Monday, June 6, 2016

မယ်ကမ္ဘာမြန်မာ့အလှမယ်ပြိုင်ပွဲ၂၀၁၆ရွေးချယ်ကျင်းပပြီးစိးခြင်း။4.6.2016.ရန်ကုန်

ရန်ကုန်မြို့ Gandamar Grand Ballroom တွင်Miss Myanmar World 2016  ပြိုင်ပွဲအခမ်းအနားကို( 4.6.2016 )နေ့ညနေ ၆ နာရီ မှည ၁၂ နာရီ အချိန်အထိကျင်းပပြုလုပ်ခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပမည့် ( ၆၆ ) ကြိမ်မြောက်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲတွင်နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက်အရည်အချင်းပြည့်ဝပြီးထူးချွန်ထက်မြက်သည့်အမျိုးသမီးတဦးရွေးချယ်ပေးမည့်အလှမယ်တဦးထွန်းပေါက်စေရန်ရီရွယ်ချက်ဖြစ်စီစဉ်ကျင်းပသည့်ပြုင်ပြွဲီကီးဖြစ်သည်။မြန်မာအမျိုးသမီးငယ်တို့၏လှပတင့်တယ်မှုပင်ကိုစွမ်းရည်ဥာဏ္ဍ်ရည်ဥာဏ္ဍ်သွေးထက်မြက်မှုတို့ကိုစိစစ်ရွေးချယ်ပေးခဲ့ပြီးဝင်ရောက်ယှဉ်ပြိုင်သည့်အလှမယ် ၂၀ ဦးထဲမှသုံးဦးကိုရွေးချယ်ပေးခဲ့ရာမယ်ကမ္ဘာမြန်မာ့အလှမယ်ဆုကိုမြတ်သီရိလွင်( or ) Bellaကလည်းကောင်း။1st Runner up ဆုကို Mဂျာဆိုင်း နှင့် 2nd Ruer up ဆုကို လရိပ်ပြာတို့ကလည်းကောင်းအသီးသီးရရှိခဲ့ကြသည်။မယ်ကမ္ဘာမြန်မာအဖြစ်ရွေးချယ်ခံရသူမြတ်သီရိလွင်အနေဖြင့်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲကြီးသို့မြန်မာနိုင်ကိုယ်စားပြုအလှမယ်တစ်ဦးအဖြစ်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။အသက်( ၁၇ )နှစ်အရွယ်ရှိအလှမယ်မြတ်သီရိလွင်သည်စိတ်ပညာအဓိကဘာသာရပ်ကျောင်းသူတဦးဖြစ်သည်။ယခုနှစ်ကုန်ပိုင်းတွင်
နိုင်ငံတကာမယ်ကမ္ဘာအလှမယ်၂၀၁၆ပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။အလှမယ်မြတ်သီရိလွင်သည်မယ်ကမ္ဘာမြန်မာဆု၂၀၁၆သရဖူဆုအပြင်Best Personality ဆုနှင့်People's Choice Award ဆုကိုပိုင်နိုင်စွာဆွတ်ခူးရရှိခဲ့သူဖြစ်သည်။အလှမယ်သည်သိန်း ၃၅၀ နီးပါးတန်ဖိုးရှိသည့်ယင်းသရဖူနဲ့အတူMiss Myanmar World Organization မှ ပေးအပ်ချီးမြှင့်သည့်ငွေကျပ်သိန်း ၁၀၀ ကိုလည်ရရှိပိုင်ဆိုင်နိုင်ခဲ့သည်။၂၀၁၆ ခုနှစ်အလှမယ်အတွက်သရဖူကိုဒေါင်း၏လှပသည့်အမွှေးကိုကိုယ်စားပြုထားပြီးမြန်မာ့အမွေအနှစ်ဖြစ်သည့်စပါးနှံစေ့လေးများဖြင့်အလှဖော်ကျုးထားသည်။Andaman ပင်လယ်ထဲမှရရှိသည့်ပုလဲကိုဒေါင်းမွှေးပုံသဏ္ဍန်ယူထားသရဖူတွင်တပ်ဆင်ခြယ်သထားပြီးတန်ဖိုးရှိသည့်ကျောက်မျက်အရုင်းတုံးများကိုစပါးနှံပုံစံဖန်းတီးပြီးယင်းသရဖူကိုPhuket Pearl Amorn ကပြုလုပ်ပေးထားခြင်းဖြစ်သည်။ယင်းပြိုင်ပွဲကြီးသို့မြန်မာနိုင်ငံတစဝန်းမှလျှေက်ထားသူ ၉၀ ဦးရှိခဲ့ပြီးဧပြီ ၂၉ရက်မှ မတ်လ ၃ ရက်နေ့အထိ Myanmar Event Parkတွင်လူတွေ့စစ်ဆေးခြင်း။မှတ်တမ်းတင်ခြင်း။ဆေးပညာဆိုင်ရာစစ်ဆေးမှုများပြုလုပ်ကာာပြိုင်ပွဲဝင်အလှမယ် ၅၀ ဦးထဲမှ အလှမယ် ၂၀ ကိုစိစစ်ရွေးချယ်ခဲ့ပြီးမေလ ၂၆ရက်နေ့တွင်အလှမယ်တစ်ဦးချင်းစိ၏ပင်ကိုစွမ်းရည်ထက်မြက်မှူတိုကိုပြိုင်ပွဲများပြုလုပ်ဇကာာတင်ရွေးချယ်ခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

Thursday, June 2, 2016

MPT( ရှေ့သို့လှမ်းချီမြန်မာပြည် )နှင့်Facebook Flex &Free Bosics - မိတ်ဆက်ပွဲအခမ်းအနား။2.6.2016.PARKROYAL Hotel.

MPT နှင့် Facebook တို့ပူးပေါင်း၍ sim ကဒ် သုံး စွဲသူမြန်မာပြည်သူပြည်သားများအတွက်အခမဲ့အသုံးပြုနိုင်ရန်အခြေခံအင်တာနက်ဝန်ဆောင်မှုပေးမည့်အကြောင်းစာနယ်ဇင်းသတင်းမီဒီယာများသို့
အသိပေးရှင်းလင်းပွဲရန်ကုန်Parkroyal  Hotel Yadna Boolroom ကျင်းပပြုလုပ်ရာ MPT မှChief Commercial Officer - Mr. Koichi Kawase/ Director of Global Operator -  Mr.Markku Makelainen / U Tun Aye Maung ( DGM )တို့မှအဆိုပါအခမ်းအနားပါတ်သက်၍ရှင်းလင်းပြောကြားပြီးစာနယ်ဇင်းသတင်းမီဒီယာများသိလိုများကိုပြန်လည်ဖြေကြားပါသည်။Facebook မှ တာဝန်ရှိလူကြီးမင်းများနှင့်ပြည်ပမှnetwork ပညာရှင်များတက်ရောက်ကြပါသည်။MPT ဆက်သွယ်ရေးကွန်ယက်သည်မြန်မာပြည်၏အကြီးမားဆုံးဆက်သွယ်ရေးအော်ပရေတာတခုဖြစ်ပြီးMPT sim ကဒ်သုံးစွဲသူသန်း ၂၀ ရှိသည်။Free Basics ဝန်ဆောင်မှုအပါအဝင်Facebook ၏ဝန်ဆောင်မှူကိုအသုံးပြုသူပေါင်း ၂၅ သန်းကျော်ရှိသည်။ Facebook သည်လည်မြန်မာပြည်တွင်လူသုံးအများဆုံးဆက်သွယ်မှူလူမှုကွန်ယက်တစ်ခုဖြစ်သည်။၂၀၁၆ ခုနှစ်ဇွန်လ ၆ရက်နေ့မှစတင်ကာမြန်မာပြည်တွင်ပထမ
ဦးဆုံးအနေဖြင့်MPT ၏ ဆွေသဟာအသုံးပြုသူများသည် Free Basics နှင့် Facebook Flex ကိုစတင်၍အခမဲ့အသံပြုနိုင်တော့မည်ဖြစ်သည်။Facebook Flex ကိုအခမဲ့ပုံစံနှင့်ဒေတာကူးပြောင်းအသုံးပြုနိုင်မည်ဖြစ်ပြီးအသုံးနေစဉ်အတွင်းစာများတင်နိုင်ခြင်း။ကွန်မန့်ပေးနိုင်ခြင်း။လိုက်ခ်ပြုလုပ်နိုင်ခြင်းနှင့်စာရိုက်စကားပြောနိုင်ခြင်းတို့ပြုလုပ်နိုင်သော်လည်းဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုမူDataအသုံးပြုပုံစုံသို့ကူးပြောင်းအသုံးပြုရမည်ဖြစ်ပြီးအခမဲ့ပုံစုံသုံးနေစဉ်ဓါတ်ပုံနှဗီဒီယိုများကိုကြည့်ရှု၍ရနိုင်မည်မဟုတ်ကြောင်းနှင့်Fresic  ဝန်ဆောင်မှုတွင်၃၅ ခုဝန်ဆောင်မှုရရှိမည်ဖြစ်သည်။MPT ဆွေသဟာထည့်သွင်းထားသည် Feature Phone Android နှင့် iphoneများမှအခမဲ့ဖြစ်သောအခြေခံအက်ပလီကေရှင်းကိုရယူသုံးနူင့်ပြီးFacebook Flex ကိုမိုဘိုင်းအက်ပလီကေးရှင်းမှတဆင့်( သို့မဟုတ် ) www.facebook.comနှင့်အခြေခံဝက်ဆိုက်www.freebasics.comတို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

Monday, May 30, 2016

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ဖွင့်လှစ်ခြင်း( 22 )နှစ်ပြည့်အထိမ်းအမှတ်ကံထူးရှင်းရွေးချယ်ပွဲကျင်းပခြင်း။29.5.2016.Myanmar Plaza.

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်များဖွင့်လှစ်ခြင်း ( 22 )နှစ်ပြည့်အထူးအစီအစဉ်တရပ်အနေဖြင့်Super Special Sales နှင့်ရွှေနန်းတော်စိန်ရွှေရတနာဆိုင်၏ရတနာချစ်သူများကိုေ
ကျးဇူးတုံပြန်သောအားဖြင့်ကံထူးရှင်းရွေးချယ်ပွဲအခမ်းအနားကို 29.5.206 နေ့။ည
နေ ၄း ၀၀ အချိန်တွင်Myanmar Plaza ရှိပရိုမိုးရှင်းဧရိယာတွင်ကျင်းပပြုလုပ်ရာရတနာ ၃ ဆိုင်တွင်ဝယ်ယူအားပေးထားသူများနှင့်အနုပညာရှင်များ။ ရတနာများဝတ်ဆင်၍သရုပ်ပြမော်ဒယ်အလှမယ်များ။စာနယ်ဇင်းမှတာဝန်သူများ။online media မှတာန်ရှိသူများတက်ရောက်ကြသည်။FMI အိမ်ရာမှ ဒေါ်နွေးနွေးမှ ကားကံစမ်းမဲကို၎င်း။စမ်းချောင်းမြို့နယ်မှ Dr.ဒေါ်သင်းသင်းခိုင်မှ၎င်းကားကံစမ်မဲကို၎င်း။ကံထူးရှင်အဖြစ်ရရှိခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားသို့တက်ရောက်လာကြသောဧပရိသတ်များအားKmiko ၏အက Dance အဖွဲ့ဖြင့်၎င်း။အောင်ထက်။ဝိုင်းစုခိုင်သိန်း။နီနီခင်ဇော်၎င်း။ကံထူးရှင်များကံစမ်းမဲများကိုနေတိုး။ဇေရဲထက်။ဝတ်မှုန်ရွှေရည်။ဖွေးဖွေးတို့မှ၎င်း။ရွေးချယ်ပေးခဲ့ကြပြီးရွှေနန်းတော်စိန်ရွှေရတနာများဖွင့်လှစ်ခြင်း( 22 )နှစ်ပြည့်မွေးနေ့ကိတ်အားရတနာဆိုင်၏ပိုင်ရှင်ဖြစ်သူနှစ်ဦးမှမင်္ဂလားဓါးဖြင့်လှီးခွဲ၍အခမ်းးအနားဖွင့်လှစ်ပေးကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM

သုံးနားညီ၍ ​ထောင့်​သုံး​ထောင့်​ ညီ​သောအခါဝယ်

Thursday, April 21, 2016

Us နဲ့ California နယ်စပ်က မူးယစ်ဆေး လှိုင်ခေါင်း

လှိုင်ခေါင်းကို အမေရိကန် California နဲ့ Mexico နယ်စပ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး CALIFORNIA ပြည်နယ်အတွင်း တွေ့ရသမျှ မူးယစ်ဆေးသိုဝှက်ရာ လှိင်ခေါင်းများထဲ အရှည်ဆုံးလှိုင်ခေါင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။
လှိုင်ခေါင်းအတွင်းမှ ကိုကိန်း ၁ တန် နှင့် ဆေးခြောက် ၇ တန် တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
အဆိုပါလှိုင်ခေါင်းမှာ မိုင်ဝက် ခန့်ရှည်လျားကာ ၃ပေ ကျယ်ဝန်းပြီး ရထားလမ်းစနစ် ၊ အလင်းရောင်ရရှိရန်စနစ်များ ပါရှိပြီး ကြီးမားတဲ့ ဓာတ်လှေကားတစ်ခုပင် ပါဝင်နေသေးသည်။
Translated by A.M.M

Google Map
Gettin photo:  Internet 
Gettin photo: Internet 
Gettin photo: Internet 

Sunday, April 17, 2016

အပြောင်းအလဲနှင့် ရန်ကုန်သင်္ကြန်

ခါတိုင်းနှစ်များလို  ရေပိုက် ဘယ်နှစ်ရာ ... မီးသတ်ပိုက် ဘယ်နှစ်ဆယ် ... စသည်ဖြင့် မဏ္ဍပ်ကြီးတွေ များ သိသိသာသာပင် မရှိတော့သော်လည်း ၁၃၇၇ခုနှစ်၏ ရန်ကုန်သင်္ကြန်သည် အမှန်တကယ်ကိုပင် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ဖြင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

အစိုးရသစ် တက်လာအပြီး ပထမဆုံး ကျင်းပသော ရန်ကုန်သင်္ကြန်ကို ဝေဘန်မှုများကြားမှ အကောင်းမွန်ဆုံးနည်းလမ်းဖြင့် အောင်မြင်စွာ ကိုင်တွယ်ပြလိုက်ခြင်းဖြင့် Democracy အစိုးရ ဦးဆောင်သော ရန်ကုန်တိုင်း ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့၏ စွမ်းဆောင်ရည်ကို လက်တွေ့ပြသနိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

၁၃၇၇ သင်္ကြန်အတက်နေ့ ရန်ကုန်၏ ဓာတ်ပုံအချို့ကို ကြည့်ရှုခံစားရင်း ... အပြောင်းအလဲဆိုသည်ကို သုံးသပ်ရင်း နှင့် ကြည်နှုးမှုများ မျှဝေခံစားနိုင်ကြပါစေ။

နှစ်သစ်မှာ မြန်မာ တစ်ပြည်လုံး ဘေးဘယာ ကင်းဝေးပြီး တည်ငြိမ် အေးချမ်း ပျော်ရွှင်စွာ နိုင်ငံတော်ကြီး တိုးတက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြပါစေ။
ကမ္ဘာကြီးနှင့် ပြန်လည်ရင်ဘောင်တန်းနိုင်သော ဂုဏ်သိက္ခာရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ဝံ့ကြွားနိုင်ပါစေ ... ဟု ... မြန်မာပြည်ကြီးအတွက်လည်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်ခင်ဗျား ။

အရေးအကြီးဆုံးကတော့ ...
(သမ္မတကြီး ... ကျန်းမာပါစေ ...)*3
(အမေ...စု...ကျန်းမာပါစေ ...)*3

AMM 

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y

© A.M.M - P h o t o g r a p h y








© A.M.M - P h o t o g r a p h y

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS