Tuesday, June 7, 2016

K L Seven ကားအရောင်းစင်တာသစ်ဖွင့်လှစ်ခြင်း။7..6.2016.ရန်ကုန်

K L Seven  ကားအရောင်းစင်တာသစ်ဖွင့်လှစ်ခြင်းကိုအမှတ် ( ၁၀/ ခ  ) ဝန်မင်းလမ်း၁၆ရပ်ကွက်။ဘောက်ထောာ်။ရန်ကင်းမြို့နယ်တွင်ယနေ့နံနက် ၉ နာရီအချိန်တွငDr.Soe Tun ဥဣဋ္ဌ။ U ZAW  Myint ဒုဥဣဋ္ဌ။ UKyi Thr Han ပိုင်ရှင်ဖြစ်သူ တို့မှ ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ပါသည်။အခမ်းအနားသို့အထူးဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ကားကုမဏ္ဍီအသီးသီးမှမိတ်ဆွေများတက်ရောက်၍အားပေးချီးမြောက်ခဲ့ကြကြောင်းသိရရှိရသည်။ကားကောင်းကားသန့်ဝယ်ယူလိုသူများအနေဖြင့်အကောင်းဆုံးဝန်ဆောင်မှူများကိုပေးအပ်လျှက်ရှိပြီးဝယ်ယူသူများအတွက်မိမိဝယ်ယူသည့်ကားများကိုသက်တောင့်သက်သာဖြင့်ကြည့်ရှုဝယ်ယူနိုင်ပြီး KL Seven ကားအရောင်းစင်တာသို့လာရောက်နိုင်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.

၂၀၁၆ World Most Powerful Woman


ကမ္ဘာကျော် Forbes Magazine ၏ ထုတ်ပြန်ချက်အရ World Most Powerful woman 2016 တွင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်သမ္မတ အတိုင်ပင်ခံ ၊ သမတ္တရုံး ဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီး) အား ၂၀၁၆ ခုနှစ်၏ သြဇာအာဏာအကြီးမားဆုံး အမျိုးသမီးကမ္ဘာ့အဆင့် ၂၆ အဖြစ် ရွေးချယ်ဖော်ပြခဲ့သည်။





Source #Forbes Magazine


Monday, June 6, 2016

မယ်ကမ္ဘာမြန်မာ့အလှမယ်ပြိုင်ပွဲ၂၀၁၆ရွေးချယ်ကျင်းပပြီးစိးခြင်း။4.6.2016.ရန်ကုန်

ရန်ကုန်မြို့ Gandamar Grand Ballroom တွင်Miss Myanmar World 2016  ပြိုင်ပွဲအခမ်းအနားကို( 4.6.2016 )နေ့ညနေ ၆ နာရီ မှည ၁၂ နာရီ အချိန်အထိကျင်းပပြုလုပ်ခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပမည့် ( ၆၆ ) ကြိမ်မြောက်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲတွင်နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်စေရန်အတွက်အရည်အချင်းပြည့်ဝပြီးထူးချွန်ထက်မြက်သည့်အမျိုးသမီးတဦးရွေးချယ်ပေးမည့်အလှမယ်တဦးထွန်းပေါက်စေရန်ရီရွယ်ချက်ဖြစ်စီစဉ်ကျင်းပသည့်ပြုင်ပြွဲီကီးဖြစ်သည်။မြန်မာအမျိုးသမီးငယ်တို့၏လှပတင့်တယ်မှုပင်ကိုစွမ်းရည်ဥာဏ္ဍ်ရည်ဥာဏ္ဍ်သွေးထက်မြက်မှုတို့ကိုစိစစ်ရွေးချယ်ပေးခဲ့ပြီးဝင်ရောက်ယှဉ်ပြိုင်သည့်အလှမယ် ၂၀ ဦးထဲမှသုံးဦးကိုရွေးချယ်ပေးခဲ့ရာမယ်ကမ္ဘာမြန်မာ့အလှမယ်ဆုကိုမြတ်သီရိလွင်( or ) Bellaကလည်းကောင်း။1st Runner up ဆုကို Mဂျာဆိုင်း နှင့် 2nd Ruer up ဆုကို လရိပ်ပြာတို့ကလည်းကောင်းအသီးသီးရရှိခဲ့ကြသည်။မယ်ကမ္ဘာမြန်မာအဖြစ်ရွေးချယ်ခံရသူမြတ်သီရိလွင်အနေဖြင့်နိုင်ငံတကာမယ်ကမ္ဘာအလှမယ်ပြိုင်ပွဲကြီးသို့မြန်မာနိုင်ကိုယ်စားပြုအလှမယ်တစ်ဦးအဖြစ်ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။အသက်( ၁၇ )နှစ်အရွယ်ရှိအလှမယ်မြတ်သီရိလွင်သည်စိတ်ပညာအဓိကဘာသာရပ်ကျောင်းသူတဦးဖြစ်သည်။ယခုနှစ်ကုန်ပိုင်းတွင်
နိုင်ငံတကာမယ်ကမ္ဘာအလှမယ်၂၀၁၆ပြိုင်ပွဲတွင်မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အနေဖြင့်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။အလှမယ်မြတ်သီရိလွင်သည်မယ်ကမ္ဘာမြန်မာဆု၂၀၁၆သရဖူဆုအပြင်Best Personality ဆုနှင့်People's Choice Award ဆုကိုပိုင်နိုင်စွာဆွတ်ခူးရရှိခဲ့သူဖြစ်သည်။အလှမယ်သည်သိန်း ၃၅၀ နီးပါးတန်ဖိုးရှိသည့်ယင်းသရဖူနဲ့အတူMiss Myanmar World Organization မှ ပေးအပ်ချီးမြှင့်သည့်ငွေကျပ်သိန်း ၁၀၀ ကိုလည်ရရှိပိုင်ဆိုင်နိုင်ခဲ့သည်။၂၀၁၆ ခုနှစ်အလှမယ်အတွက်သရဖူကိုဒေါင်း၏လှပသည့်အမွှေးကိုကိုယ်စားပြုထားပြီးမြန်မာ့အမွေအနှစ်ဖြစ်သည့်စပါးနှံစေ့လေးများဖြင့်အလှဖော်ကျုးထားသည်။Andaman ပင်လယ်ထဲမှရရှိသည့်ပုလဲကိုဒေါင်းမွှေးပုံသဏ္ဍန်ယူထားသရဖူတွင်တပ်ဆင်ခြယ်သထားပြီးတန်ဖိုးရှိသည့်ကျောက်မျက်အရုင်းတုံးများကိုစပါးနှံပုံစံဖန်းတီးပြီးယင်းသရဖူကိုPhuket Pearl Amorn ကပြုလုပ်ပေးထားခြင်းဖြစ်သည်။ယင်းပြိုင်ပွဲကြီးသို့မြန်မာနိုင်ငံတစဝန်းမှလျှေက်ထားသူ ၉၀ ဦးရှိခဲ့ပြီးဧပြီ ၂၉ရက်မှ မတ်လ ၃ ရက်နေ့အထိ Myanmar Event Parkတွင်လူတွေ့စစ်ဆေးခြင်း။မှတ်တမ်းတင်ခြင်း။ဆေးပညာဆိုင်ရာစစ်ဆေးမှုများပြုလုပ်ကာာပြိုင်ပွဲဝင်အလှမယ် ၅၀ ဦးထဲမှ အလှမယ် ၂၀ ကိုစိစစ်ရွေးချယ်ခဲ့ပြီးမေလ ၂၆ရက်နေ့တွင်အလှမယ်တစ်ဦးချင်းစိ၏ပင်ကိုစွမ်းရည်ထက်မြက်မှူတိုကိုပြိုင်ပွဲများပြုလုပ်ဇကာာတင်ရွေးချယ်ခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

Thursday, June 2, 2016

MPT( ရှေ့သို့လှမ်းချီမြန်မာပြည် )နှင့်Facebook Flex &Free Bosics - မိတ်ဆက်ပွဲအခမ်းအနား။2.6.2016.PARKROYAL Hotel.

MPT နှင့် Facebook တို့ပူးပေါင်း၍ sim ကဒ် သုံး စွဲသူမြန်မာပြည်သူပြည်သားများအတွက်အခမဲ့အသုံးပြုနိုင်ရန်အခြေခံအင်တာနက်ဝန်ဆောင်မှုပေးမည့်အကြောင်းစာနယ်ဇင်းသတင်းမီဒီယာများသို့
အသိပေးရှင်းလင်းပွဲရန်ကုန်Parkroyal  Hotel Yadna Boolroom ကျင်းပပြုလုပ်ရာ MPT မှChief Commercial Officer - Mr. Koichi Kawase/ Director of Global Operator -  Mr.Markku Makelainen / U Tun Aye Maung ( DGM )တို့မှအဆိုပါအခမ်းအနားပါတ်သက်၍ရှင်းလင်းပြောကြားပြီးစာနယ်ဇင်းသတင်းမီဒီယာများသိလိုများကိုပြန်လည်ဖြေကြားပါသည်။Facebook မှ တာဝန်ရှိလူကြီးမင်းများနှင့်ပြည်ပမှnetwork ပညာရှင်များတက်ရောက်ကြပါသည်။MPT ဆက်သွယ်ရေးကွန်ယက်သည်မြန်မာပြည်၏အကြီးမားဆုံးဆက်သွယ်ရေးအော်ပရေတာတခုဖြစ်ပြီးMPT sim ကဒ်သုံးစွဲသူသန်း ၂၀ ရှိသည်။Free Basics ဝန်ဆောင်မှုအပါအဝင်Facebook ၏ဝန်ဆောင်မှူကိုအသုံးပြုသူပေါင်း ၂၅ သန်းကျော်ရှိသည်။ Facebook သည်လည်မြန်မာပြည်တွင်လူသုံးအများဆုံးဆက်သွယ်မှူလူမှုကွန်ယက်တစ်ခုဖြစ်သည်။၂၀၁၆ ခုနှစ်ဇွန်လ ၆ရက်နေ့မှစတင်ကာမြန်မာပြည်တွင်ပထမ
ဦးဆုံးအနေဖြင့်MPT ၏ ဆွေသဟာအသုံးပြုသူများသည် Free Basics နှင့် Facebook Flex ကိုစတင်၍အခမဲ့အသံပြုနိုင်တော့မည်ဖြစ်သည်။Facebook Flex ကိုအခမဲ့ပုံစံနှင့်ဒေတာကူးပြောင်းအသုံးပြုနိုင်မည်ဖြစ်ပြီးအသုံးနေစဉ်အတွင်းစာများတင်နိုင်ခြင်း။ကွန်မန့်ပေးနိုင်ခြင်း။လိုက်ခ်ပြုလုပ်နိုင်ခြင်းနှင့်စာရိုက်စကားပြောနိုင်ခြင်းတို့ပြုလုပ်နိုင်သော်လည်းဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုမူDataအသုံးပြုပုံစုံသို့ကူးပြောင်းအသုံးပြုရမည်ဖြစ်ပြီးအခမဲ့ပုံစုံသုံးနေစဉ်ဓါတ်ပုံနှဗီဒီယိုများကိုကြည့်ရှု၍ရနိုင်မည်မဟုတ်ကြောင်းနှင့်Fresic  ဝန်ဆောင်မှုတွင်၃၅ ခုဝန်ဆောင်မှုရရှိမည်ဖြစ်သည်။MPT ဆွေသဟာထည့်သွင်းထားသည် Feature Phone Android နှင့် iphoneများမှအခမဲ့ဖြစ်သောအခြေခံအက်ပလီကေရှင်းကိုရယူသုံးနူင့်ပြီးFacebook Flex ကိုမိုဘိုင်းအက်ပလီကေးရှင်းမှတဆင့်( သို့မဟုတ် ) www.facebook.comနှင့်အခြေခံဝက်ဆိုက်www.freebasics.comတို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

Monday, May 30, 2016

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်ဖွင့်လှစ်ခြင်း( 22 )နှစ်ပြည့်အထိမ်းအမှတ်ကံထူးရှင်းရွေးချယ်ပွဲကျင်းပခြင်း။29.5.2016.Myanmar Plaza.

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်များဖွင့်လှစ်ခြင်း ( 22 )နှစ်ပြည့်အထူးအစီအစဉ်တရပ်အနေဖြင့်Super Special Sales နှင့်ရွှေနန်းတော်စိန်ရွှေရတနာဆိုင်၏ရတနာချစ်သူများကိုေ
ကျးဇူးတုံပြန်သောအားဖြင့်ကံထူးရှင်းရွေးချယ်ပွဲအခမ်းအနားကို 29.5.206 နေ့။ည
နေ ၄း ၀၀ အချိန်တွင်Myanmar Plaza ရှိပရိုမိုးရှင်းဧရိယာတွင်ကျင်းပပြုလုပ်ရာရတနာ ၃ ဆိုင်တွင်ဝယ်ယူအားပေးထားသူများနှင့်အနုပညာရှင်များ။ ရတနာများဝတ်ဆင်၍သရုပ်ပြမော်ဒယ်အလှမယ်များ။စာနယ်ဇင်းမှတာဝန်သူများ။online media မှတာန်ရှိသူများတက်ရောက်ကြသည်။FMI အိမ်ရာမှ ဒေါ်နွေးနွေးမှ ကားကံစမ်းမဲကို၎င်း။စမ်းချောင်းမြို့နယ်မှ Dr.ဒေါ်သင်းသင်းခိုင်မှ၎င်းကားကံစမ်မဲကို၎င်း။ကံထူးရှင်အဖြစ်ရရှိခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားသို့တက်ရောက်လာကြသောဧပရိသတ်များအားKmiko ၏အက Dance အဖွဲ့ဖြင့်၎င်း။အောင်ထက်။ဝိုင်းစုခိုင်သိန်း။နီနီခင်ဇော်၎င်း။ကံထူးရှင်များကံစမ်းမဲများကိုနေတိုး။ဇေရဲထက်။ဝတ်မှုန်ရွှေရည်။ဖွေးဖွေးတို့မှ၎င်း။ရွေးချယ်ပေးခဲ့ကြပြီးရွှေနန်းတော်စိန်ရွှေရတနာများဖွင့်လှစ်ခြင်း( 22 )နှစ်ပြည့်မွေးနေ့ကိတ်အားရတနာဆိုင်၏ပိုင်ရှင်ဖြစ်သူနှစ်ဦးမှမင်္ဂလားဓါးဖြင့်လှီးခွဲ၍အခမ်းးအနားဖွင့်လှစ်ပေးကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM

သုံးနားညီ၍ ​ထောင့်​သုံး​ထောင့်​ ညီ​သောအခါဝယ်

Thursday, April 21, 2016

Us နဲ့ California နယ်စပ်က မူးယစ်ဆေး လှိုင်ခေါင်း

လှိုင်ခေါင်းကို အမေရိကန် California နဲ့ Mexico နယ်စပ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး CALIFORNIA ပြည်နယ်အတွင်း တွေ့ရသမျှ မူးယစ်ဆေးသိုဝှက်ရာ လှိင်ခေါင်းများထဲ အရှည်ဆုံးလှိုင်ခေါင်းဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးမှ ဆိုပါတယ်။
လှိုင်ခေါင်းအတွင်းမှ ကိုကိန်း ၁ တန် နှင့် ဆေးခြောက် ၇ တန် တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။
အဆိုပါလှိုင်ခေါင်းမှာ မိုင်ဝက် ခန့်ရှည်လျားကာ ၃ပေ ကျယ်ဝန်းပြီး ရထားလမ်းစနစ် ၊ အလင်းရောင်ရရှိရန်စနစ်များ ပါရှိပြီး ကြီးမားတဲ့ ဓာတ်လှေကားတစ်ခုပင် ပါဝင်နေသေးသည်။
Translated by A.M.M

Google Map
Gettin photo:  Internet 
Gettin photo: Internet 
Gettin photo: Internet 

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS