Sunday, December 30, 2012

2nd anniversary of Education Network (NLD)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ယက် ၂ နှစ်ပြည့် အထိန်းအမှတ် ဈေးရောင်းပွဲတော် ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက် ရံပုံငွေ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၂၇-၂၈ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်း၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြီးစီးခဲ့သည်။ အဆိုပါပွဲ တွင် နာမည်ကြီးတီးဝိုင်းများနှင့် နာမည်ကြီး အဆိုတော်များစွာ ပါဝင်ပြီး ပညာရေးအလှူအဖြစ် အားပါးတရ ဖျော်ဖြေသီဆိုသွားခဲ့ကြသည်။ 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၊ အနဂ္ဂ ၊ ရန်ရန်ချန်းတို့ ပါဝင်သော ACID - Hip-Hop အဖွဲ့ ၊ နာမည်ကြီး IC တီးဝိုင်းနှင့် ကိုလေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ HeavenBorn အဖွဲ့နှင့်အတူ NLD အရေးများတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အဆိုတော် သျှီ နှင့် အခြားအဆိုတော်များက ၄င်း ၊ ရွှေသံလွင်တီးဝိုင်း နှင့် အဆိုတော်များ ၊ မစ္ဇျိမလှိုင်း နှင့်အတူ ကိုနေ၀င်း ၊ အဆိုတော် ကိုထွဋ် စသည့်အဆိုတော်များက ၄င်း ၊ အခြား နာမည်ကြီးများဖြစ်သော နွဲ့ယဉ်ဝင်း ၊ လင်းလင်း၊ ချစ်သုဝေ ၊ ထွန်းအိန္ဒြာဗိုလ် စသည်ဖြင့် နာမည်ကျော် အဆိုတော်များမှ သီဆို ဖျော်ဖြေပေး သွားခဲ့ကြသည်။
 "  မြန်မာနိုင်ငံ၏ ပညာရေးမြင့်တက်လာဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း -သဘာဝသယံဇာတပေါများပြီး ဆင်းရဲနိမ့်ပါးနေတဲ့ မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲနိုင်ဖို့ တွင်ပညာရေးသည် အဓိကကျကြောင်း အဖွင့်မိန့်ခွန်းတွင်  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါသည်။  "
ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယကဦးတင်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း အစရှိတဲ့ပုဂ္ဂိုလ်များအပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

မှတ်ချက် ၊   ၊အစမ်း တင်ကြည့်ခြင်း ဖြစ်ပါသည် ။

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS