Posts

Image
ဥမမည် စာမမြောက်

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ China Mobile နှင့် Vodafone ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ့ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူထားမှုကို အခြားနိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်

Image
မန်ယူအသင်းအား စပွန်ဆာပေးခဲ့ဖူးသည့် Vodafone ကုမ္ပဏီ အနေဖြင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်ရန် စီစဉ်ထားကြောင်း နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြချက်အရ သိရသည်။ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် တရုတ်နိုင်ငံမှ China Mobile လီမိတက်နှင့် ပူးပေါင်းကာ Vodafone Group မှ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင်မည်ဖြစ်ပြီး ထိုသို့လုပ်ကိုင်ရန် အတွက်လည်း လျှောက်ထားပြီး ဖြစ်သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ်ထားပြီး Vodafone အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် Operators လုပ်ငန်းအတွက် လည်းကောင်း၊ ဆက်သွယ်ရေး ကွန်ရက်များ တည်ဆောက်သည့်လုပ်ငန်း အပါအ၀င် ဆက်သွယ်ရေး လုပ်ငန်းစုံတွင် မြှုပ်နှံလုပ်ကိုင်ရန် လျှောက်ထားခြင်း ဖြစ်သည်။ Vodafone သည် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ရန် အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူ ဂျော့ရှ်ဆိုးရော့ ပိုင်ဆိုင်သည့် Quantan Strategic Partners၊ ဂျမေကာနိုင်ငံမှ Digicel ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ FMI ကုမ္ပဏီတို့...

စစ်တွေရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းများတွင် လူဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေ

Image
စစ်တွေမြို့ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း တစ်ခုသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ဇန်န၀ါရီလအတွင်း သွားရောက်ခဲ့စဉ် စစ်တွေမြို့နယ်တွင် ရှိနေသော ဘင်္ဂါလီ ဒုက္ခသည် စခန်းသုံးခုဖြစ်သည့် သက်ကယ်၊ သဲချောင်းနှင့် အခြားစခန်း တစ်ခုတွင် ဘင်္ဂါလီ ဒုက္ခသည်ဦးရေ အဆမတန် များပြားလာသောကြောင့် တာဝန်ရှိသူများနှင့် ဒေသခံများ စိုးရိမ်နေကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။ လက်ရှိ ဘင်္ဂါလီဒုက္ခသည် စခန်းရှိ လူဦးရေမှာ ယခင်ကထက် အဆမတန် များလာပြီး စစ်တွေမြို့ပေါ်နေ လူဦးရေထက် များပြားလာခြင်းဖြစ်ကြောင်း၊ ထို့သို့မြို့ပေါ်နေ လူဦးရေထက် များပြားနေခြင်းကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ပြီး နှစ်ဦးနှစ်ဖက် ထိခိုက်နစ်နာမှု များပြားမည်ကို တာဝန်ရှိသူများနှင့် ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်ကြောင်း ဦးအေးသာအောင်က ဆိုပါသည်။ "အခု ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ လူတော်တော်များလာတယ်၊ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာရင် ဖြေရှင်းရ ခက်သွားနိုင်တယ်၊ စစ်တွေမြို့ပေါ်နေ လူဦးရေက သိပ်မရှိဘူး၊ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ တဖြည်းဖြည်း တိုးလာနေတော့ အကုန်လုံးက စိုးရိမ်နေကြတယ်၊ ဒီအချက်ကို ကျွန်တော်တ...

ရွှေ ကိုကို မမ သတင်းထောက်များအတွက် သတင်းကောင်းပါ ။

Image
၂၀၁၃ ၊ ၂၀၁၄ Intake အတွက် Form ပိတ်ရက်ကတော့ သိပ်မလိုတော့ပါဘူး ...  ...မေလ ၃ ရက်နေ့အထိပါ။ စိဝင်စားစရာကောင်းရောလားဗျာ ...  ဂျာမဏီနိုင်ငံ မှာ တက်ရမယ် ။ ၁၀ လ သင်တန်းဖြစ်တယ် ။ အားလုံး ကုန်ကျ စရိတ် ကတော့ ... စရိတ်ငြိမ်း ပါတဲ့ ခင်ဗျား ... စိတ်ပါဝင်စားသူ ရွှေမြန်မာ သတင်းထောက်များအတွက် သတင်းကောင်းတစ်ခု နဲ့ အခွင့်အရေး တစ်ခုပါ ခင်ဗျား ... ။   အသေးစိတ်အချက်အလက်များကို တော့ ...                         ကလစ် နှိပ်ပြီး ၀င်ကြည့်နိုင်ပါတယ်ခင်ဗျ။

သင့်ရဲ့ အသားအရေ အတွက် စိတ်ချ ယုံကြည်ရမယ့် Skin Spa လေးတစ်ခုပါ။

Image
အမှတ်(၃၂) ခ အင်းယားမြိုင်လမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့ ...  မှာ ရှိပါတယ်ဗျိုး .... !!! ၀၁ ၅၃၅ ၀၉၇ ၀၁ ၅၀၁၂၉၅ www.califonia-skinspa.com

SAMSUNG (BO AUNG KYAW) ဖွင့်ပွဲ

Image
ယနေ့ ဗိုလ်အောင်ကျော်လမ်းတွင် အသစ်ဖွင့်လှစ်သော SAMSUNG , SHOW ROOM အား MR. NAM SIK AHM နှင့် မေဖူးအောင် တို့ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားအဖြစ် လာရောက် ကြည့်ရှု့အားပေးကြသော CUSTOMER များအား ၄၀လက်မ LED TV , 2DOOR ရေခဲသေတ္တာ ၊ အ၀တ်လျှော်စက် စသည့်ဖြင့် သိန်း (၆၀) ခန့်တန်ဖိုးရှိ ကံစမ်းမဲများအား ပြန်လည် ဖောက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဦးသန့်အထိန်းအမှတ်ပြတိုက် အကြိုဖွင့်ပွဲ

Image
  ဓာတ်ပုံ - ကောင်းသိင်္ခ ကုလသမဂ္ဂ အဖွဲ့ကြီး၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အထိမ်းအမှတ်  ပြတိုက်ဖွင့်လှစ်ပွဲကို ယနေ့ညနေ (၄း၃၀) အချိန်က ဖ.ဆ.ပ.လ အစိုးရ လက်ထက်တွင် အတွင်းဝန် အဖြစ်  တာဝန် ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းရှိ  နေအိမ်အား ဦးသန့်ပြတိုက်အဖြစ် ဖွင့်လှစ်ရန်အတွက် ပြန်လည် ပြင်ဆင်လျက်ရှိရာ ဧပြီလ ၆ရက်နေ့တွင်  အကြို ဖွင့်ပွဲအား ဦးသန့်၏သမီးဖြစ်သူ ဒေါ်အေးအေးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြင့်ဆွေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။