ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား
ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါကို ၂၀၁၁ ခုနှစ် သြဂုတ်က ပြင်သစ်တောင်ပိုင်းဆိပ်ကမ်း တိုလွန်တွင် တွေ့ရစဉ် ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်းတာဝန်ရှိသူများက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။ အမေရိကန်နှင့် မဟာမိတ်များ အရှိန်ယူနေ အမေရိကန်နှင့် မဟာမိတ်တို့သည် ရေငုပ်သင်္ဘောများ၊ စစ်သင်္ဘောများ၊ လေယာဉ်များ အသုံးပြုကာ ဆီးရီးယားပြင်ပ ရေပိုင်နက်နှင့် ဝေဟင်တို့မှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်ဖွယ် ရှိသည်ဟု လေ့လာသူများက သုံးသပ်ထားသည်။ ဆီးရီးယားကို တိုက...