မြန်မာ့ အလှမယ် နန်းခင်ဇေယျာ၏ ပုံတူ ပန်းချီ နှင့် ပန်းပု ရေးဆွဲထုလုပ်ပွဲအား ၉-၉-၂၀၁၃ ရက်နေ့Mary Chapman , School for Deaf , မေရီချပ်မင်းန်း နားမကြားကျောင်းတွင် ပန်းချီရွှေမြင့် နှင့် ကျော်ကျော်မင်း ပန်းပု တို့မှ လက်တွေ့ ရေးဆွဲကာ ထုလုပ်သွားခဲ့သည်။
ယခု ဒီကျောင်းက ကလေးများဟာ အကြားအာရုံ ချွတ်ယွင်းနေပေမဲ့ အမြင်အာရုံ နဲ့ အာရုံခံစားနိုင်မှုမှာ သာမန်လူလိုပါပဲ ။ အကြားအာရုံများ ချို့တဲ့ နေကြရပေမဲ့ ပန်းချီ ပန်းပု နဲ့ အနုပညာကိုတော့ ကောင်မွန်စွာခံစားနိုင်ကြပါတယ်။ ဒါကြောင့် ကလေးများကို ပန်းချီ ပန်းပု အနုပညာကို ပိုမို စိတ်ဝင်စားလာကြစေရန် ပြည်သူချစ် အလှမယ် ညီမလေး နန်းခင်ဇေယျာကို အကူအညီတောင်းပြီး ယခုပွဲလေးကို စီ စဉ်ဖြစ်ခဲ့တာဖြစ်ပါတယ် ။
Kyaw Kyaw Min
ပရိသတ်ကြီး မင်္ဂလာပါ…။
နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိတဲ့ မေရီချက်(ပ်)မင်း
နန်းခင် (၉.၉.၂၀၁၃) နေ့ မနက် မှာ ရန်ကုန်မြို့ သံတမန်လမ်းမှာရှိတဲ့ မေရီချက်(ပ်)မင်း
နားမကြားသောကလေးများကျောင်းကို နောက်ထပ်တဖန်ထပ်မံရောက်ရှိခဲ့ပါတယ်။
ကလေးငယ်များနှင့်လည်းရင်းနှီးပြီးဖြစ်သောကြောင့် သူတို့ကလည်းဝမ်းမြောက်ဝမ်းသာ
ကြိုဆိုကြပြီးပျော်ရွှင်နေကြပါတယ်။
မေရီချက်(ပ်)မင်းကျောင်းမှာ နန်းခင်ဇေယျာ၏ပုံတူအား ပန်းချီပညာရှင်ဦးရွှေမြင့် နှင့် ပန်းချီပညာရှင်များ၊
မေရီချက်(ပ်)မင်းကျောင်းမှာ နန်းခင်ဇေယျာ၏ပုံတူအား ပန်းချီပညာရှင်ဦးရွှေမြင့် နှင့် ပန်းချီပညာရှင်များ၊
ပန်းပုပညာရှင် ဦးကျော်ကျော်မင်း တို့မှ ကျောင်းသားကျောင်းသူများကို
လက်တွေ့သရုပ်ပြရေးဆွဲထုလုပ်တဲ့ အခမ်းအနားအစီအစဉ်သို့သွားရောက်ပြီး နံနက် ၁၀ နာရီမှ ညနေ ၃
နာရီအထိ သရုပ်ပြကူညီခဲ့ပါတယ်။
အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သော ဤကျောင်းမှ ကလေးငယ်လေးများသည်
အနာဂတ်ရဲ့ကြယ်ပွင့်လေးများဖြစ်သော ဤကျောင်းမှ ကလေးငယ်လေးများသည်
အကြားအာရုံချို့တဲ့ကြသော်လည်း အမြင်အာရုံစူးရှပြီး မှတ်ဥာဏ်စွမ်းအားကောင်းကြပါတယ်။
တီထွင်ကြံဆဥာဏ်များလည်းကောင်းကြပါတယ်။
ကျောင်းသားကျောင်းသူကလေးငယ်များ မြန်မာ့လက်မှုအနုပညာရပ်များထဲမှ
ကျောင်းသားကျောင်းသူကလေးငယ်များ မြန်မာ့လက်မှုအနုပညာရပ်များထဲမှ
ပန်းချီနှင့်ပန်းပုပညာရပ်များကို စိတ်ပါဝင်စားလာပြီး သင်ယူတတ်မြောက်လိုစိတ်များဖြစ်ပေါ်လာစေရန်၊
ြ
မန်မာ့လက်မှုအနုပညာများကို တန်ဖိုးထားပြီး အမွေဆက်ခံ
ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်ရည်ရွယ်ပြီး ပန်းပုပညာရှင် ဦးကျော်ကျော်မင်းမှ
ဒီအစီအစဉ်လေးကိုစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
ပန်းချီပန်းပုပညာရှင် ဆရာများမှ နန်းခင်ရဲ့ ပုံတူ ရေးဆွဲထုလုပ်နေစဉ်မှာ နန်းခင်
ပူးပေါင်းကူညီသရုပ်ပြပေးခဲ့ပါတယ်။ ဆရာတို့မှ ကျောင်းသားကျောင်းသူလေးများကိုလည်း
သင်ကြားပြသပေးခဲ့ကြပါတယ်။ စိတ်ပါဝင်စားကြတဲ့ ကျောင်းသားကျောင်းသူလေးများကလည်း
နန်းခင်ပုံတူ ပန်းချီကားချပ်လေးများကိုရေးဆွဲပြီး နန်းခင်ကို လက်ဆောင်ပေးခဲ့ကြပါတယ်။
ဒီအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ပေးခဲ့ကြသော ပန်းပုပညာရှင် ဦးကျော်ကျော်မင်း၊
ပန်းချီပညာရှင်ဦးရွှေမြင့် နှင့်ပန်းချီပညာရှင်များ၊ မေရီချက်(ပ်)မင်းနားမကြားသောကလေးများ
ကျောင်းမှ ဆရာ ဆရာမများ ၊ ကျောင်းသားကျောင်းသူမောင်ညီမလေးများ၊ ဒီအစီအစဉ်လေးမှာ
ဓာတ်ပုံမှတ်တမ်းတင်ပေးခဲ့ပါသော ကိုအောင်မျိုးမြင့် AMM Photography နှင့် ကိုထွန်းထွန်းဦး
(Focus)တို့နှင့်ကူညီဆောင်ရွက်ခဲ့ကြသော ကျေးဇူးတင်ထိုက်သူအားလုံးတို့အား
ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်ယခုလိုပါဝင်ဆောင်ရွက်ခဲ့ရတဲ့အတွက်လည်းအထူးပင်ဝမ်းမြောက်ဝမ်းသာ
ဖြစ်ရပါကြောင်း နန်းခင်ရဲ့ Facebook စာမျက်နှာမှနေ၍ ပြောကြားပါရစေရှင်…။
နန်းခင်နှင့်အတူ နန်းခင်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဝမ်းမြောက်ပီတိဖြစ်စေရန် ရည်သန်၍ …….
“နန်းခင် နှမရဲ့ ရုပ်သွင်ကို
မြန်မာ့လက်မှု ပန်းချီပန်းပုပညာဖြင့်
မှုန်းခြယ်ထွင်းထုကာအသက်သွင်း
ပညာရှင်များ ဖန်ဆင်းလို့
အနုလက်ရာမြောက်ပါတဲ့
နန်းခင်ရဲ့ ပုံတူများ ……”
နန်းခင်ဇေယျာ
No comments:
Post a Comment