Posts
Showing posts from 2013
ဒေါ်​အေး​ရွှေ
https://www.youtube.com/watch?v=zSbY_Twu_eo&feature=youtube_gdata_player
မြန်​မာနိုင်​ငံ ဒီမိုက​ရေစီအ​ခြေခံ​သော ​ဒေသန္တရ​အဖွဲ့နှင့်​ ဥပ​ဒေများ​လေ့လာခြင်း
Image
စာ​ရေးသူ - ဦး​ကျော်​ ​အောင်​မြတ်​​ကျော်​ ညွှန်​ကြား​ရေးမှူးငြိမ်း မြန်​မာနိုင်​ငံ ၀န်​ထမ်း ​ရေးသား​သော မြန်​မာနိုင်​ငံ ဒီမိုက​ရေစီ အ​ခြေခံ​သော ​ဒေသန္တတရအဖွဲ့နှင့်​ ဥပ​ဒေများ​လေ့လာခြင်း စာအုပ်​ ထွက်​ရှိ 
ဘိုက​လေး
https://www.youtube.com/watch?v=yVLOV83oNgM&feature=youtube_gdata_player
27th SEA GAME ပြိုင်​ပွဲ အိမ်​ရှင်​အဖြစ်​ ကျင်း.ပခြင်းအား ပန်းချီ၊ပန်းပုဖြင့်​ ဂုဏ်​ပြုကြိုဆိုပွဲ
Image
MSEC နှင့်​ Daiwa Agenda တို့၏ နားလည်​မှု စာချွန်​လွှာ လက်​မှတ်​ ​ရေးထိုးပွဲ
Image
AGD BANK
(27) ကြီမ်မြောက်Sea Game ကိုပန်းချီပန်းပုပညာဖြင့်ကြိုဆိုဂုဏ်ပြုခြင်း
Image
(27)ကြိမ်မြောက် Sea Game ကို မြန်မာအိမ် ရှင် အဖြစ်လက်ခံကျင်းပခြင်းကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ဂုဏ်ဆောင် အားကစားသမားကြီးများ၏ ပုံတူကို ပတ်းချီ ရွှေမြင့်  နှင့်  ကျော်ကျော်မင်း(ပန်းပု) တို့က ပန်းချီ ရေးဆွဲ  ပန်းပု ထုလုပ်မည် ဖြစ်ပါ၍ ဖိတ်ကြားအပ်ပါသည် ဦးစန်းမြင့်      ရွှေ    (13)   အ လေးမ    3.12.2013 ဦးမောင်ဇော်  ရွှေ   (4)    တင်းနစ်       4.12.2013 ဒေါ်အေးရွှေ   ရွှေ   (4)   ပြေးခုန်ပစ်     5.12.2013 ဦးအောင် လှ  ရွှေ  (4)   ပြေးခုန်ပစ်     6.12.2013 ဦးစိုးသိန်း    ရွှေ    (3)   ဘော်လီဘော  7.12.2013 နေရာ   သုဝဏ္ဏအားကစားရုံ(1) ပထမထပ်တွင် ကျင်းပပါမည်
ဂီတရံပုံငွေပွဲ
Image
သတင်းကောင်းဗျို့
Image
ပုံတူ ပန်းချီ နှင့် ပန်းပု
Image
Miss. Ali Fowle  ရဲ့  ပုံတူ ပန်းချီဆွဲခြင်း နှင့် ပန်းပု ထုခြင်း များပြုလုပ်ခဲ့ကြပါတယ် ပန်းချီကို ပန်းချီ ရွှေမြင့် ပန်းချီစီုးပိုင်  ပန်းချီ သာဆန်း တို့ကပန်းဆွဲခဲ့ကြပါတယ်  ပန်းပုကို ကျော်ကျော်မင်း ကထုခဲ့ပါတယ် 3.11.2013 နေ  35လမ်း ပေါ်ပြူလာ အ ပေါ်ထပ်မှာပြုလုပ်ခဲ့ပါတယ်။ Please Click Here for Movie file Video 
မန်တုံ စစ်ဘေးသင့်တိုင်းရင်းသားခလေးငယ်များပညာရေးကျမ်းမားရေး အတွက် အခမဲ့ သီဆိုဖျော်ဖြေပွဲ
လားရှိုးမြို့ မန်တုံ  (22.11.2013 ) နေ့  ည(7) နာရီတွင် စစ်ဘေးသင့် တိုင်းရင်းသားလေးငယ်များ ပညာရေးကျမ်းမာရေး အတွက် အလှူခံ သီဆိုဖျော်ဖြေပွဲကျင်းပသွားပါမည် အဖြူရောင် နုလုံးသားတေးဂီတ အဖွဲနှင့် အတူလားရှိုး သိန်းအောင်  ချစ်ကောင်း  ဂျီလတ်  ကောင်းပြည့်   ထက်ထက်ရန်အောင်  အေးမင်းမင်းစံ  နှင့် အဆိုတော်များမှ သီဆိုဖျော်ဖြေ ကြပါမည်။
VCD မိတ်​ဆက်
Image
အဆို​တော်​ ချမ်းချမ်း ကိုယ်​တိုင်​ ​ပါဝင်​ သရုပ်​​ဆောင်​ သီဆိုထားပြီး နိုင်​ငံတကာအဆင့်​မီ Equipment များဖြင့် ပရိတ်​သတ်​များ အတွက်​ ထူးခြားသည့်​ရသများ  အသစ်​များ ​အစဉ်​ပေးစွမ်းနိုင်​​အောင်​ ကြိုးပမ်း ရိုက်​ကူးထုတ်​လုပ်​ ရိုက်​ကူးသွားမည့်​ ဒါရိုက်​တာ ဘုဏ်းသိုက်​၏ SaṃSāra Team နှင့်​ ရိုက်​ကူးထားသည့်​ ​တေး​ရေး ​မေသာ် ​၏ `ကိုယ်​သိထားရက်​´ VCD စတင်​ရိုက်​ကူး ​နေပြီဖြစ်​​ကြောင်း ချမ်းချမ်းရဲ့ သီချင်းများနဲ့ ချမ်းချမ်းကို ချစ်​တဲ့ ပရိတ်​သတ်​ကြီး အတွက်​ သတင်း​ကောင်း ပါးလိုက်​ပါတယ်​။ Photo Credit to AMM - Photography
မိတ္ထီလာမြို့မှ အကျင့်ပျက် ရာထူးကြီးဝန်ထမ်းတစ်ဦးကြောင့် အောက်ခြေ၀န်ထမ်းများ စိတ်ပျက် အားငယ်နေ
Image
နိုင်ငံတော်သမ္မတကြီး နှင့် တာဝန်ရှိ လူကြီးမင်းများ ခင်ဗျာ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူး စ(၀်)နေလင်းဆိုသူတွင် ကိုယ်ပိုင်အိမ်စီးကား (၂)စီးရှိပြီး ကားပျက်လျှင် အောက်ခြေ ရဲတပ်ဖွဲ့ ၀န်ထမ်းများမှ အကုန်ကျခံပြုပြင်ပေးရခြင်း၊ ဆီထည့်ပေးရခြင်းများအပြင် ၀င်ငွေအပိုရလမ်း မရှိပါသော ၀န်ထမ်းများ၏ လစာငွေထဲမှ ၄င်းနှင့် အိမ်သားများ စားသောက်ရန် အတွက် အိမ်စားရိတ်များ ကျခံပေးရကာ အသားငါးများ နေ့စဉ် အလှည့်ကျ ၀ယ်ချမ်းပေးရပါသည်။ ထို့ပြင် ယာဉ်မှု့အာမခံကိစ္စနှင့်ပတ်သက် ပြီး (၄) မြို့နယ်ရဲတပ်ဖွဲ့ဝင်တို့၏ လုပ်ပိုင်ခွင့်များအား အာဏာ ထိမ်းချုပ်ရယူခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးမှ ရဲတပ်ဖွဲ့ဝင်များအတွက် ချထားပေးသောတန်ဖိုးနည်း ဖုန်းဆင်းကဒ်(၃၀)အား  မျှဝေပေးခြင်းမရှိပဲ ၄င်းပိုင် ပစ္စည်းအဖြစ် သဘောထားကာ ၄င်း၏ ကိုယ်ကျိုး အတွက်သုံးစွဲကာ ရောင်းချခြင်း၊ လက်အောက်ငယ်သားရဲတပ်ဖွဲ့ဝင်များအား တပည့်သားမြေးကဲ့သို့ ဆက်ဆံရမည့်အစား ကျွန်နှင့်သခင်ကဲ့သို့ ခွဲခြားဆက်ဆံခြင်းများ ကို အောက်လက်ငယ်သား ရဲတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ ခံစားနေရပါသည်။ ခရိုင်ရဲတပ်ဖွဲ့မှူး အနေဖြင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်လည်း  ဆွေမျုးတော်စပ်...
NOBODY'S AMAZING PROMOTION COMING SOON...at OCTOBER (4th ~ 6th) ^..^ DON’T MISS IT…!
Image
AMAZING PROMOTION COMING SOON...at OCTOBER (4th ~ 6th) ^..^ DON’T MISS IT…!  ^..^ Nobody Customers များကို သတင်းကောင်းလေး တစ်ခုပေးချင်ပါတယ်…။ မကြာမီ ရက် အတွင်းမှာ သီတင်းကျွတ်အကြို အထူးအစီအစဉ်လေးတွေကို ပိုင်ဆိုင်ရတော့မှာပါ…။ ဒါကြောင့် Nobody Fans များနှင့် Nobody Jeans ချစ်သူများအားလုံး အတွက် သတင်းကောင်းလေးကို Share ပေးပါဦးနော်…။ Nobody Jeans ကိုနှစ်သက်စွာ ဝယ်ယူအားပေးကြတဲ့ Customers များအားလုံးအတွက် သီတင်းကျွတ်အကြို Big Promotion ပွဲကို Junction Square Marine Hall (Promotion Area) တွင် October 4th , 5th , 6th (3) ရက်တိတိ Men & Lady အားလုံးအတွက် Nobody Jeans Selected Items များကို Amazing Price 30% ~ 70% Discount တွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်လို့ လက်မလွှတ်တမ်း ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ရင်း သတင်းကောင်းလေး ကြိုတင်ပါးလိုက်ပါတယ်…။ Promotion Area : Junction Square Marine Hall Promotion Period : October 4th , 5th , 6th ဒါ့အပြင် Customers များအတွက် အထူးအစီအစဉ်တစ်ခုအဖြစ် NOBODY JEANS New Collection တွေရဲ့ Content Creation Street Art Street Wears Design ကို Graffiti Artist ကို...
နေရွှေသွေးအောင် ၊ Miss Universe Myanmar , မိုးစက်ဝိုင် တို့နဲ့ နာမည်ကြီးခဲ့တဲ (MYANMAR ) UNIVERSITIES CHAMPION LEAGUE ဖွင့်ပွဲ အခမ်းအနား
Image
STREET ART STREET WEARS ခေါင်းစဉ်ဖြင့် NOBODY the revolt jeans , အရောင်းမြင့်တင်ရေးပွဲတွင် ဖန်တီးခဲ့သည့် အာကာကျော်၏ လက်ရာ ...
Image
NOBODY JEANS ၏ Sales Promotion တွင် ၃၀ % မှ ၇၀% များအထိ ဈေးလျှော့ ကာ Junction Square တွင် ရောင်းချပေးသွားမည်ဖြစ်သည် ။ လူငယ် ပညာရှင်များ အား ဖော်ထုတ်ပေးလိုသော ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လူငယ် Graffiti ပညာရှင် အာကာကျော်ဖြင့် ဆက်သွယ်ကာ Street Art , Street Wears ဟူသော အမည်ဖြင့် ပွဲ တစ်ပွဲ စီစဉ်ဖြစ်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။ Watch Movie , Click Here
NOBODY JEANS Sales Promotion Event @ Junction Square , YGN ,Myanmar
Image
ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ အခွန်ထမ်း စာရင်းတွင် ပါဝင်၊ အာဆီယံ နိုင်ငံများအတွင်း ဂျီဒီပီတွင် အခွန်ရရှိမှု အချိုးအနိမ့်ဆုံး နိုင်ငံဖြစ်ပြီး ကြီးမားစွာ အခွန်ရှောင်နေ မှုများအပေါ် ဖော်ထုတ်အခွန်ဆောင်စေခြင်း မပြုနိုင်သေး
Image
ြ မန်မာနိုင်ငံတွင် ဆောက်လုပ်ရေး ကုမ္ပဏီကြီးပေါင်း ၁၀၀၀ ကျော်တွင် ၃၅ ခုသာ ထိပ်ဆုံးအခွန်ထမ်း ၅၀၀ စာရင်းတွင် ပါဝင်ပြီး အခွန်ပေးဆောင်ထိုက်သည့် နာမည်ကျော် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်းများမှာ အခွန်ထမ်းစာရင်းတွင် ပါဝင်လာမှု မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။ ဆောက်လုပ်ရေး ကဏ္ဍမှာ လက်ရှိမြန်မာနိုင်ငံ၏ မိုးထိုးနေသည့် မြေဈေးနှုန်းအရ များစွာအမြတ်အစွန်းကြီးသည့် လုပ်ငန်းတစ်ခုအဖြစ် ရှိနေသော်လည်း အခွန်ပေးဆောင်မှု မပြုသည့် နာမည်ကျော် ကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေး ကုမ္ပဏီများ အပေါ်၌မူ ယနေ့အထိ တိကျစွာ စိစစ်ဖော်ထုတ်ကာ လုပ်ငန်းရှုံးခြင်း မရှိဘဲ အခွန်ရှောင်ထားခြင်းများအပေါ် အခွန်ပြန်လည် ကောက်ခံခြင်း၊ ထုတ်ပြန်ပေးခြင်း မရှိသေးပေ။ လက်ရှိ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း၏ စာရင်းဇယားများအရ အသင်းဝင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်ရှိပြီး ကန်ထရိုက်တာ များကိုပါ ထည့်သွင်းတွက်ချက်ပါက ၁၆၀၀ အထိရှိကြောင်း သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တစ်ခုတည်း၌ အထပ်မြင့် အထပ်နိမ့်မျိုးစုံ တည်ဆောက်ခွင့်ရှိသည့် ကန်ထရိုက် လိုင်စင် ရယူထားသည့် အရေအတွက်မှာ ၅၀၀ ကျော်အထိ ...
သံတွဲမြို့ သတင်း
Image
သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု နှစ်ဖက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား၊ ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ ပြောင်းလဲ သတ်မှတ် သံတွဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် မီးလောင်မှု၊ နှစ်ဖက်တိုက်ခိုက်မှုများ ထပ် မံဖြစ်ပွားနေပြီး ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ သံတွဲမြို့ ဗောဓိကုန်း ရပ်ကွက်နှင့် သုံးမိုင်ခန့်ဝေးသော ရော်ဘာခြံရှိ ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်တွင် ရွှေလှေပေါက်တောရွာနေ သိန်းဇော်ဝင်း (ကမန်) နှင့် အလုပ်သမားဖြစ်သူ စိုးရန်နိုင်တို့ နှစ်ဦးမှာ ၎င်းတို့နေသည့် လယ်တဲအား မီးရှို့ထွက်ပြေးခဲ့ရာ သပြုချိုင် ရွာသားခြောက်ဦးနှင့် တွေ့ဆုံပြီး စိုးရန်နိုင်၏ခေါင်းတွင် ဂျင်ကလိဒဏ်ရာ ရရှိ၍ တိုက်နယ်ဆေးရုံသို့ပို့ရာ ဆေးရုံတွင် ကျန်းမာရေး ၀န်ထမ်းမရှိ၍ သံတွဲဆေးရုံသို့ ဆက်လက်ပို့ဆောင် ခဲ့ရကြောင်း သိရသည်။ သံတွဲမှ ၁၆ မိုင် ကွာဝေးသော ရွှေလှေသပြုချိုင်ရွာနှင့် ဆင်ခေါင်းရွာတို့မှ ရခိုင်နှင့် မွတ်စလင် လူမျိုးများ အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံ...
ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်မည်။
Image
Nang Khin Zay Yar by Sculptor Kyaw Kyaw Min & Artist Shwe Myint
Image
နန်းခင်ဇေယျာ ပုံတူ ပန်းချီ ပန်းပု ရေးဆွဲ ထုလုပ်ပွဲ
Image
မြန်မာ့ အလှမယ် နန်းခင်ဇေယျာ၏ ပုံတူ ပန်းချီ နှင့် ပန်းပု ရေးဆွဲထုလုပ်ပွဲအား ၉-၉-၂၀၁၃ ရက်နေ့Mary Chapman , School for Deaf , မေရီချပ်မင်းန်း နားမကြားကျောင်းတွင် ပန်းချီရွှေမြင့် နှင့် ကျော်ကျော်မင်း ပန်းပု တို့မှ လက်တွေ့ ရေးဆွဲကာ ထုလုပ်သွားခဲ့သည်။ ယခု ဒီကျောင်းက ကလေးများဟာ အကြားအာရုံ ချွတ်ယွင်းနေပေမဲ့ အမြင်အာရုံ နဲ့ အာရုံခံစားနိုင်မှုမှာ သာမန်လူလိုပါပဲ ။ အကြားအာရုံများ ချို့တဲ့ နေကြရပေမဲ့ ပန်းချီ ပန်းပု နဲ့ အနုပညာကိုတော့ ကောင်မွန်စွာခံစားနိုင်ကြပါတယ်။ ဒါကြောင့် ကလေးများကို ပန်းချီ ပန်းပု အနုပညာကို ပိုမို  စိတ်ဝင်စားလာကြစေရန် ပြည်သူချစ် အလှမယ် ညီမလေး နန်းခင်ဇေယျာကို အကူအညီတောင်းပြီး ယခုပွဲလေးကို စီ စဉ်ဖြစ်ခဲ့တာဖြစ်ပါတယ် ။ Kyaw Kyaw Min ပရိသတ်ကြီး မင်္ဂလာပါ…။ နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိတဲ့ မေရီချက်(ပ်)မင်း  နားမကြားသောကလေးများကျောင်းကို နောက်ထပ်တဖန်ထပ်မံရောက်ရှိခဲ့ပါတယ်။  ကလေးငယ်များနှင့်လည်းရင်းနှီးပြီးဖြစ်သောကြောင့် သူတို့ကလည်းဝမ်းမြောက်ဝမ်...
စက်တင်ဘာလ ၂၂ ရက်နေ့ နံပါတ်ပြား အနက် နှင့် ကားများ မသုံးရနေ့
Image
လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင် မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို မြန်မာနိုင်ငံမှာ ယခုအချိန်ထိ သတ်မှတ် ကျင်းပ သေးတာ မရှိသေးဘဲ တပ်မတော်မှာတော့ ကားမသုံးရနေ့ကို လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက သတ်မှတ်ပြီး လစဉ် တနင်္ဂနွေ နှစ်ရက်ကို သတ်မှတ် ထားရှိ ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်များ မပါဝင်ဘဲ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်များသာ ပါဝင်တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတွေရဲ့ ပြောပြချက် အရ သိပါတယ်။ အဆိုပါ စက်တင်ဘာလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို ကိုယ်ပိုင် မော်တော်ယာဉ် နံပါတ်အနက် ယာဉ်များ မသုံးရနေ့ဟု သတ်မှတ် ထားရှိရ တာဟာ ယာဉ်များ ပိုမိုများပြားလာခြင်း၊ေ...
Most Beautiful Girl in the World ... ခင်ဝင့်ဝါ မြန်မာပြည်သို့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်း တွင် ပြန်လည်ရောက်ရှိမည်။
Image
ဓာတ်ပုံအား Miss Supranational Myanmar facebook မှ ကူးယူပါသည်။ မြန်မာအလှမယ် ခင်ဝင့်ဝါသည်  Miss Supranational ပြိုင်ပွဲမှ ပေးအပ်သော Miss Internet ဆု အွန်လိုင်းမှမဲပေးပြီး ပေးအပ်သည့် ဘီလာရုစ် ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော Most Beautiful Girl in the World ဆု၊  Missosology မှ ချီးမြှင့်သော People Choice Award နှင့်   Face of Miss Supranational 2013 ဆုများဖြင့် စုစုပေါင်း ၄ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ နိုင်ငံတကာ ဆုများ တစ်ပွေ့တစ်ပိုက်နှင့် ပြန်လာသော ပြည်သူ့အချစ်တော် အလှမယ် ခင်ဝင့်ဝါသည်    စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ကြိုဆိုချင်ကြသူအပေါင်း အား လက်တို့ပြီးတော့  ပြောလိုက်ပါကြောင်း ... နှင့် ကမ္ဘာ့ တတိယအကြီးကျယ်ဆုံးသော Miss ပြိုင်ပွဲဖြစ်သော   MissာSupranational   ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ပြီး  Miss Internet , People Choice Award ,   Most Beautiful Girl in the World , Face of Miss Supranational 2013  စ စသည့် ဆုမျာ...
Image of U Win Tin by Sculptor Kyaw Kyaw Min & Artist Shwe Myint
Image
မြန်မာ့အလှမယ် နန်းခင်ဇေယျာ အား ပုံတူ ပန်းပု ပန်းချီ ထုလုပ် ရေးဆွဲကြမည်။
Image
 အ ပြည်သူ့အချစ်တော် မြန်မာ့ဂုဏ်ဆောင် ပအို့တိုင်းရင်းသူ အလှမယ် နန်းခင်ဇေယျာ၏ ပုံတူ အား ပန်းချီ ၊ ပန်းပု ရေးဆွဲထုလုပ်ကြမည် ဖြစ်ပါသောကြောင့် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ ။ " အကြားအာရုံ ချို့တဲ့ သောကလေးများ ပန်းချီ ၊ ပန်းပု ပညာရပ်များ စိတ်ပါ ၀င်စားလာကြစေရန် ယ ခုလို ပြည်သူ့အချစ်တော်ကို ရွေးချယ်ကာ ရေးဆွဲထုလုပ်ခြင်းအားဖြင့် ကလေးများ ပိုမို စိတ်ပါဝင်စားမယ်လို့ ယုံကြည်ပါတယ်။ " ကျော်ကျော်မင်း (ပန်းပု) ဖုန်း - ၀၉ ၇၃၀၆၄၈၃၂ www.sculptorkyawkyawmin.blogspot.com www.kyawkyawmin.com 
ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား
Image
ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါကို ၂၀၁၁ ခုနှစ် သြဂုတ်က ပြင်သစ်တောင်ပိုင်းဆိပ်ကမ်း တိုလွန်တွင် တွေ့ရစဉ် ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။ အမေရိကန်နှင့် မဟာမိတ်များ အရှိန်ယူနေ အမေရိကန်နှင့် မဟာမိတ်တို့သည် ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊ လေယာဉ်များ အသုံးပြုကာ ဆီးရီးယားပြင်ပ ရေပိုင်နက်နှင့် ဝေဟင်တို့မှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ဖွယ် ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ ဆီးရီးယားကို တိုက...