Monday, November 20, 2017

ဒဂုံတောင် 142 ရပ်ကွက်ရှိအုန်းဆီစက်ရုံမီးလောင်မှူဖြစ်ပွားခြင်း။

ရန်ကုန်တိုင်းဒေသကြီး-ဒဂုံမြို့သစ်တောင်ပိုင်း 142 ရပ်ကွက်တိုးချဲ့စက်မှူဇုန်စိမ်းလဲ့ကန်သာလမ်းမြေက်ကွက်အမှတ် 55 ရှိ ပိုင်ရှင်ဖြစ်သူ ဦးရဲထွဋ်ထိုက်၏အုန်းဆီစက်ရုံတွင် 18.11.2017 နံနက် 3း  35 နာရီအချိန်တွင်မီးစတင်လောင်ကျွမ်းမှူဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။မီးလောင်ရာနေရာသို့မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနညွန်ကြားရေးမှူးချုပ် ဦးတင်မိုး။အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး။မြို့နယ်အုပ်ချုပ်ရေးမှူး။မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့်မဲဆန္ဒနယ်အမှတ်(2)လွှတ်တော်တို့မှအနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီးမီးသတ်ယာဉ် 42 စီး။ကွပ်ကဲမှူယာဉ် 8 စီး။အထောက်အကူပြယာဉ် 7 စီး။မိတ်ဖက်အကူယာဉ် 1 စီးတို့ဖြင့်မီးငြိမ်းသတ်ခဲ့ရာနံနက် 5 နာရီတွင်မီးညွန့်ကျိုးခဲ့ပြီးနံနက် 9 နာရီမိနစ် 40 တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။မီးငြိမ်းသတ်နေစဉ်ဒဂုံမြို့သစ်( မြောက်ပိုင်း )မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်တဦးတို့မီးခိုးမွှန်၍အရေးပေါ်ဆေးကုသမှူပေးခဲ့ရသည်။မီးလောင်ကျွမ်းမှူကြောင့်အုန်းဆီကြိတ်စက် 6 လုံး။အုန်းဆီထုတ်လုပ်မည့်ကုန်ကြမ်းအုန်းသီးအလုံး 12000 ။အုန်းဆီနှစ်ပိဿာဝင်ပုံး 500 ။အုန်းဆီပီပါအလုံး 40 ။ နှစ်ထပ်အဆောက်အအုံ တလုံးနှင့်ဂိုဒေါင်တလုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်းသတင်းရရှိသည်။Myint Khaing.MANM.3329

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS