မြန်မာ ငွေလဲလှယ်ဈေး
Posts
Showing posts from December, 2012
2nd anniversary of Education Network (NLD)
- Get link
- X
- Other Apps
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပညာရေးကွန်ယက် ၂ နှစ်ပြည့် အထိန်းအမှတ် ဈေးရောင်းပွဲတော် ... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ယက် ရံပုံငွေ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၂၇-၂၈ ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်အတွင်း ၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြီးစီးခဲ့သည်။ အဆိုပါပွဲ တွင် နာမည်ကြီးတီးဝိုင်းများနှင့် နာမည်ကြီး အဆိုတော်များစွာ ပါဝင်ပြီး ပညာရေးအလှူအဖြစ် အားပါးတရ ဖျော်ဖြေသီဆိုသွားခဲ့ကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော်၊ အနဂ္ဂ ၊ ရန်ရန်ချန်းတို့ ပါဝင်သော ACID - Hip-Hop အဖွဲ့ ၊ နာမည်ကြီး IC တီးဝိုင်းနှင့် ကိုလေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ၀ိုင်ဝိုင်း ၊ HeavenBorn အဖွဲ့နှင့်အတူ NLD အရေးများတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော အဆိုတော် သျှီ နှင့် အခြားအဆိုတော်များက ၄င်း ၊ ရွှေသံလွင်တီးဝိုင်း နှင့် အဆိုတော်များ ၊ မစ္ဇျိမလှိုင်း နှင့်အတူ ကိုနေ၀င်း ၊ အဆိုတော် ကိုထွ ဋ် စသည့်အဆိုတော်များက ၄င်း ၊ အခြား နာမည်ကြီးများဖြစ်သော နွဲ့ယဉ်ဝင်း ၊ လင်းလင်း၊ ချစ်သုဝေ ၊ ထွန်းအိန္ဒြာဗိုလ် စသည်ဖြင့် နာမည်ကျော် အဆိုတေ...
Welcome ကြိုဆိုပါတယ် ခင်ဗျာ...။
- Get link
- X
- Other Apps
မင်္ဂလာပါ ခင်ဗျာ .... ကျွန်တော် စာရေးကြည့်ရင်ကောင်းမလား စဉ်းစားမိလာတာနဲ့ ယခု Blog ကို စတင် စမ်းသပ်ပြီး ကြိုးစား ရေးကြည့်ပါမည် ခင်ဗျာ ။ သူငယ်ချင်းများ အားလုံး ၀င်ရောက်လည်ပတ်ပြီး ဝေဘန် အကြံဥာဏ်များ ပေးသွားကြပါခင်ဗျ။ အားလျှင် အားသလို ကြိုးစားပြီး ရေးကြည့်သွားမည်ဖြစ်ပါကြောင်း မိတ်ဆက်လိုက်ပါသည်ခင်ဗျား။ ကျွန်တော် သွားရောက်ရယူခဲ့သော သတင်းများအားလည်း ယခု လိပ်စာမှနေ ၍ အတတ်နိုင်ဆုံး အမြန်ဆုံးတင်ဆက်ပေးသွားမည် ဖြစ်ပါကြောင်း မိတ်ဆက် သတင်းကောင်း ပါးလိုက်ရပါသည်ခင်ဗျား ...။