ရန်ုကုန်မြို့ဦးဝီစာရလမ်းရှိတပ်မတော်ခန်းမတွင်မဲခေါင်ဒေသတွင်းနိုင်ငံများဆိုင်ရာတိုင်းရင်းဆေးနှင့်ဆက်စပ်ပစ္စည်းများပြပွဲကို 21,11.2017 နေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း။တိုင်းရင်းဆေးပညာဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ဒေါ်ရီရီမြင့်နှင့်မဲခေါင်နိုင်ငံများမှကိုယ်တို့ကတိုင်းရင်းဆေးပြပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာဝန်ကြီးနှင့်တာဝန်ရှိသူများကခင်းကျင်းပြသထားသောပြခန်းများအားလှည့်လည်ကြည့်ရှူအားပေးကြသည်။အဆိုပါပြပွဲတွင်ပြည်တွင်းကတို့င်းရင်းဆေးဝါးထုတ်လုပ်တဲ့ပြခန်းတွေအပြင်မဲခေါင်နိုင်ငံတွေဖြစ်တဲ့တရုတ်။ကမ္ဘောဒီးယာ။လာအို။ထိုင်း။ဗီယက်နမ်နှင့်မြန်မာနိုင်ငံတို့မှနာမည်ကျော်တိုင်းရင်းဆေးပြခန်းတွေပါဝင်ပြသထားကြောင်းသိရသည်။အဆိုပါပြပွဲတွင်မြန်မာနိုင်ငံ၏အောင်မြင်ကျော်ကြားလူကြိက်များလျှက်ရှိသည့်" ရုပ်ပျို "တိုင်းရင်းဆေးပြခန်းလည်ခန်းနားထည်ဝါစွာဖြင့်ပါဝင်ပြသလျှက်ရှိကြောင်းသိရသည်။ရုပ်ပျိုတိုင်းဖန့်ဖြူးသောဆေးဝါးများ၏အရည်အသွေးနှင့်အကျိုးအာနိသငါတို့ကိုအများပြည်သူတို့သိရှိမြင်တွေ့လေ့လာနိုင်စေရန်ရည်ရွယ်ချက်ဖြင့်ပါဝင်ပြသခြင်းဖြစ်ပြီ...