ဧရာဝတီဘဏ်နှင့် Myanmar Imperial College တို့ပညာရေးချေးငွေအစီအစဉ်အတွက်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားကို4.11.2016 ယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့ရှိဧရာဝတီဘဏ်ရုံးချုပ်၌ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါအစီအစဉ်ကိုပြည်တွင်းပြည်ပရှိဘွဲ့နှင့်ဘွဲ့လွန်သင်တန်းများတွင်ပညာသင်ကြားလိုသူများအတွက်လုပ်ဆောင်ပေးခြင်ဖြစ်ပြီးလစဉ်ပုံမှန်အရစ်ကျပေးချေစနစ်ဖြင့်မိမိသင်ကြားလိုသည့်ဘာသာရပ်များကိုတက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။ဧရာဝတီဘဏ်၏ Education Loan ကိုရယူမည်ဆိုပါကသင်တန်းကြေး၏ 80 ရာခိုင်နှူန်းအထိချေးယူပြီအတိုးနှူန်းမှာတစ်နှစ်လျှင် 13 ရာခိုင်နှုန်းဖြင့်ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာအချိန်ကာလအများဆုံး 5 နှစ်ရရှိမည်ဖြစ်ကြောင်းသိရသည်။ယခုလို AYA Education Loan ၏ငွေချေပေးတဲ့အစီအစဉ်ကြောင့်အဆင့်မြှင့်ပညာရပ်များကိုဆက်လက်သင်ကြားလိုတဲ့ကျောင်းသား/ကျောင်းသူတွေအနေနဲ့အရည်အသွေးပြည့်မီတဲ့နိုင်ငံတကာအဆင့်မြင့်ပညာရပ်တွေကိုသင်ယူဖို့အခွင့်အလမ်းကောင်းတွေကိုပိုမိုရရှိလာနိုင်မှာဖြစ်ပြီဧရာဝတီဘဏ်နဲ့သဘောတူလက်မှတ်ရေးထိုးထားတဲ့ Strategy Firs Institiute( STI )နဲ့ Myanmar Imperial College(MIC )ဆိုတာကနိုင်ငံတကာအသိအမှတ်ပြုဘွဲ့နဲ့ဘွဲ့လွန်သင်တန်းတွေကိုသင်းကြားပေးနေတဲ့ကျောင်းတွေဖြစ်ကြောင်းနှင့်ဆက်လက်ပြီတော့လည်းနောက်ထပ်ကျောင်းနှစ်ခုဖြင့်သဘောတူလက်မှတ်ရေးထိုးသွားမည့်အစီအစဉ်ရှကြောင်းဧရာဝတီဘဏ်မှ Retail Banking Director တဦးဖြစ်သူဦးသူရမောင်ကပြောကြားပါသည်။ AYA Education Loan အစီအစဉ်ကိုလျှောက်ထားမည်ဆိုပါကအသက် 18 နှစ်နှင့်အထက်ကိုယ်ပိုင်ဝင်ငွေရှိသူများနှင့်အသက် 18 နှစ်အောက်(သို့မဟုတ် )ဝင်ငွေသတ်မှတ်ချက်မပြည့်မှီပါကမိသားစုဝင်ငွေတဦး၏ဝင်ငွေနှင့်အတူပူးတွဲလျှောက်ထားနိုင်ကြောင်းသိရသည်။အဆိုပါချေးငွေလျှောက်ထားမှူအတွက်အချိန်လေးရက်တာကြာမြင့်ဖြစ်ပြီးချေးငွေအတည်ပြုချက်ရရှိပါကပညာသင်ကြားစရိတ်ကနဦးပေးသွင်းငွေ 20% ပေးချေ၍သက်ဆိုင်ရာဘာသာရပ်များကိုတက်ရောက်သင်ကြားနိုင်မည်ဖြစ်သည်။ဧရာဝတီဘဏ်အနေဖြင့် STI ။ MIC တို့ဖြင့်သဘောတူလက်မှတ်ရေးထိုးထားပြီဆက်လက်၍သဘောတူလက်မှတ်ရေးထိုးရန်ကျောင်းနှစ်ကျောင်းကျန်ရှိနေပြီး၎င်းကျောင်းများနှင့်လက်မှတ်ရေးထိုးပြီပါကအဆိုပါကျောင်များ၌ပညာဆက်လက်သင်ကြားလိုသောကျောင်းသားကျောင်းသူများအနေဖြင့် AYA Education Loan ကိုအချက်အလက်ပြည့်စုံစွာဖြင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။Myint Khaing.MANM.3329
Subscribe to:
Post Comments (Atom)
နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?
Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...
VISITORS
-
ဖက်ရှင်ရေစီးမှာ အရောင်တွေကို ဖက်ရှင်အနေနဲ့ရော ကိုယ့်အတွက် ကံကောင်းစေမယ့် အရောင်တွေကို စနစ်တကျ လှပပြီး မြင်သူငေး ဆွဲဆောင်နိုင်သူဖြစ်ဖို့ နှစ်...
No comments:
Post a Comment