MPT ၏ မိုဘိုင်းလ်အက်ပလီကေးရှင်းအသစ် APPBOX မှတဆင့်မိုဘိုင်းလ်ဂိမ်းများအကန့်အသတ်မရှိရယူနိုင်မည့်အကြောင်းစာနယ်ဇင်းရှင်လင်းခြင်းအခမ်းအနားကို 9.11.2017 နေ့၌ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးချုပ်တည်ရှိရာဒုတိယထပ်ရှိအစည်းအဝေးခန်းမတွင်ကျင်းပပြု့လုပ်ရာ MPT မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် MPT-KSGM Joit Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda ကရှင်းလင်းပြောကြေားရာတွင် " ဂိမ်းဝါသနာရှင်များအတွက်မိတ်ဆက်ပေးလိုက်တဲ့ APPBOX ကနေ Mobile Phone နဲ့ဆော့ကစားနိုင်တဲ့ဂိမ်းအများအပြားကိုအသုံးပြုနိုင်ရန် Google Play Store တွင် Download ရယူကစားနိုင်ပြီ httး // xrink.me/BOEoi တွင်လည်း Download ရယူအသုံးပြုကစားနိုင်ကြောင်သိရသည်။သုံးစွဲသူများအနေဖြင့် Cut the Rope 2 ။ Tag the Frog ။ 3D Tower Box ။Snakes.io နှင့် Garfield kart ကဲ့သို့သောနာမည်ကျော်ဂိမ်းအများစုကိုစိတ်တိုင်းကျကစားနိုင်မည်ဖြစ်သည်။အဆိုပါဂိမ်းများကိုလုံခြုံစိတ်ချရသော app store ဖြစ်သည့် APPBOX မှ Download ရယူနိုင်မည်ဖြစ်ပြီးအက်ပလီကေးရှင်းအမည်။အမျိုးအစားနှင့်ကဏ္ဍအလိုက် Keyword များဖြင့်အလွယ်တကူရှာဖွေနိုင်မည်ဖြစ်သည်။ထို့အပြင်လစဉ်လတိုင်းနောက်ဆုံးပေါ်နာမည်ကျော်ဂိမ်းအသစ်များစွာကိုထည့်သွင်းပေးသွားမည်ဖြစ်သောကြောင့်အမျိုးအစားစုံလင်လှသည့်ဂိမ်းအမျိုးအစားများစွာကိုစစ်ထုတ်ရှာဖွေနိုင်မည်ဖြစ်ကြောင်းသိရသည်။ထို့အပြင်သုံးစွဲသူများ၏စိတ်ဝင်စားမှူအလိုက်ဆန်သစ်သောဂိမ်းများကိုစဉ်ဆက်မပြတ်ဖော်ပြပေးမည့် Content Catalogue တစ်ခုလည်ပါဝင်မည်ဖြစ်ပြီးယခုမှစတင်ကာ Android OS Mobile ထုတ်ကုန်များကိုအင်တာနက်ဖြင့်ချိတ်ဆက်၍ Android Version 4.2 သို့အဆင့်မြှင့်တင်ပြီးဂိမ်းများကို Download ရယူကစားနိုင်ပြီဖြစ်ကြောင်းသိရသည်။ပထမတပါတ်စာတွင်အခမဲ့အသုံးပြုခွင့်ပေးထားပြီး၎င်းရက်သတ္တပတ်ပြီးဆုံးသွားပါကနေ့စဉ်ကြေး 250 ကျပ်( ကုန်သွယ်ခွန်ပါဝင်ပြီး ) ဖြင့်သုံးစွဲနိုင်မည်ဖြစ်သည်။အသုံးပြုပြီးမှငွေပေးချေသည့်( Post - Paid )အစီအစဉ်ဖြင့်အသုံးပြုသူများကိုသုံးစွဲထားသည့်ပမာဏလိုက်လစဉ်ထည့်သွင်းကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါအက်ပလီကေးရှင်းကိုAndroid 4.2 စနစ်အထက်ပါရှိသောမည်သည့်ဖုန်းအမျိုးအစားတွင်မဆိုအသုံးပြုနိုင်ပြီးမိမိစိတ်ကြိုက် Online (သို့မဟုတ်)Offline ဂိမ်းများရွေးချယ်ကစားနိုင်မည်ဖြစ်ကာနေ့စဉ်ကြေးမှအပအခြားမည်သည့်အခကြေးငွေများထပ်မံပေးဆောင်ရန်မလိုဘဲအသုံးပြုနိုင်မည်ဖြစ်ပြီလာမည့်ဒီဇင်ဘာလမှစတင်၍ကံစမ်းမဲအစီအစဉ်များပါဝင်ဖြစ်သည်။ဆုလက်ဆောင်အဖြစ် Samsung Galaxy S8 ။ MPT စမတ်ဖုန်းများ။Mi Band အားကစားလက်ပတ်များ။Remax ဂိမ်းလက်ကိုင်များနှင့်Remax အားသွင်တုံးတိုကိုလက်ဆောင်အဖြစ်ပိုင်ဆိုင်ရရှိမည်ဖြစ်သည်။အဆိုပါအက်ပလီကေးရှင်းနှင့်ပါတ်သက်ပြီးအသေးစိတ်အချက်အလက်များကိုသိရှိလိုပါက httpး//www.mpt.com.mm( သို့မဟုတ် ) httpး//www.facebook.com/mptofflciapage တွင်ဖတ်ရူလေ့လာနိုင်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
Friday, November 10, 2017
Tuesday, November 7, 2017
ဆံတော်ရှင် ဇင်းကျိုက်တောင်တန်းသာသနာပြု 7 ရက်သားသမီးများဝါဆိုမိသားစုရန်ကုန်မြို့။
ဆံတော်ရှင်ဇင်းကျိုက်တော်တန်းသာသနာပြု ၇ ရက်သားသမီးများမှဝါဆိုသင်္ကန်းကပ်လှူခြင်း။ဆွမ်း။ဆန်။စောင်။ဆေး။ဆီ။နဝကမ္မလှူဒါန်းခြင်း။ကျောင်းဆောက်လုပ်လှူဒါန်းခြင်း။သံယာတော်များအတွက်အဆောက်အဦးများဆောက်လုပ်လှူဒါန်းခြင်း။ကထိန်ကာလရှောက်လျှင်လည်းကထိန်ပွဲများခင်းကျင်းလှူဒါန်းပေးခြင်းတို့ကိုဇင်ကျိုက်မြို့ပေါင်မြို့နယ်စမ်းနှစ်ခွတောရကျောင်းတွင်ပြုလုပ်ဆောင်လျက်ရှိပါသဖြင့်အဖွဲ့ခေါင်းဆောင်- ဦးသိန်းသန်းဝင်း(ခ)ဦးဝင်းမြင့်သိန်း--09420031900 သို့ဆက်သွယ်လှူဒါန်းနိုင်ပြီး" Thein Than Win.Sampya.Facebook တွင်ရောက်ကြည့်ရှူလေ့လာနိုင်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Saturday, November 4, 2017
Premier Coffee ၏တန်ဆောင်တိုင်ပွဲတော်ကျင်းပပြုလုပ်ခြင်း2.11.2017
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှူဖြင့်ရန်ကုန်တန်ဆောင်တိုင်းပွဲတော်ကို 2.11.2017 နေ့နှင့် 3.11.2017 နေ့မျာင်းတွင်ကျင်းပပြုလုပ်ရာရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီမှရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် Capital Diamond Star Group မှManaing Director- Dr. ဦးကိုကိုကြီးနှင့်တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌ-ဦးတင့်ဆွေအောင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။အဆိုပါပွဲတော်ကိုရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် Premier Coffee မှကြီးမှူး၍နိုဝင်ဘာလ 2/3 ရက်နေ့များတွင်ကျင်းပပြုလုပ်ပေးလျှက်ရှိသည်။Manaing Director- U Ko Ko Gyi ကရှင်းလင်းပြောကြားရာတွင်" မြန်မာ့ကုန်အမှတ်တံဆိပ်တခုဖြစ်တဲ့ Premier Coffee အနေနဲ့နိုင်ငံအဝန်းမှာရှိတဲ့မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်တွေမှာအလျဉ်းသင့်သလိုပါဝင်ဆင်နွှဲလေ့ရှိကြောင်းနှင့် Premier Coffee ရဲ့ 12 နှစ်တာသက်တမ်းတလျှေက်မှာတိုင်းဒေသကြီးကိုယ်စားပြုကျင်းပတဲ့နန်ဆောင်တိုင်မီးထွန်းတော်တွင် Premier မှပထမဦးဆုံးအကြိမ်ပါဝင်ခွင့်ရနဲ့အတွက်ကုမ္မဏီတခုလုံးကိုယ်စားဂုဏ်ယူဝမ်းမြောက်ကြောင်း Dr.ဦးကိုကိုကြီးကပြောကြားပါသည်။မြန်မာ့ရိုးရာဓလေ့ 12 လရာသီပွဲတော်တခုဖြစ်တဲ့တန်ဆောင်တိုင်ပွဲတော်ရပ်ဝေးရပ်နီးပြည်သူများ။နိုင်ငံခြားသားများမြန်မာ့ဓလေ့ကိုမြင်တွေ့ခံစားနိုင်စေရန်နှင့်မတူညီနဲ့အရာတွေကြားမှာအားလုံးတူညီစွာကြိုက်နှစ်သက်တဲ့ Premier Coffee ရှိနေခြင်းကိုဖော်ကျူးလိုတဲ့ရည်ရွယ်ချက်ဖြင့်အဆိုပါပွဲတော်ကိုပါဝင်ဆင်နွဲရခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ Premier တန်ဆောင်တိုင်ပွဲတွင်" တို့ဌာနီတိုမြန်မာပြည်မြန်မာတို၏ Premier Coffee " မှမြန်မာ့ရိုးရာအကအလှများဖြစ်သည့် မြေဝိုင်းအက။အိုးစည်းဒိုးပတ်အက။ဆီမီးခွက်အက။ကျောက်ဆည်ဆင်အက။ရုပ်သေးအကတို့အပြင်တေးသံရှင်မြန်မာပြည်သိန်းတန်။ဇော်ဝင်းထွဋ်။ယူရီနှင့်လူရွှင်တော်များကဟသအစီအစဉ်များဖြင့်ဖျော်ဖြေတင်ဆက်ကြပြီနိဗ္ဗာန်ဈေးပွဲတောိုပါထည့်သွင်းကျင်းပပေးခဲ့ပြီ Premier Coffee မှမြန်မာ့ရိုးရာစတုဒီသာကျွေးမည့်တန်ဆောင်တိုင်အလှူကိုလည်းကျင်းပပေးခဲ့ကြောင်သိရသည်။ရန်ကုန်မဟာဗန္ဓုလမ်းပန်းခြံတခုလုံးတွင်မီလုံး။မီးပုံးများဖြင့်မီးအလှဆင်ခြင်းများနှင့် Premier Coffee တန်ဆောင်ပွဲတော်ကိုခန်းနားထည်ဝါစွာဖြင့်ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Thursday, November 2, 2017
Enervon-C Campus ဓါတ်ပုံပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခြင်း။1.11.2017
United Pharmaceutical Co,Ltd မှကြီးမှူးကျင်းပပြုလုပ်သော Enervon- C in Campus ဓါတ်ပုံပြိုင်ပွဲမှဆုရရှိသူများကိုဆုချီမြှင့်ခြင်အခမ်အနားကိုရန်ကုန်မြို့။ဗိုလ်တထောင်ဆိပ်ကမ်းရှိ Royal Green River Cruise ၌ 1.11.2017 နေ့- ညနေ 5 နာရီမှ 7 နာရီအထိစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ United Pharmaceutical Co,Ltd မှတာဝနှ်ရှိသူတဦးဖြစ်သူ Dr.That That Naing ကရှင်းလင်းပြောကြားရာတွင် " " "ENERVON-C IN CAMPUS " ဓါတ်ပုံပြိုင်ပွဲကို United Pharmaceutical Co..Ltd မှထုတ်ကုန်တခုဖြစ်သည့် Enervon -C အားဆေးမှ Enervon-C Facebook Page တွင်ပြိုင်ပွဲဝင်ဓါတ်ပုံများကိုတက္ကသိုလ်ကျောင်းသား/ကျောင်းသူများမှတဦးချင်းသော်၎င်း။အုပ်စုလိုက်သော်၎င်း။ကျောင်းနောက်ခံဘက်ဂရောင်းဖြင့်စိတ်တိုင်းကျဓာတ်ပုံများကိုဖန်တီးရိုက်ကူးစေပြီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ပြိုင်ပွဲကာလကို 2017 ဇူလိုင်လ 21 ရက်နေ့မှစက်တင်ဘာလ 30 ရက်နေ့အထိသတ်မှတ်ထားခဲ့ပြီ Enervon- C IN Campus ဓါတ်ပုံပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနား၌အကောင်းဆုံးဓာတ်ပုံဆုအတွက် Samusng Galaxy J7 PRO ဟန်းဆက် 1 လုံး။ Love. Ha Ha. WOW စသည့်ဂဏ္ဍအတွက် Facebook Reaction အများဆုံးဆု 6 ဆုအတွက်ဆုငွေကျပ် 1 သိန်းစီ။အထူးဆု 5 ဆုအတွက်ဆုငွေကျပ် 3 သောင်းစီနှင့်အတူဆုရရှိများအားအတွက် ENERVON-C အားဆေး 3 လစာကိုလည်းပေးအပ်ချီမြှင့်ပေးခဲ့ပါသည်။အဆိုပါအခမ်းအနာသို့တက်ရောက်လာကြသောတာဝန်ရှိပုဂ္ဂိုလ်များ။ကျောင်းသား/ကျောင်းသူများ။စာနယ်ဇင်းနှင့် Online Media အသီးသီးဧည့်သည်တော်များအားကိုနိုင်ငံကျော်အဆိုတော် ဇွဲပြည့်၏တေးဂီတဖျော်ဖြေမှူအတူ United Pharmaceutical Co.Ltd မှညစာဖြင့်တည်ခင်းဧည့်ခံခဲ့ပြီည 8း 30 နာရီတွင်အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Friday, October 27, 2017
Bangkok Luxury Property Exhibition ကျင်းပခြင်း။26.102017
ရန်ကုန်မြို့- ကမ္ဘာအေးဘုရားလမ်းရှိ Sedona ရန်ကင်းခန်းမ၌ 26.102017 နေ့တွင် Bangkok Luxury Property Exhibition အရောင်းပြပွဲကိုကျင်းပပြုလုပ်ရာပြည်ပနိုင်ငံတွင်အိမ်ရာဝယ်ယူလိုသူများလာရောက်ကြည့်ရှူလေ့လာဝယ်ယူကြကြောင်းသိရှိရသည်။မြန်မာနူင်ငံရန်ကုန်မြိုရှိအိမ်ခြံမြေအကျိုဆောင်ကုမ္မဏီဖြစ်သော Your Property Finder ( YPF ) Real Estate ကုမ္မဏီသည်စင်္ကာပူနိုင်ငံမှအိမ်ခြံမြေကုမ္မဏီတခုဖြစ်သော DWG ( Dennis Wee Group )နှင့်လက်တွဲ၍အဆိုပါပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်သည်။Your Propetry Finder ( YPF )real estate ကုမ္မဏီသည် 2014 ခုနှစ်မှစ၍မြန်မာနိုင်ငံတွင်တည်ထောင်ခဲ့ပြီးစတင်ထောင်သူ Ma Charm Thu ( Managing Director ) သည် 2006 ခုနှစ်စ၍စင်္ကာပူအိမ်ခြံမြေလောကသို့ဝင်ရောက်ခဲ့သူဖြစ်သည်။ယင်းအိမ်ရာအရောင်းပြပွဲနှင့်ပါတ်သက်၍ Mr.Joel Tan ( Head of Sole & Investment ) Thailand မှ Bangkok အိမ်ရာအရောင်းပြပွဲသို့တက်ရောက်လာသူများကိုရှင်းလင်းပြောကြားခဲ့ပါသည်။
Your Propety Finder(YPF) real estate ကုမ္မဏီသည် အိမ်ခြံမြေကွန်ဒို - တိုက်ခန်း - လုံချင်းအိမ် - ရုံးခန်း - ဂိုဒေါင် - စက်မှူဇုန်တည်ဆောက်ရန်နှင့်ရောင်း။ဝယ်။ငှား။ရင်းနှီးမြှုပ်မှူဝန်ဆောင်များကိုအကောင်ဆုံးဆောင်ရွက်ပေးနေပါသည်။အရောင်းပိုင်းတွင်ဆောက်လုပ်သူများနှင့်ပူးပေါင်းရောင်းချပေးသလိုအိမ်ရှင်တဦးချင်းစီမှယုံကြည်စွာအပ်နှံထားသော Properties များကိုလည်းအကျိုးဆောင်ပေးနေပါသည်။အငှားပိုင်းတွင်လည်အများစုမှာနိုင်ငံလြားသားဧည့်သည်များဖြစ်ပြီး MNC ( Multi National Company )။ NGO ( Non-Government Organization ) ။သံရုံးတိုဧည့်သည်များကိုဝန်ဆောင်ပေးသလိုပြည်တွင်းမှဧည့်သည်များကိုလည်းစိတ်တိုင်းကျအကောင်းဆုံးဝန်ဆောင်မှူများကိုစီစဉ်ပေးလျှက်ရှိပါသည်။အရောင်းပိုင်းကိုဖြစ်စေ။အငှားပိုင်းကိုဖြစ်စေအဓိကဖြစ်သော Properties များ၏အိမ်ရှင်တဦးစီကိုလည်းစိတ်တိုင်းကျဖြစ်အောင်ငှားရမ်းသူ။ဝယ်ယူသူများနှင့်ညိုနှိုင်းဆောင်ရွက်ပေးပါသည်။ယခု Bangkok အိမ်ရာအရောင်းပွဲတွင်ရောင်းချမည့် Bangkok Properties များအပြင်အခြားနိုင်ငံများဖြစ်သော Singapore ။ Vietnam ။ Cambodia ။ London ။ Sydney ။ Melbourne ။ New Zealand စသောနိုင်ငံများမှ Properties များကိုလည်းရောင်းချပေးလျှက်ရှိပြီပြပွဲအချိန်မှာအောက်တိုဘာလ 26 ရက်မှ 28 ရက်နေ့အထိပြသရောင်းချပေးမည်ပြီ Bangkok Condominium Market အကြောင်းသိကောင်းစရာ Shop Presentation ကိုနေ့စဉ် မိနစ် 30 ခန့်ပြုလုပ်ပေးမည်ဖြစ်ပါသည်။
Your Property Finger ကုမ္မဏီ ဖုန်နံပါတ်များဖြစ်သည့် 09774833350 / 09774449429 / 09796201406 /01-8605255 / 01- 8605256 ဆက်သွယ်မေးမြန်းဝယ်နိုင်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Wednesday, October 25, 2017
ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပနိုင်ရေးလှုံဆော်ရေးကျင်းပခြင်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - သင်္ယန်းကျွန်းမြိုနယ်၏ ဒုတိယအကြိမ်လူငယ်ညီလာခံကျင်းပနိုင်ရေးကော်မရှင်အဖွဲ့နှင့်ပန်းရဲ့လမ်အဖွဲ့တို့ပူးပေါင်း၍စည်းရုံးလှုံဆော်လျက်ရှိကြောင်းသိရသည်။သင်္ယန်းမြို့နယ်အတွင်းရှိညီအကိုမောင်နှမများတို့အနေဖြင့်အဖွဲ့ချုပ်ကြီးအင်အားနိုင်ငံအတွက်အားမာန်ရှိစေရန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လူငယ်ညီလာခံမှအစုပြုပြီနိုင်ငံအတွက်အနာဂတ်ခေါင်းဆောင်ပေါ်ထွန်းနိုင်စေရည်ရွယ်ချက်ယခုလှူံဆောင်ခြင်းကိုကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဒုတိယအကြိမ်လူငယ်ညီလာခံကြီးကျင်းပပြုလုပ်တော့မည်ဖြစ်၍စိတ်ပါဝင်စားသောလူငယ်များကနီးစပ်ရာအဖွဲ့ချုပ်ရုံးများတွင်လျှောက်များဝယ်ယူ၍ပါတီဝင်အဖြစ်လျှောက်ထားနိုင်ပြီအသက် 16 နှစ်မှ 30 နှစ်အတွင်းဖြစ်ရမည်။မှတ်ပုံတင်( သို့မဟုတ် )ကျောင်းသားကဒ်ပါရှိရမည်ဖြစ်သည်။မရှိပါကမိဘနှစ်ပါး၏မှတ်ပုံတင်မိတ္တူပူးတွဲတင်ပြရန်လိုအပ်ပြီအခြားပါတီတခုခုဝင်ခဲ့ဖူးပါကအဆိုပါပါတီမှနှတ်ထွက်ကြောင်းစာပူးတွဲတင်ပြရမည်။ဓါတ်ပုံ 3 ပုံလည်ပါရှိရမည်ဖြစ်သည်။အသင်းရုံးသိုဆက်ရန်ဖုန်းနံပါတ်များမှာ-09784574676 နှင့် 09799565346 သို့ဆက်သွယ်နိုင်ကြောင်းသတင်းရရှိပါသည်။Myint Khang.MANM
Monday, October 23, 2017
Korea Products & Sourcing Fair 2017.ဖွင့်လှစ်ပွဲကျင်ပခြင်း။20.10.2017
ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ Myanmar Convention Center ၌ 20.102017 နေ့နံနက် 10း 30 နာရီတွင်ရန်ကုန်မြို့ Min Dhama Road ရှိ Myanmar Convention Center ၌ Korea Products & Sourcing Fair 2017 ကိုကျင်းပပြုလုပ်ရာ UMFCCI မှ ဒုဥက္ကဋ္ဌ Dr.Maung Maung Lay ။ Mizzia Media Group မှ Sales & Marketing Director ဖြစ်သူ Dr. Pyie Sone Lin ။ Funfac Company မှ Managing Director - ဂင်ဂျီအယ် ။ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှူလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ Joint Secretary General - U Myo Thant တို့က K- Products & Sourcing Fair 2017 ခုနှစ် Korea ကုန်စည်ပြပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။အထူးဖိတ်ကြားထားသောဧည့်တော်များကပြခန်းများအားလှည့်လည်ကြည့်ရှူအားပေးကြသည်။အဆိုပါဖွင့်ပွဲပြီနောက် Korea Organizer FUN / FAC နှင့်မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှူလက်မှူလုပ်ငန်းရှင်များအသင်းချုပ်( UMFCCI ) မှ U Myo Thant တို့သည် MOU စာချွန်လွှာကိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။ယင်းပြပွဲတွင် Korea နိုင်ငံရဲ့အလတ်စားလုပ်ငန်းများကိုမြန်မာနိုင်ငံဈေးကွက်စီပွားရေးထိုဖောက်မှူအတွက်လာရောက်ပြသခြင်းဖြစ်ကြောင်းသိရသည်။ယင်းပြပွဲကို 21.102017 မှ 24.10.2017 နေ့အထိ Myanmar Convention Center. Min Dhama road တွင်လေးကြာပြသသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...