်ကို သုံးသပ်ရင်း နှင့် ကြည်နှုးမှုများ မျှဝေခံစားနိုင်ကြပါစေ။

နှစ်သစ်မှာ မြန်မာ တစ်ပြည်လုံး ဘေးဘယာ ကင်းဝေးပြီး တည်ငြိမ် အေးချမ်း ပျော်ရွှင်စွာ နိုင်ငံတော်ကြီး တိုးတက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။
ကမ္ဘာကြီးနှင့် ပြန်လည်ရင်ဘောင်တန်းနိုင်သော ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ဝံ့ကြွားနိုင်ပါစေ ... ဟု ... မြန်မာပြည်ကြီးအတွက်လည်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်ခင်ဗျား ။

အရေးအကြီးဆုံးကတော့ ...
(သမ္မတကြီး ... ကျန်းမာပါစေ ...)*3
(အမေ...စု...ကျန်းမာပါစေ ...)*3

AMM 

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y








© A.M.M - P h o t o g r a p h y

Wednesday, April 6, 2016

ကျွန်တော် တော့ ဒီလို ခံစားရတာပါပဲ Written By ... ဘုဏ်းသိုက်

တစ်ခါတစ်လေ ကျတော့လည်း ကိုယ်နဲ့ တိုက်ရိုက်မပတ်သတ်ပေမယ့် ဖေ့ဘွတ် ဖွင့်လိုက်တာနဲ့(ဖေ့ဘွတ် ရပ်ကွက်ထဲ ဝင်လိုက်တာနဲ့)
ပြောနေ ဆိုနေကြတာတွေကို မြင်ရကြားရတဲ့ အခါ ဝင်ဝင်ပြောတတ်တာ ကိုယ့်သဘာဝမဟုတ်ပေမယ့် အခုလို လျှာယား လာတဲ့အခါမျိုးဆိုရင်တော့ ဝင်ပြောလိုက်တယ် ။
" ဗေလုဝ "
ထူးခြားတဲ့ ရုပ်ရည် ( တော်တော် မလှဘူးလို့ တောင် ပြောလို့ ရပါတယ်)ခန္တကိုယ်နဲ့ မလိုက်ဖက်တဲ့ စကားလုံးကြီးကြီးတွေ ပြောတတ်တဲ့ ဇာတ်ကောင်စရိုက်မျိုး ရှိသူ ..ဗေလုဝ ကို ပေါ်ကာစက တော်တော်လေး သဘောကျတယ်။ကြိုက်တယ်။
နောက်ပိုင်း ဟစ်ဟော့ ပုံစံတွေ ဝတ် | အင်္ဂလိပ်စကား လုံး အသံထွက်တွေကို အစပ်ဆက် မရှိ စကားပြောလိုလို ဘာလိုလို ခပ်တည်တည် ဖြီးဖြန်းတဲ့ သရုပ်ဆောင်မှုတွေ နဲ့ ဗေလုဝဆိုတာကြီးကို အတင်းလုပ်ပြီး သရုပ်ဆောင်လာတဲ့အခါ မကြိုက်တော့ဘူး။
ဒါပေမယ့် သူအခု အကယ်ဒမီရတဲ့ကား ရုံတင်တော့
သွားကြည့်မိတယ် ..။
မဂွမ်းပုံ ရဲ့ သရုပ်ဆောင်မှု ဟာ ကြည့်နေရင်း ရင်ထဲမှာ
ဆို့ ဆို့ လာတယ် ။ရေတွင်းကြီးနားမှာ မိုးဟေကိုနဲ့ဆုံလို့  သူစကားပြောတဲ့ scene လေးဆို သိပ်ချစ်စရာ ကောင်းပါတယ် ။ဗမာကားကြည့်ပြီး မျက်ရည်ကျရတဲ့ကားက လက်ရေချိုးလို့ ရတယ် ဆိုရင် ဒီဇာတ်ဝင်ခန်းကြောင့် ကျွန်တော် ရဲ့ နောက်ထပ် လက်တစ်ချောင်း ချိုးခဲ့ရတယ်။ကြည့်နေရင်း ကျွန်တော်
မျက်ရည်ကျမိတယ်။ ပါးစပ်ကလည်း "ချစ်လိုက်တာကွာလို့  " ရယ်ပြီး ပြောရင်း ဘေးက ဆရာမ ချမ်းကို ကြည့်လိုက်တော့ ဆရာမက လည်း ထူးထူးဆန်းဆန်း မျက်ရည်တွေကျနေတယ်။
"သူ ပဲရ ရမယ် " လို့  ကျွန်တော် ရယ်ရင်း ပြောတော့ ဆရာမက ခေါင်းတဆတ်ဆတ် ငြိမ့်ပြတယ်။
ဒီ အခန်းလေးမှာ မဂွမ်းပုံ ဟာ တက္ကသိုလ် ဂွမ်းပုံ မဟုတ်ပါဘူး။ တစ်ကယ့် ရွာက တောသူမလေးပါ။သူ သိပ်ချစ်တဲ့ အူတူတူ "ကုသ " က ရွာကို ခိုးပြေးလာတဲ့ သူတို့ နဲ့ အသွေးအမွေးက အစ ဘယ်လိုမှ မအပ်စပ် တဲ့ မြို့သူလေးကို ပြောနေတာဟာ သိပ်သနားစရာကောင်းပြီး သိပ်လည်း ချစ်စရာကောင်းပါတယ် ။အဲဒီ မိန်းကလေး လဲမလို ဖြစ်တော့ သူစိတ်ပူသွားတဲ့သူ့ စိတ်ထားလေးကလည်း သိပ်ချစ်စရာ ကောင်းပါတယ်။ ဒီလို အကောင်းမြင်စိတ်ရဲ့ ချစ်စရာ ကောင်းမှုကို ဒီလို အရသာထွက်အောင် သရုပ်ဆောင် နိုင်တဲ့ မဂွမ်းပုံကို ချီးကျူးသလို ဒီလို ခံစားရအောင် ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာ ကိုဇော် ( အာရုံဦး) ကိုလည်း ချီးကျူးပါတယ်။
ပြီးတော့ ဦး " ဗေလုဝ " ..
ဒီကားမှု သူဟာ ဗေလုဝ လုပ်မထားပါဘူး ။
တစ်ကယ့် "ကုသ" ပါ ။
တစ်ကားလုံးမှာ ဒီလို ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်
( အဲဒီဟန်ကိုပဲ ပရိတ်သတ်ကလည်း အားပေးခဲ့ကြတဲ့ ဗေလုဝရဲ့ပုံစံ)
အဲဒီ ပုံစံကို ဖျောက်ပြီး တစ်ကားလုံး " ကုသ "
ဖြစ်နေဖို့ ဆို သူတော်တော် အားထုတ်ခဲ့ရမှာပဲ ။
သူဟာ ဒီကားမှာ သရုပ်ဆောင် နေတာမျိုး မဟုတ်ပါဘူး။
သရုပ်ဆောင်ရတဲ့ အမူအရာ တွေ ကို လျော့နိုင်သမျှ လျှော့ချ ထားရတာပါ။
အိမ်ရှေ့ မှာ ကြိုးနဲ့ တုပ်ခံပြီး ထုံးစံအတိုင်း သူ့ အဖေ ရဲ့ ကြိမ်လုံးစာ မိတဲ့ အခန်းဆို သူ သိပ်ကို တော်ပါတယ်။
သူ ခိုးလာတယ်လို့  လူတွေ ထင်နေတဲ့ သူ့ မိန်းမရဲ့ ရှေ့မှာ ကြီးကောင်ကြီးမား နဲ့ ကြိမ်နဲ့ အရိုက်ခံရတဲ့ အခါ သူက ထူးပြီး ရှက်နေဟန် အံ့သြနေဟန် မပြပါဘူး။
ဒီလို အဆော်ခံနေကျ ဆိုတော့ ဒီလို အငုံ့စိတ်နဲ့ ကြီးပြင်းနေခဲ့ရတော့ ဒီလို မျက်နှာပေးလေးပဲ ဖြစ်နေတယ်။ အဲဒီနေရာမှာ သူဟာ ဒီထက် နည်းနည်းလေးပိုပြီး acting လုပ်လိုက်တာနဲ့ ဒီ အရသာ ပျက်ပြီ။
ဒါပေမယ့် ဒီအခန်းမှာ သူဟာ အရသာရှိအောင် သရုပ်ဆောင်နိုင်ခဲ့တယ်။ပြောရရင် သူဟာ ဒီကားမှာ တစ်ကားလုံး ကုသ ဖြစ်နေပါတယ်။
ဒီကားမှာ ကျွန်တော် အရသာရှိတဲ့ ဇာတ်ကွက်တွေကို အကဲဖြတ်တွေလည်း သတိထားမိမယ် ဆိုရင်
မဂွမ်းပုံ နဲ့ ဗေလုဝအကယ်ဒမီ ရလိမ့်မယ် လို့ တောင်
အိမ်ပြန်ရောက်တော့ ရွှီး လိုက်သေးတယ် ။
တစ်ကယ်တော့ ကျွန်တော် ကိုဗေလုဝ တို့  မဂွမ်းပုံ တို့ နဲ့ မရင်းနှီးပါဘူး ။
ကုသ နဲ့ ဂွမ်းစိမ် ကိုတော့ ကောင်းကောင်းကြီး သိခဲ့ ရင်းနှီး ခဲ့ပါတယ်။
အခု ကုသ နဲ့ ဂွမ်းစိမ် တို့ ကြောင့် ကိုဗေလုဝနဲ့ မဂွမ်းပုံတို့  အကယ်ဒမီ ရကြပြီ။
ဘာကြောင့်  ညာကြောင့်  အကယ်ဒမီ ရကြတယ်
ကျွန်တော် စိတ်မဝင်စားဘူး ။အဲဒီလို အယုံအကြည်လည်း မရှိပါဘူး။
သူတို့ တွေရဲ့ personal life ကို ကျွန်တော် စိတ် အရောင် တစ်ခုခု နဲ့ ထူးပြီး မခံစားပါဘူး ။ထူးပြီး စိတ်မဝင်စားမိပါဘူး ။
ဇာတ်ဆောင်ပဲ ပြောပြော ဇာတ်ပို့ လို့ ပဲ မှားမှား ဒါဟာ သတ်မှတ်တဲ့ အခေါ်အဝေါ် တစ်ခု
အသုံးအစွဲ အမှားတစ်ခုပါ ။
သေချာတာက သူတို့  အနုပညာ အရာမှာ မှန်ခဲ့ကြတယ် ။ရိုးသား ခဲ့ကြတယ် ။
ဒီ အမှန်တရား နဲ့ ရိုးသားမှု ဟာ သူတို့ ကို ပြန်စောင့်ရှောက်တယ် ..
ဒီ နှစ်ခု က သူတို့ ရဲ့ academic ပဲ ..။
ကျွန်တော် တော့ ဒီလို ခံစားရတာပါပဲ ..။
ဘုဏ်းသိုက်
5: 4 : 2 0 1 6

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS