ရန်ကုန်တိုင်းဒေသကြီးသင်္ယန်းကျွန်မြို့နယ်ငမိုးရိပ်၎ လမ်းအပိုင်း ၂ တွင်အဲယားကွန်ဆေ့ကဒ်အပူလွန်ကဲရာမှတဆင့်နေအိမ် ၂လုံးမီးလောင်ကျွမ်းမှူဖေဖော်ဝါရီလ ၁၃ ရက်နံနက်ပိုင်း ၁၀း၄၅ တွင်စတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ-မီးစတင်လောင်ကျွမ်းရခြင်းမှာအဲ့ယားကွန်မီးထိန်းဆေ့ကဒ်အပူလွန်ကဲရာမှမီးပွားများလွင့်စင်၍အိမ်တွင်းရှိမွေ့ယာပေါ်သို့မီးပွားကျရာမှမီးလောင်ကျွမ်းမှူဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပြီ၎င်းနေအိမ်နှင့်ဘေးချင်ကပ်လျှက်ရှသည့်နေအိမ်သို့မီးကူစက်ကျွမ်းခဲ့ရသဖြင့်နေအိမ်၂ လုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်းသိရသည်။နံနက်ပိုင်းဈေးသိမ်းချိန်တွင်ညှော်နံများထွက်လာပြီအိမ်အပေါ်ထပ်မှမီးခိုးတွေ့စတင်ထွက်လာပြီပတ်ဝန်းကျင်ရှိလူများကမီးလောင်နေတယ်လို့ပြောနေချိန်မှာဘဲမီးတောက်များမြင့်တက်လာကြောင်းတွေ့ရပါတယ်။အဆိုပါအိမ်တွင်းမှအသက် ၆၀ ကျော်အန်တီကြီးတယာက်ထမင်းစားနေရင်းတန်းလန်းအိမ်တွင်းမှထွက်ပြေးလာကြောင်းမီးစတင်လောင်ကျွမ်းချိန်အနီးရှိမျက်မြင်တွေ့ရှိခဲ့သူမခင်စောလှိုင်၏ပြောပြချက်အရသိရှိရပါသည်။မီးစတင်လောင်ကျွမ်းချိန်မှာ13.2.2017.နံနက်10း 45 မိနစ်တွင်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီမွန်းတည့် 12း 35 မိနစ်တွင်မီးင်ြမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။အဆိုပါမီးလောင်ကျွမ်းမှူကိုမီးငြိမ်းသတ် Level-2 အဖြစ်သတ်မှတ်မီးငြိမ်းသတ်ခဲ့ရကြောင်းသိရှိရသည်။မီးငြိမ်းသတ်Level- 2 မီးငြိမ်းသတ်ယာဉ် 23 စီး။အုပ်ချုပ်မှူယာဉ် 1 စီး။ရေသယ်ယာဉ် 3 စီးဖြင့်မီးငြိမ်းသတ်ခဲ့ရပြီးမီးလောင်တဲ့Level အပေါ်မူတည်၍သက်ဆိုင်ရာမြို့နယ်နဲ့အခြားမြိုနယ်အသီးသီးကမီးသတ်ယာဉ်များကလာရောက်ပြီးမီးငြိမ်းသတ်ပေးခဲ့ရကြောင်းမီးသတ်ယာဉ်အုပ်စုမှအရာရှိတဦးကရှင်းလင်းပြောကြားခဲ့ပါသည်။အဆိုပါမီးလောင်မှူဖြစ်ပွားရာနေအိမ်နှင့်အနီးအနားရှိနေအိမ်များမှလူထိခိုက်သေဆုံးမှူမရှိသော်လည်ယင်းမီးလောင်မှူအားလာရောက်ကူညီဝိုင်းဝန်မီးငြိမ်သတ်ပေးခဲ့သည့်ပြည်သူတဦး၏ခြေထောက်တွင်သာထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM3329.(သတင်းနှင့်ဓါတ်ပုံ).
Wednesday, February 15, 2017
Friday, February 10, 2017
Kids Fair ပြပွဲအခမ်းအနားကျင်းပခြင်း။10.2.2017
မြန်မာနိုင်ငံ၏အကြီးကျယ်ဆုံးကလေးအသုံးအဆောင်ပြပွဲအခမ်းအနားကိုရန်ကုန်မြို့ဦဝိစာရလမ်းရှိတပ်မတော်ခန်းမတွင်ကျင်ပပြလ်ုပ်ရာရန်ကုတိုင်ဒေသကြီးအစိုးရအဖွဲ့ရုံးမှလူမှူရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့်တကွတာဝန်ရှိပုဂ္ဂိုလ်များ။ရန်ကုန်တိုင်ဒေသကြီး၏မိခင်နှင့်ကလေးစောင့်ရှောက်မှူကြီးကြပ်ရေးအဖွဲ့ဝင်ဒေါ်အေးမြတ်ဝင်း။ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်မှလူမှူရေးနှင့်ယဉ်ကျေးမှူအဖွဲ့ခေါင်းဆောင်ဒေါ်အေးမာဦးနှင့်EMG Co.Ltd မှ MD ဦးဝေလင်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များမီဒီယာအသီးသီးမှတာဝန်ရှိသူများနှင်ကုမ္မဏီအသီးသီးမှလုပ်ငန်းရှင်များကအဆိုပါ Kids Fair ပြပွဲကိုတက်ရှောက်ဖွင့်လှစ်ပေးခဲ့ကြောင်သိရှိရသည်။၎င်းပြပွဲကြီးတွင်မိသားစုကျန်းမာရေးအတွက်အထောက်အကူဖြစ်စေသည့်ကျန်မာသန်ထွားဥဏ်ရည်မြင့်မား၍လူကြီးလူငယ်။ကလေးများနှင့်နလံထလူမမာများအတွက်အာဟာရပြည့်အားဖြည့်ဆန်များကို Gold Power ကုမ္မဏီမှသန့်ရှင်စင်ကျယ်စွာထုတ်လုပ်ထားသော Fortified Rice အားဖြည့်ဆန်ပြခန်းလည်ပါဝင်ပြသလျက်ရှိပြီGold Power၏ အားဖြည့်ဆန်ကိုနေ့စဉ်ချက်ပြတ်စားသုံးခြင်ဖြင့်ဥာဏ်ရည်ဖွင့်ဖြိုးမှူအားကောင်စေ၍ဗိတာမင်ဓါတ်အပြည့်အဝပါဝင်ခြင်းကြောင့်အလုပ်လုပ်နိုင်သောလူကိုယ်ခန္ဒာစွမ်းအားတိုမြှင့်စေပြီလူတို့၏ကျန်မားရေးကိုလွန်စွာအထောက်အကူဖြစ်စေကြောင်းသိရှိရပါသည်။တက်ရောက်လာကြသောလူကြီးမင်းမှပြခန်းများကိုလှည့်လည်ကြည့်ရှူအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။Myinnt Khaing.MANM.3329
Sunday, February 5, 2017
The Most Amazing Housing.Living & Car Show 1/2017
Creation Strength Co.Ltd မှကြီးမှူးကျင်းပသောပြပွဲတွင်ပါဝင်ပြသလျက်ရှိသောIchiryu ပြခန်းမှအိချိရုအမှတ်တဆိပ်သောက်ရေသုံးရေသန့်စက်များကို SML Group- Water Purification Division မှ ကျန်မာရေးစာပွဲတင်ရေခရား။သောက်ရေသန့်စက်ရုံသုံစနစ်။သုံးရေသန့်စနစ်များ။အိမ်တွင်းသောက်ရေသန့်စက်များကို ၁ နှစ်အာမခံဖြင့်ရောင်းချပေးနေပြီဂျပန်နည်းပညာဖြင့်ဟောင်ကောင်တွင်ထုတ်လုပ်ထားကြောင်းသိရှိရသည်။
Thursday, January 26, 2017
Grand Royal W hisky ၏ငွေကျပ်သိန်း 100 ကံထူးရှင်အားဆုငွေချီးမြှင့်ခြင်း။
Grand Royal Whisky၏ငွေကျပ်သိန်း 100 ကံထူးရှင်အားဆုချီမြှင့်ခြင်းအခမ်းအနားကို19.1.2017 နေ့ကမြိတ်မြို့ရှိ Grand Jade ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။Grand Royal သည်၎င်း၏သောက်သုံးသူများအတွက်ပုလင်းအဖုံးအောက်တွင်ရှာဖွေရမည့်အဖုံးတွင်းကံစမ်းမဲအထူးအစီအစဉ်ကိုကျင်းပြုလုပ်ခဲ့ရာအမြင့်ဆုံးအထူးဆုအဖြစ်ငွေသားကျပ်သိန်း 100 တန်နှစ်ဆုကိုထည့်သွင်းပေးခဲ့ရာမြိတ်မြို့မှကံထူးရှင်တဦးဖြစ်သူ ဦးချစ်တင်ကဆုတဆုကိုရရှိခဲ့ကြောင်းသိရသည်။အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားသို့ကံထူးသူ ဦးချစ်တင်က၎င်း၏မိသားစုဝင်များနှင့်မိတ်ဆွေသူငယ်ချင်းများနှင့်အတူတက်ရောက်ခဲ့ကြပြီGrand Royal ဝီစကီ၏ပုလင်းအဖုံးအောက်တွင်ရှာဖွေရမည့်အဖုံးတွင်းကံစမ်းမဲအစီအစဉ်တွင်ကံထူးသူများကိုဆုမဲအဖြစ်ဆုကြေးငွေများအပြင်ဂီတာများ။မိုဘိုင်းဖုန်းဟန်းဆက်များ။နားကြပ်များနှင့် Home Theater စက်များကိုလည်းဆုမဲဖေါက်၍ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသရသည်။Grand Royal Whisky သည်ဥရောပနှင့်အနောက်နိုင်ငံများမှပေးအပ်သည့်နာမည်ရနိုင်ငံတကာအသိအမှတ်ပြုဆုတဆိပ်များစွာဖြစ်သောဘယ်ဂျီယမ်နိုင်ငံ Monte Selection,အမေရိကန်နိုင်ငံ Spirits International Prestige Award နှင့် San Francisco World Spirits Competition တို့ကိုရရှိထားသည့်အမှတ်တဆိပ်တခုဖြစ်ပြီအရည်အသွေကောင်းမွန်မှူကိုအဆင်အမြဲထိန်းသိမ်းထားသောစားသောက်ကုန်တခုလည်းဖြစ်သည်။Grand Royal Planet Music အစီအစဉ်သည်ပြည်တွင်းပြည်ပတေးဂီတပညာရှင်များစွဖြင့်တေးဂီတဖျော်ဖြေပွဲများ။သင်္ကြန်ရေကစားပွဲတော်များ။ကုန်ပစ္စည်းမိတ်ဆက်ပွဲများ။ကံစမ်းမဲအစီအစဉ်များနှင့်လုထူဆက်သွယ်ရေးကွန်ယက်ဖြစ်သည့် Social Media များတွင်ပါဝင်ပြုလုပ်သည့်အစီအစဉ်များစွာကိုကျင်းပပေးလာသည်မှဆယ်စုနှစ်တစ်စုကျော်ကာလသို့ရောက်လာပြီဖြစ်ကြောင်းသိရသည်။Myint Khaing.MANM.3329
Tuesday, January 24, 2017
ကွန်ပျုတာပညာရှင်အသင်းအလုပ်အမှူဆောင်အဖွဲ့ရာထူးတာဝန်လွှဲပြောင်းခြင်အခမ်းအနားကျင်းပခြင်း။24.1.2017
ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာလုပ်ငန်းရှင်အသင်းတို့၏အသင်းသားစုံညီအခမ်းအနားနှင့်အလုပ်အမှူဆောင်အဖွဲ့ရာထူးတာဝန်လွဲပြောင်းခြင်းအခမ်းအနားကိုရန်ကုန်မြို့ MICT Park.Main Building Conference Hall တွင် 24.1.2017 နေ့နံနက် 9း 00 တွင်ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မှအဖွင့်ကြိုဆိုအမှာစကားပြောကြားပါသည်။ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာပညာရှင်ဥက္ကဋ္ဌ- ဦးမင်းဦးမှ 2014-2016 ခုနှစ်သက်တမ်းဆောင်ရွက်ရွက်ချက်များအနှစ်ချုပ်သုံးသပ်ရှင်းလင်းပြောကြားပြီးနောက်ရန်ကုန်တိုင်းတိုင်ဒေသကြီးကွန်ပျုတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးထင်အောင်ခိုင်မှ 2014-2016 ခုနှစ်သက်တမ်းဆောင်ရွက်ချက်များကိုအနှစ်ချုပ်သုံးသပ်ရှင်းလင်းပြောကြားပါသည်။ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာအသင်း၏ငွေစာရင်းရှင်းတမ်းများကိုဘဏ္ဍာရေးမှူးဒေါ်ခင်တိုးယဉ်မှရှင်းလင်းဖတ်ကြားတင်ပါသည်။ရန်ကုန်တိုင်းဒေသကြီးကွန်ပျုလုပ်ငန်းအသင်း၏ဖွဲ့စည်းပုံစည်းမျဉ်းအားအတည်ပြုကြောင်းပြောကြားပြီနောက်2014-2016ခုနှစ်သက်တမ်းအမှူဆောင်ဟောင်းများနှတ်ထွက်ခြင်းနှင့်2017-2019 ခုနှစ်သက်တမ်းအတွက်ရွေးချယ်တင်မြောက်ခံရသည့်အလုပ်ဆောင်သစ်၏အမည်စာရင်းအားကြေငြာပြီးနောက်2017-2019 ခုနှစ်သက်တမ်း၏ရန်ကုန်တိုင်းဒေသကြီးကွန်ပျုတာပညာရှင်အသင်း၏ဥက္ကဋ္ဌသစ်ဖြစ်သူ ဦးအောင်စိုးမိုးမှအဖွဲ့သစ်၏ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်စဉ်များကိုရှင်းလင်းတင်ပြပြောကြားပါသည်။ယင်းနောက်2017-2019 သက်တမ်း၏ကွန်ပျုတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဦးမှလည်းရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုရှင်လင်းဖတ်ကြားပြီးနောက်ကွန်ပျုတာအသင်းမှတာဝန်ရှိလူကြီးများစုပေါင်း၍မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM3329
Thursday, January 19, 2017
Myanmar International Franchise SME Expo ကျင်းပခြင်း။19.1.2017
981 Creative Myanmar Company မှကြီးမှူးကျင်းပသော Myanmar International Franchise and SME Expo 2017 ပြပွဲဖွင့်ပွဲအခမ်းအနားကို 19.1.2017 နေ့၌နံနက် ၉း ၃၀ တွင် Gandamar Grand Ball Room .Gandamar Wholesale Center တွင်ကျင်းပပြုလုပ်ရာအခမ်းအနားတွင်ဒေါ်အေးအေးဝင်း( ညွန်ကြားရေးမှူးချုပ် )။အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေရေးဗဟိုဌာန-စက်မှူဝန်ကြီးဌာန။ဒေါ်နော်မူတာကပေါ( ဒုတိယ ညွန်ကြားရေးမှူးချုပ် )မြန်မာ့ကုန်သွယ်မှူမြှင့်တင်ရေးအဖွဲ့။စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန။Mr. Pakainay Leng-EE. Minister Counsellor(Commercial ).office of Coimmercial Affairs.Royal Thai Embssy ။ Assist. Prof . Dr. Nuttapon Nimmanphatcharin. PhD, Executive Vice Presdent,National Food Institute,Ministy of Industry, Thailand နှင့် 981 Creative Myanmar Company မှ CEO အဖွဲ့ဝင်များကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီကုမ္မဏီအသီးသီးမှတာဝန်ရှိလူကြီးမင်းများနှင့်သတင်းမီဒီယာအသီးသီးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပသည်။အဆိုပါပြပွဲကိုဇန္နဝါရီလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီထိုင်း။ကိုရီးယား။ ထိုင်ဝမ်။မြန်မာ။စကာၤပူ။ဂျပန်စသည့်နိုင်ငံပေါင်း ၆ နိုင်ငံမှအဓိကပါဝင်ပြသခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, January 14, 2017
Mingalar Sanpya ( MAGWAY )ရုပ်ရှင်ရုံဖွင့်လှစ်ခြင်း။14.1.2017
မကွေးတိုင်းဒေသကြီး။မကွေးမြို့။ရွာသစ်ပွဲကြိုရပ်ကွက်။နတ်မောက်လမ်းရှိMingalr Sanpya (MAGWAY ).ရုပ်ရှင်ရုံဖွင့်လှစ်ခြင်းကို 4.1.2016 နေ့နေ့လည် 2 နာရီတွင် ကျင်းပပြုလုပ်ရာမကွေးတိုင်းဒေသကြီး၏ဝန်ကြီးချုပ် ဦးအောင်မိုးညို။လုံခြုံရေးနှင့်နယ်စပ်ဒေသဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဦး ။သယံဇာတ - ပတ်ဝန်းကျင်နှင့်လျှပ်စစ်/ စွမ်းအင်ဝန်ကြီး Dr. ခင်မောင်အေး ။မကွေးတိုင်းတရားသူကြီး ဦးစိန်ထွန်း ။ အလုပ်သမားနှင့်လဝက ဝန်ကြီး ဦးနေမျိုးကျော် ။ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်း တို့နှင့်ဌာနဆိုင်ရာအသီးသီးမှအထူးဖိတ်ကြားထားသောဧည့်တော်များမှအဆိုပါရုပ်ရှင်ရုံဖွင့်လှစ်ခြင်းအခမ်းအနားသိုတက်ရောက်ချီးမြှင့်ခဲ့ကြပြီးမကွေးမြို့၏ မင်္ဂလာစံပြအဆင့်မြင့်ရုပ်ရှင်ရုံသစ်ကြီးသို့မကွေးမြို့မှပြည်သူအများအပြားလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ရန်ကုန်မှအဆိုပါရုပ်ရှင်ရုံဖွင့်လှစ်ခြင်းအခမ်းအနားသို့တက်ရောက်လာကြသောစာနယ်ဇင်းသတင်းမီဒီယာနှင့်ရုပ်သံမီဒီယာ။ Online မီဒီယာများကို " GREAT WALL "ဇာတ်ကားဖြင့်အစမ်းပြသခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...