Friday, August 23, 2013

ကုလကိုယ်စားလှယ် ကွင်တားနား၏ မဟုတ်မမှန် ပြောကြားချက်နှင့် မြို့ခံများ၏ အသံများ


တစ်ဘက်သတ် အယူတိမ်းကာ လွဲမှားသော ၊ တစ်ဘက်စောင်းနင်း အစီရင်ခံစာများကြောင့် ကုလအထူးကိုယ်စားလှယ်အား  မြန်မာပြည်သူလူထုက အယုံအကြည် မရှိတော့ပေ။ ယင်းအတွက်ကြောင့် မိတ္ထီလာ မြို့ခံများမှ မိမိတို့၏ ဆန္ဒအလျှောက် ဆန္ဒထုတ်ဖေါ်ကြခြင်းဖြစ်ကြောင်း ၊ ယခုဆန္ဒဖေါ်ထုတ်မှုအား တရားဝင် စာတင်ကာ ခွင့်ပြုမိန့် တောင်းခံပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းသာ ဖြစ်ကြောင်း ၊လေဆိပ်၌ ၄င်းပြောကြားခဲ့သလို မည်သည့် အကြမ်းဖက်မှု ပုံစံမျိုးမျှ မပြုလုပ်ကြကြောင်း  ၊ မိမိတို့ဆန္ဒအား ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦး အမှန်တကယ် လက်တွေ့ မြင်တွေ့သွားကာ ပြည်သူလူထု၏ သဘောထားအမှန်ကို သိစေလိုသော ရည်ရွယ်ရင်းသာဖြစ်ကြောင်း မြို့ခံတစ်ဦးမှ MA&NM အား ပြောကြားသွားခဲ့သည်။
ကုလ ယဉ်တန်းလာစဉ် လမ်းရှင်းပေးနေသော ယဉ်ထိန်းရဲများ - Photo from U Ye' Htut's FB
''မိတ္ထီလာ တံတားထိပ်ကို ရောက်လာတဲ့ အချိန်မှာ ကင်တားနားကို ကန့်ကွက် ဆန္ဒပြနေတဲ့လူ ၁၅၀ ကျော်လောက် ရှိပါတယ်၊ ပထမဆုံး ဖြတ်လာတဲ့ကားမှာ မစ္စတာ ကင်တားနား ပါလာတယ် ထင်ကြတယ်။ နောက် မစ္စတာကင်းတားနားကား ဖြတ်သွားတဲ့ အချိန် မှာ ဆန္ဒပြနေတဲ့ လူအုပ်က သူတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကို မြင်စေချင်လို့ ရှေ့တိုးလာတယ်။ ဒါပေမဲ့ ယာဉ်ထိန်းရဲနဲ့ မြို့ခံတွေက လမ်းရှင်းပေးလိုက်တယ်။ တံတားထိပ်မှာ သုံးမိနစ်တောင် မကြာပါဘူး။ လူအုပ်က ဆန္ဒပြတဲ့ ဆိုင်းဘုတ်ကို မြင်စေချင်တာရယ်၊ ကန့်ကွက်တဲ့ အသံကို ကြားစေချင်တာရယ်ပဲ ရှိပါတယ်။ အန္တရာယ် တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။ ကားတန်းက တစ်မိနစ်လောက် တုံ့ဆိုင်းသွားပြီး ဆက်လက် ထွက်ခွာသွားပါတယ်။ နောက်ပိုင်း ဆက်သွယ်ရေးရိပ်သာကို မြို့ခံသုံးယောက် လိုက်သွားပြီး အိတ်ဖွင့် ပေးစာတစ်စောင် ပေးခဲ့ပါတယ်။ အဆင့်ဆင့် သတင်းပို့ပြိးတော့ ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ ပေးလိုက်ပါမယ်ဆိုလို့ စာကို သူတို့လက်ထဲ အပ်ခဲ့ပါတယ်။ 
သူ့ကိုပေးတဲ့ ကန့်ကွက်စာထဲမှာ ကုလသမဂ္ဂကို တင်သွင်းတဲ့ သူရဲ့အစီရင် ခံစာတွေကို သဘောမတူကြောင်းနဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုက သံဃာတော် တစ်ပါးကို အစ္စလာမ် ဘာသာဝင်တွေက သတ်ဖြတ်လိုက်လို့ စတင်ခဲ့ရခြင်း ဖြစ်တယ်။ နောက်မင်္ဂလာဇေယုံထဲက အစ္စလာမ် ဘာသာဝင်တွေက တစ်ညလုံး အော်ဟစ်ကြိမ်းမောင်းပြီး ရန်စခဲ့တဲ့အတွက် အခြေအနေက ပိုဆိုးသွားတယ် ဆိုတဲ့ အကြောင်းတွေ ပါပါတယ်'' ဟု ကိုယ်တွေ့ကြုံခဲ့သူ မိတ္ထီ လာမြို့ခံ ဒေါ်မေသက်ဦးက ပြောကြားသည်။ - ဟု ELEVEN MEDIA ၌လည်း ဖေါ်ပြထားသည်။
လုံခြုံရေး ၀န်ထမ်းများ Photo U Ye' Htut's FB
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေသော ပြည်သူများ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် သြဂုတ် ၂၁ ရက် ညပိုင်းက မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိတ္ထီလာ၌ မိမိစီးနင်းလာသော မော်တော်ကားအား လူ ၂၀၀ ခန့်က ထုရိုက်ခြင်း၊ တံခါးနှင့် ပြတင်းပေါက်များကို ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အနားတွင်ရှိသော ရဲတပ်ဖွဲ့၏ အကာအကွယ် လုံးဝမရှိသည့် အခြေအနေတွင် ခံစားရသော အကြောက်တရားသည် ပြီးခဲ့သော မိတ္ထီလာ အကြမ်းဖက်မှု၌ ဒေါသထွက်နေသော လူအုပ်က လူ ၄၃ ဦးကို ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ် ခဲ့သည်ကို ရဲတပ်ဖွဲ့က ရပ်ကြည့်နေသည် ဆိုသော စွပ်စွဲမှုကို သွားမြင်မိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြသွားခဲ့သည်။ ယင်း ဖေါ်ပြမှုသည် တစ်ဘက်စောင်းနင်း နိုင်လွန်းပြီး ကုလကိုယ်စားလှယ်တစ်ဦး၏ ဝေဘန်ချက်အား အံအားသင့်မိရပါသည်။
မိမိတို့၏ ဆန္ဒအမှန်မှာ ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားခဲ့သော ကိစ္စများအား တိတိကျကျ သေသေချာချာ အကြောင်းရင်းမှန်အား လေ့လာကာ ဖေါ်ထုတ်ပေးစေလိုကြောင်း ၊ တစ်ဘက်သတ်အမြင်များ  ဖြင့် မှန်းဆကာ ပဋိပက္ခဖြစ်ပွားခဲ့မှုအား ပုံမဖေါ်စေလိုကြောင်း ၊ မြို့သူမြို့သားအားလုံးနှင့် နှစ်ဘက်အသိုင်းအ၀န်း (မြန်မာ ၊ မုစ်လင်မ်) မြို့ခံများ အနေဖြင့်လည်း မိမိတို့မြို့ အေးချမ်းသာယာခြင်းအား အမှန်တကယ်လိုလားကြကြောင်း ၊ ယခုကဲ့သို့ မစ္စတာ ကွင်တားနား၏ တစ်ဘက်သတ် စွပ်စွဲချက်အပေါ်တွင် မိမိတို့ ပြစ်တင်ရှုံချ ကြကြောင်း နှင့် ၄င်း၏ တစ်ဘက်သတ် မဆင်မခြင် ပြောဆိုမှုများ အား အံသြမိကြောင်းနှင့် ယခုကဲ့သို့ အခြေအမြစ်မရှိ ပြောကြားခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂကြီး၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပြီး ၊  ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ်တစ်ဦးဖြစ်သော ၄င်းအားလည်း ပိုလို့ပင် အယုံအကြည် မရှိတော့ကြောင်း ၊ မည်သူပင်ဖြစ်စေကာမူ ပဋိပက္ခဖြစ်ပွားခဲ့ရခြင်းအား မှန်မှန်ကန်ကန် အဖြေရှာ အစီရင်ခံစာရေးသားမှုကို လိုလား ကြို ဆိုကြကြောင်း မိတ္ထီလာမြို့ခံတစ်ဦးမှ ၄င်း ၏ဆန္ဒအား ဖေါ်ထုတ်ပြောကြားသွားခဲ့သည်။

OTA (Myanmar Arts & News Media) ရေးသားပေးပို့သည်။

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS