ဥမမည် စာမမြောက် |
Friday, April 12, 2013
Monday, April 8, 2013
ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ China Mobile နှင့် Vodafone ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ့ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူထားမှုကို အခြားနိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်
မန်ယူအသင်းအား စပွန်ဆာပေးခဲ့ဖူးသည့် Vodafone ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြချက်အရ သိရသည်။
ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် တရုတ်နိုင်ငံမှ China Mobile လီမိတက်နှင့် ပူးပေါင်းကာ Vodafone Group မှ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်မည်ဖြစ်ပြီး ထိုသို့လုပ်ကိုင်ရန် အတွက်လည်း လျှောက်ထားပြီး ဖြစ်သည်ဟု သိရသည်။
မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်ထားပြီး Vodafone အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် Operators လုပ်ငန်းအတွက် လည်းကောင်း၊ ဆက်သွယ်ရေး ကွန်ရက်များ တည်ဆောက်သည့်လုပ်ငန်း အပါအ၀င် ဆက်သွယ်ရေး လုပ်ငန်းစုံတွင် မြှုပ်နှံလုပ်ကိုင်ရန် လျှောက်ထားခြင်း ဖြစ်သည်။
Vodafone သည် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ရန် အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ဂျော့ရှ်ဆိုးရော့ ပိုင်ဆိုင်သည့် Quantan Strategic Partners၊ ဂျမေကာနိုင်ငံမှ Digicel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ FMI ကုမ္ပဏီတို့ ဖက်စပ်တည်ထောင်ထားသည့် ကုမ္ပဏီဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နော်ဝေနိုင်ငံများမှ ဆက်သွယ်ရေး ကုမ္ပဏီများစွာဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုမှာ နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းပင် မရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲမှုနှုန်း မြင့်လာရန် လုပ်ဆောင်မည့် ဈေးကွက်အပေါ် သုံးသပ်ကာ နိုင်ငံတကာမှ ကုမ္ပဏီကြီးများ ၀င်ရောက်ယှဉ်ပြိုင် ကြခြင်းလည်း ဖြစ်သည်။
from >>>ELEVEN MEDIA GROUP
Sunday, April 7, 2013
စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေ
စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း တစ်ခုသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ဇန်န၀ါရီလအတွင်း သွားရောက်ခဲ့စဉ် |
စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။
"အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တို့ အစီရင်ခံစာမှာ ထည့်သွင်းသွားဖို့ ဆွေးနွေးနေကြတယ်၊ ဒါက တကယ့်ကို စိုးရိမ်စရာ အခြေအနေပါ" ဟု ရခိုင်မျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။
ထိုဘင်္ဂါလီများမှာ ဒေသအတွင်း ရှိနေသူများဖြစ်ကြပြီး ပဋိပက္ခအတွင်း မပါဝင်သူများလည်း ရောက်ရှိလာပြီး တူရကီနိုင်ငံက လုံးချင်းအိမ်ဆောက်လုပ်ပေးရန် လာရောက်ကမ်းလှမ်းပြီး နောက်ပိုင်း သိသိသာသာ တိုးလာကြောင်း ဦးအေးသာအောင်က ပြောပါသည်။ "ကျွန်တော် သိရသလောက်တော့ အရင်က ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ၇၅၀၀၀ လောက်ဘဲ ရှိတယ်၊ အခု တစ်သိန်းခွဲလောက် ဖြစ်နေပြီ အနယ်နယ် အရပ်ရပ်က ဘာမှဒုက္ခမရောက်ကြတဲ့ လူတွေလည်း ရောက်လာကြတယ်၊ ဘယ်လို ရောက်လာကြတယ် ဆိုတာတော့ အတိအကျ မသိဘူး။ တအားကို တိုးသွားတာ၊ လုံးချင်းအိမ်တော့ မဆောက်တော့ပါဘူး၊ ဒါပေမယ်လို့ ဒုက္ခသည် စခန်းတွေမှာ နေစရာ စားစရာကအစ ဘာမှမပူရဘူး၊ အဲဒီတော့ အလုပ်မလုပ်ချင်တဲ့ လူတွေက ဒုက္ခသည်စခန်းကို ရောက်လာကြတယ်" ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါသည်။
ဘင်္ဂလီများအား တူရကီမှ လုံးချင်းအိမ်များ ဆောက်လုပ်ပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ဒေသခံများက သဘောမတူသောကြောင့် မတ်လ ၇ ရက်နေ့က စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ စစ်တွေဘင်္ဂါလီ ဒုက္ခသည်စခန်း သုံးခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
credit to Eleven Media Group မူရင်း လင့်ကို ကြည့်ရှု.လိုလျှင်
ရွှေ ကိုကို မမ သတင်းထောက်များအတွက် သတင်းကောင်းပါ ။
၂၀၁၃ ၊ ၂၀၁၄ Intake အတွက် Form ပိတ်ရက်ကတော့ သိပ်မလိုတော့ပါဘူး ... ...မေလ ၃ ရက်နေ့အထိပါ။ စိဝင်စားစရာကောင်းရောလားဗျာ ... ဂျာမဏီနိုင်ငံ မှာ တက်ရမယ် ။ ၁၀ လ သင်တန်းဖြစ်တယ် ။ အားလုံး ကုန်ကျ စရိတ် ကတော့ ... စရိတ်ငြိမ်း ပါတဲ့ ခင်ဗျား ... စိတ်ပါဝင်စားသူ ရွှေမြန်မာ သတင်းထောက်များအတွက် သတင်းကောင်းတစ်ခု နဲ့ အခွင့်အရေး တစ်ခုပါ ခင်ဗျား ... ။
အသေးစိတ်အချက်အလက်များကို တော့ ... ကလစ် နှိပ်ပြီး ၀င်ကြည့်နိုင်ပါတယ်ခင်ဗျ။
SAMSUNG (BO AUNG KYAW) ဖွင့်ပွဲ
Saturday, April 6, 2013
ဦးသန့်အထိန်းအမှတ်ပြတိုက် အကြိုဖွင့်ပွဲ
ကုလသမဂ္ဂ
အဖွဲ့ကြီး၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အထိမ်းအမှတ်
ပြတိုက်ဖွင့်လှစ်ပွဲကို
ယနေ့ညနေ (၄း၃၀) အချိန်က ဖ.ဆ.ပ.လ အစိုးရ လက်ထက်တွင် အတွင်းဝန် အဖြစ်
တာဝန်
ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းရှိ
နေအိမ်အား ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ရန်အတွက် ပြန်လည် ပြင်ဆင်လျက်ရှိရာ ဧပြီလ
၆ရက်နေ့တွင်
အကြို ဖွင့်ပွဲအား ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
Subscribe to:
Posts (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...